Jobs In Myanmar
Load...

သင်ဝင်ရောက်ရမယ့် လုပ်ငန်းခွင်အသစ်မှာအောင်မြင်မှုရရှိစေရန်လုပ်ဆောင်ရမလဲ (အပိုင်း - ၃)

by www.jobsinyangon.com


ချိတ်ဆွဲရန်စာတန်း: Knowledge-Career-Success-NewJob-JobsinYangon



သင်ဝင်ရောက်ရမယ့် လုပ်ငန်းခွင်အသစ်မှာအောင်မြင်မှုရရှိစေရန်လုပ်ဆောင်ရမလဲ? (အပိုင်း - ၃) 
 
 
နည်းလမ်း ၃။ ။ ခိုင်မာတဲ့ ဆက်သွယ်ပြောဆိုမှုရှိစေရန်တည်ဆောက်ခြင်း 
 
၁။ သင့်ရဲ့လူမှုရေးနယ်ပယ် (network) တစ်ခုကိုတိုးချဲ့သည့်အခါတွင် သင့်ရဲ့လုပ်ဖော်ကိုင်ဖက်များလဲပါဝင်ပါစေ။ သင်နဲ့ပြောဆိုဆက်ဆံမှု ပြုလုပ်ရသူများဟာ သင့်ရဲ့အထက်လူကြီးများသာဖြစ်မနေစေဖို့ဂရုစိုက်ဆောင်ရွက်ပါ။ ထိုအစား ကုမ္ပဏီရဲ့ ကောင်းကျိုးအပေါ်အမြင်ရှိတဲ့သူများအားလုံးနဲ့ပေါင်းသင်းဆက်ဆံမှုပြုလုပ်ပေးရပါမယ်။ 
 
သတင်းအချက်အလက်များနဲ့ အကြံပြုချက်များကို company listserves များကဲ့သို့ ပုံမှန် communication channel များထက် ပိုမိုပြီးပေးနိုင်တဲ့ သူတို့နဲ့ အဆက်အသွယ်များရှိနေပါစေ။ 
 
တစ်ခါတစ်ရံတွင် Job title (အလုပ်ရာထူးအမည်) တစ်ခုဟာ သင့်ရဲ့လုပ်ဖော်ကိုင်ဖက်မှာရှိနေတဲ့ အရေးပါအရာ ရောက်မှုကိုကိုယ်စားပြုမနေတတ်ပါဘူး။ လူတစ်ယောက်ခြင်းစီကိုပိုမိုသိရှိနားလည်စေရန်အတွက် သူတို့နဲ့ပိုမိုပြီး ထဲထဲဝင်ဝင်ပေါင်းကြည့်သင့်ပါတယ်၊ 
 
၂။ လိုအပ်တဲ့သူများကို အကူအညီများပေးပါ။ အကယ်၍ တစ်ချို့သောသူများကို သင့်ရဲ့ အကူအညီပေးမှု (သို့) အကြံပေးမှုတစ်ခုက အကျိုးဖြစ်ထွန်းစေမယ်ဆိုပါက သူတို့ကိုကူညီပေးခြင်းအားဖြင့် လေးစားမှုနဲ့ ယုံကြည်အား ကိုးမှုတို့ကိုရယူနိုင်ပါတယ်။ သင့်ရဲ့ပုံမှန်အလုပ်တာဝန်များအပြင် ၎င်းအလုပ်တာဝန်များကို မထိခိုက်စေသရွေ့ သင့်ရဲ့လုပ်ဖော်ကိုင်ဖက်များကို သူတို့ရဲ့ project များနဲ့ပက်သက်ပြီးအကူအညီပေးပါ။ သင့်ဖက်က အနည်းငယ် ပိုပြီး အားစိုက်လုပ်ဆောင်ရမယ့်ကိစ္စတွေရှိနေရင်တောင်မှ သင်ဟာကူညီပေးဖို့လိုလားမှုရှိတယ်ဆိုတာကိုထုတ် ဖော်ပြောကြားထားပါ။ 
 
၃။ လူတွေကို သူတို့ရဲ့အကူအညီနဲ့ပက်သက်လို့ကျေးဇူးတင်ပေးဖို့မမေ့ပါနဲ့။ ဒါကအလုပ်ရာထူးတွေနဲ့မဆိုင်ပါဘူး၊ တစ်စုံတစ်ယောက်က သင့်ကိုကူညီခဲ့တယ်ဆိုရင်တော့ သူတို့ကို ကျေးဇူးတင်ပါတယ်လို့ပြောခဲ့ဖို့ကိုလဲမမေ့ပါနဲ့။ သင့်လုပ်ဖော်ကိုင်ဖက်တွေကိုကောင်းစွာသိရှိပြီး သူတို့နဲ့ထိုက်တန်စွာလေးလေးစားစားဆက်ဆံခြင်းက သူတို့က သင့်အတွက် တစ်ခုခုလုပ်ပေးလိုက်တဲ့အခါမှာ သင်ဟာကျေးဇူးသိတတ်သူတစ်ဦးဖြစ်တယ်ဆိုတာကိုဖော်ပြနေပါ တယ်။ 
 
၎။ သင့်ရဲ့မန်နေဂျာကို သင့်အပေါ်ချမှတ်ပေးထားတဲ့ ရည်မှန်းချက်ပန်းတိုင်တွေ၊ လုပ်ငန်း project တွေကို ပြီးမြောက်အောင်မြင်သွားတဲ့အခါမှာ inform လုပ်ပါ။ သင့်ကိုချမှတ်ပေးထားတဲ့ ရည်မှန်းချက်ပန်းတိုင်များကို ပြီးမြောက်အောင်မြင်မှုရှိစေဖို့အတွက် အာရုံစိုက်ကာလုပ်ဆောင်ပြီး သင်အသိပေးလို့ကောင်းမယ့်အရာတစ်ခုခု ကို ပြီးမြောက်အောင်မြင်စွာပြုလုပ်ပြီးတဲ့အခါမှာ သင့်ရဲ့မန်နေဂျာအားအသိပေးလိုက်ပါ။ 
 
သင့်မန်နေဂျာနဲ့ပုံမှန်ဆက်ဆံမှုရှိခြင်းက သင့်ကို လမ်းကြောင်းမလွဲသွားအောင်တည့်မတ်ပေးနိုင်မှာပဲဖြစ်ပါတယ်။ 
 
သင့်ရဲ့ ရက်-၉၀ plan အပြီးမှာတော့ သင့်မန်နေဂျာအား သင်ဘာတွေကိုပြီးမြောက်အောင်မြင်အောင်ဆောင်ရွက် နိုင်ခဲ့သလဲဆိုတာကိုပြသလိုက်ပါ။ 
 
 
ဒီ Article လေးဟာ စာဖတ်သူပရိတ်သတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com

Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


LOTTE MGS Beverage Co.,Ltd

LOTTE MGS Beverage Co.,Ltd

Lotte Group’s mission : “ We enrich people’s lives by providing superior products and services that our customers love and trust.”LOTTE MGS Beverage (Myanmar) Co., Ltd was incorporated in the ...
Show the postings (5)
Design Communications International Co, Ltd.

Design Communications International Co, Ltd.

..Design Communications International Co, Ltd.....
Show the postings (2)
Eastern Group of Companies

Eastern Group of Companies

We are currently seeking dedicated staffs that have a desire to serve others while building a professional career.Over the years, our company has expended and diversified business in poultry farming, ...
Show the postings (8)
Recyglo Co., Ltd.

Recyglo Co., Ltd.

Vision To become a leading waste management solution platform in Southeast Asia that produces zero waste and zero carbon footprint. Mission To process material in a safe, non-hazardous manner wi...
Show the postings (10)
PROQC INTERNATIONAL PVT. LTD.

PROQC INTERNATIONAL PVT. LTD.

To nurture the trust of our customers and our team through dynamic interactions, creative supply chain solutions, and integrated partnership The global quality solution, engineering, and consulting s...
Show the postings (3)

Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS