Jobs In Myanmar
Load...

လူကြီးမင်း၏ကုမ္ပဏီတွင် လူကြီးမင်းအားရှေ့ဆောင်လမ်းပြနိုင်သူ ( Mentor) ကို ဘယ်လိုရှာဖွေမည်နည်း

by Admin


ချိတ်ဆွဲရန်စာတန်း: team work mentor Myanmar mentors



It used to be a good practice in Myanmar to have a senior (mentor). It was almost always related to the older and senior person within the organissation. Is it good to have one? Does it help my career to have a mentor? And most importantly where do I finf the proper mentor for me?

အာစရိယဂုဏောအနန္တော။ ကျွန်တော်တို့မြန်မာလူမျိုးဟာ ဆရာသမားကို အမြတ်တနိုးတန်ဖိုးထား လေးစားတဲ့ လူမျိုးတွေပါ။ တကယ်တော့ ဆရာဆိုတာ ကျောင်းမှာပဲအတန်းပညာသင်ပေးမှ ဆရာမဟုတ်ပါဘူး။ အတန်းပညာသင်ယူတတ်မြောက်လို့ လုပ်ငန်းခွင်ထဲရောက်တဲ့အချိန်မှာလည်း ကျွန်တော်တို့ဟာ သင်ယူ လေ့လာမှုတွေပြုလုပ်ရဆဲပါ။ ကျွန်တော်တို့ဘဝတိုးတက်ရာ တိုးတက်ကြောင်းအတွက် ကိုယ်ကိုတိုင် ကြိုးစားရမှာဖြစ်သလို၊ လမ်းညွှန်ပြသမှုပေးမယ့် ဆရာကောင်းတစ်ယောက် လိုတယ်ဆိုတာကိုလည်း ငြင်းလို့မရနိုင်ပါဘူး။ ဒါဆို ကျွန်တော်တို့ရဲ့ လုပ်ငန်းခွင်တွေထဲမှာ ကျွန်တော်တို့ကို တိုးတက်မှုရရှိအောင် လမ်းညွှန်ပြသမှုကောင်းတွေ ပေးနိုင်မယ့်သူကို ဘယ်လိုရှာကြမလဲ။

အောက်ပါအချက် ၅ ချက်က သင့်ကို လမ်းညွှန်ပြသပေးမယ့်ဆရာကို ဘယ်လိုရှာနိုင်မလည်းဆိုတာ ပြောပြပေးမှာပါ။

(၁) သင့်မှာ အလုပ်နဲ့ပတ်သက်တဲ့ ပန်းတိုင်ရှိပါစေ

သင့်ကိုလမ်းညွှန်ပြသပေးမယ့်သူလိုချင်ရင် အနည်းဆုံးတော့ သင့်မှာ သတ်မှတ်ထားတဲ့ ပန်းတိုင်(ရည်မှန်းချက်) ဆိုတာရှိသင့်ပါတယ်။ လမ်းညွှန်ပေးမယ့်သူဟာ သင်လိုအပ်တာမှန်သမျှ အစအဆုံး အကုန်ပြောပြပေး၊ လိုက်လုပ်ပေးနိုင်မှာမဟုတ်ပါဘူး။

သင်ဟာ အခုလက်ရှိလုပ်ငန်းခွင်ထဲမှာ ဘယ်လိုတာဝန်မျိုးတွေ လုပ်ဆောင်ချင်တယ်၊ ဘယ်လိုအကြံဥာဏ်တွေ သင့်ဆီမှာရှိတယ်၊ ဘယ်အပိုင်းတွေမှာ သင်ဟာအားနည်းတယ်၊ ဘယ်အပိုင်းကို အဓိက အာရုံစိုက်ချင်တယ်၊ ရည်မှန်းချက်ပန်းတိုင်ဟာ ဘယ်ဟာဖြစ်တယ်၊ အစရှိသဖြင့် သင့်ကိုယ်သင် သတ်မှတ်ထားမယ်ဆိုရင် သင်ကိုယ်တိုင်ရော သင့်ကိုလမ်းညွှန်ပြသပေးမယ့်သူအတွက်ပါ ပိုမိုလွယ်ကူ ထိရောက်မှုရှိစေမှာ အမှန်ပါပဲ။

 

(၂) သင်နဲ့ သင့်စီနီယာတွေရဲ့ဆက်ဆံရေးကို သုံးသပ်ကြည့်ပါ

         သင့်လုပ်ငန်းခွင်ထဲမှာ သင်တစ်ခုခုလိုအပ်တာမျိုး၊ မလုပ်နိုင်တာမျိုးရှိရင် အမြဲသွားရောက်အကြံဥာဏ် တောင်းခံလေ့ရှိတဲ့သူမျိုးရှိပါသလား။ လုပ်ငန်းခွင်ရဲ့ အရေးကြီးတဲ့ အစည်းအဝေးတွေမှာ သင့်ကို ပါဝင်ပူးပေါင်း ဖို့ တိုက်တွန်းလေ့ရှိတဲ့သူမျိုး၊ သင့်ကို ပရောဂျက်အသစ်တွေအမြဲပေးကာ လက်တွဲခေါ်ယူတတ်တဲ့သူမျိုး၊ သင့်ရဲ့အကြံဥာဏ်ကို တောင်းခံပြီး တလေးတစားနားထောင်တဲ့ စီနီယာမျိုး သင့်လုပ်ငန်းခွင်ထဲမှာရှိပါသလား။ အဲ့လိုရှိရင်တော့ သင့်ကို လမ်းညွှန်ပြသမယ့်သူဟာ သင့်လုပ်ငန်းခွင်ထဲမှာပဲရှိနေပါပြီ။

 

 

(၃) သင့်လုပ်ငန်းအဖွဲ့အစည်းတစ်ခုထဲမှာပဲ သင်ကြားပြသသူရှိတာမဟုတ်ပါဘူး

         သင့်ရဲ့အခုလက်ရှိလုပ်ငန်းခွင်ထဲက စီနီယာတွေဟာ သင့်အတွက် သင့်တော်တဲ့လမ်းညွှန်သူမဟုတ်ဘူး လို့ယူဆမိရင်လည်း စိတ်ညစ်စရာမရှိပါဘူး။ တကယ်တော့ လမ်းညွှန်ပြသသူဆိုတာ သင့်လုပ်ငန်းအဖွဲ့အစည်း ထဲကသူပဲဖြစ်ရမယ်ဆိုတဲ့ သတ်မှတ်ချက်မှမရှိတာ။ သင့်ရဲ့အဖွဲ့အစည်းအပြင်ဖက်မှာလည်း သင့်ကို လမ်းညွှန် ပြသပေးနိုင်မယ့်သူတွေရှိပါတယ်။ သင်နဲ့ဌာနချင်းမတူတဲ့သူဟာလည်း သင့်အတွက် လမ်းညွှန်ပြသသူကောင်း တစ်ယောက်ဖြစ်နိုင်သလို၊ သင်ကုမ္ပဏီထဲကမဟုတ်ပဲ အခြားနယ်ပယ်တူ အသိုင်းအဝိုင်းထဲမှာလည်း သင့်အတွက် လမ်းညွှန်ပြသသူကောင်းဆိုတာကို ရှာတွေ့နိုင်ပါတယ်။

 

(၄) လမ်းညွှန်ပေးနိုင်စွမ်းရှိသူကို ရှာပါ

         လုပ်ငန်းခွင်မှာ ထူးချွန်ထက်မြက်တဲ့ စီနီယာတိုင်းဟာ သင့်အတွက် အကောင်းဆုံးလမ်းညွှန်ပေးသူ ဖြစ်ချင်မှဖြစ်ပါမယ်။ တချို့စီနီယာတွေဟာ လုပ်ငန်းပိုင်းဆိုင်ရာမှာ ကျွမ်းကျင်ပေမယ့် တခြားသူတစ်ယောက်ကို ပြန်လည်ရှင်းပြတာတို့ လမ်းညွှန်ပေးတာမျိုးတို့မှာတော့ ထူးချွန်လေ့မရှိပါဘူး။ ဒါကြောင့် သင့်ကိုအကောင်းဆုံး လမ်းညွှန်မှုပေးနိုင်မယ့်သူကို ရွေးချယ်ဖို့ကလည်း အရေးကြီးပါတယ်။

သင့်လုပ်ငန်းခွင်ထဲမှာ သင့်ကိုအမြဲကူညီပေးတတ်တဲ့သူမျိုး၊ သင့်အမှားတွေကို စနစ်တကျထောက်ပြပြီး ပြုပြင်ပေးတဲ့သူမျိုး၊ သင့်ကို တိုးတက်ဖို့ အကြံဥာဏ်တွေ အစဉ်အမြဲပေးလေ့ရှိတဲ့သူမျိုး၊ အဲ့လိုလူမျိုးတွေဟာ သင့်အတွက် အကောင်းဆုံး လမ်းညွှန်မှုပေးနိုင်မယ့်သူတွေပါပဲ။ ဒါ့အပြင် သင့်မှာမရှိသေးတဲ့၊ သင်လိုချင်တဲ့ အရည်အချင်းမျိုး (skill) ရှိတဲ့သူကိုလည်း ချဉ်းကပ်ခြင်းအားဖြင့် သင့်အတွက် အကောင်းဆုံးလမ်းညွှန်မှုတွေ ရရှိနိုင်ပါတယ်။

 

(၅) ကြောက်ရွံ့ခြင်းမရှိပါနဲ့

         သင့်လုပ်ငန်းခွင်ထဲက ရာထူးကြီးတဲ့ အထက်လူကြီးတွေဟာလည်း သင့်အတွက် အကောင်းဆုံး လမ်းညွှန်ပြသပေးသူတွေ ဖြစ်နိုင်ပါတယ်။ သူတို့ကို ဆက်သွယ်ပြောဆိုကာ အကူအညီတောင်းခံဖို့အတွက် ကြောက်ရွံ့ခြင်း မရှိဖို့လည်း လိုပါတယ်။ များသောအားဖြင့်တော့ ရာထူးကြီးသူအများစုဟာ အလုပ်များလေ့ရှိတဲ့အတွက် သင့်ကို အချိန်ပေးနိုင်ချင်မှပေးနိုင်ပါလိမ့်မယ်။ ဒါပေမယ့် သင့်အနေနဲ့ သင်နဲ့ ရင်းနှီးမှုရှိတဲ့ အထက်လူကြီးတွေကို အနည်းဆုံးမေးမြန်းဆက်သွယ်ခြင်းအားဖြင့်တော့ ကြိုးစားကြည့်နိုင်ပါတယ်။  အကယ်၍ ငြင်းဆန်မှုရှိခဲ့ရင်တောင် စိတ်မပျက်ပါနဲ့။ သင့်အနေနဲ့ အခြားလမ်းညွှန်ပြသနိုင်သူကောင်းတစ်ယောက် ရှာဖွေဖို့အတွက် သူတို့ဆီမှ အကြံဥာဏ်တောင်းခံနိုင်ပါတယ်။


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


A4 International Mathematics School

A4 International Mathematics School

Saya A4 and teacher A4 taught mathematics for the children who learned Grade 5 to Grade 12 from International School since 2003. When Saya A4 depart from Myanmar, most of parents send their children t...
Show the postings (5)
KND Corporation Co., Ltd

KND Corporation Co., Ltd

Shwe Set Kyar Ko Tint Wai Group Of Co.,Ltd

Shwe Set Kyar Ko Tint Wai Group Of Co.,Ltd

W.H.K Co., Ltd.

W.H.K Co., Ltd.

..Since established in 1997, W.H.K Company Limited has built a credible reputation as Myanmar’s leading distributor of automotive spare parts. W.H.K became the touchstone of quality and trustworthi...
Show the postings (5)
Amazing One Trading Co., Ltd.

Amazing One Trading Co., Ltd.

.Elegant in style. Unique in designs. Serviced by professionals. Your most satisfying experience to decorate your home. All at Amazing One....
Show the postings (8)

Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS