Jobs In Myanmar
Load...

နှစ်ခု (သို့) နှစ်ခုထက်ပိုတဲ့ router များကိုအသုံးပြုပြီး Bandwidth ပမာဏကို ဘယ်လိုတိုးမြှင့်နိုင်မလဲ?

by www.jobsinyangon.com


ချိတ်ဆွဲရန်စာတန်း: Knowledge-IT-Internet-Routerl-JobsinYangon



နှစ်ခု (သို့) နှစ်ခုထက်ပိုတဲ့ router များကိုအသုံးပြုပြီး Bandwidth ပမာဏကို ဘယ်လိုတိုးမြှင့်နိုင်မလဲ? 

သင့်ရဲ့လုပ်ငန်းဟာကြီးပွားတိုးတက်မှုရှိလာသည်နဲ့အမျှ အင်တာနက်လိုင်း (network) ရရှိမှုနဲ့ အင်တာနက်မြန်နှုန်းများဟာ အရင်ကနဲ့တူတော့မှာမဟုတ်ပါဘူး။ 

Router တစ်ခုတည်းကိုအရင်ကထက်ပိုမိုများပြားတဲ့ဝန်ထမ်းတွေကစုပေါင်းပြီးအသုံးပြုလာတဲ့အခါ Bandwidth လို့ခေါ်တဲ့ ပိုက်လိုင်းများဟာ ကြပ်တည်းမှုရှိလာပြီး ပိုမိုနှေးကွေးလာပါတော့တယ်။ နောက်ထပ် router များ (သို့) Wi-Fi access point များထည့်သွင်းခြင်းဟာ bandwidth ပမာဏကို တိုးမြှင့်နိုင်စေဖို့အတွက် မှန်ကန်တဲ့ဖြေရှင်းပုံနည်း လမ်းတစ်ခုဖြစ်သော်လည်း ဒါဟာ အမြဲတမ်းတော့ မှန်မနေပါဘူး။ သင့်ကုမ္ပဏီကအသုံးပြုနေတဲ့ အင်တာနက်ဝန်ဆောင် မှုအမျိုးအစားကိုလည်း စစ်ဆေးကြည့်ဖို့တော့ လိုအပ်ပါလိမ့်မယ်။ 

Router များကိုထပ်မံထည့်သွင်းခြင်းဟာ အင်တာနက်ကိုပိုမြန်စေမှာလား? 

Network bandwidth ဆိုတာဟာ ပိုက်လိုင်းစနစ်တစ်ခုနဲ့အလားသဏ္ဍန်တူပါတယ်။ ဒေတာစီးဆင်းမှုနှုန်းများကို အသေး ငယ်ဆုံးပိုက်ကသတ်မှတ်ဆုံးဖြတ်ပေးနေတာဖြစ်ပါတယ်။ သင့်ရဲ့ အင်တာနက်ကွန်နက်ရှင်ကို ရုံးထဲသို့ဝင်ရောက်လာတဲ့ ပိုက်တစ်ခုအနေနဲ့မြင်ယောင်ကြည့်ပြီး သင့်ရဲ့ Wi-Fi router ကိုတော့ နောက်ထပ်ပိုက်တစ်ခုအနေနဲ့မြင်ယောင်ကြည့်ပါ။ အကယ်၍ သင့်ရဲ့ Wi-Fi ဟာ နှေးကွေးနေပါက နောက်ထပ် Wi-Fi router တစ်ခုကိုထပ်ထည့်လိုက်ခြင်းဟာ ဒေတာစီး ဆင်းမှုနှုန်းကိုပြန်လည်ကောင်းမွန်စေမှာဖြစ်သော်လည်း သင်အသုံးပြုနေတဲ့အင်တာနက်ဝန်ဆောင်မှုကပါ နှေးကွေးနေ တာဆိုရင်တော့ ဒီအရာက ထိုပြဿနာကိုဖြေရှင်းနိုင်မှာမဟုတ်ပါဘူး။ 

Wi-Fi ကွန်ယက်တစ်ခုတွင် အတူတကွအလုပ်လုပ်နေတဲ့ အစိတ်အပိုင်း ၃ခုရှိနေပါတယ်။ 

အင်တာနက်ဝန်ဆောင်မှု - ဒီအရာကို သင့်ရဲ့အင်တာနက်အတွက်ဝန်ဆောင်မှုပေးနေတဲ့ကုမ္ပဏီနဲ့ချုပ်ဆိုထားတဲ့ သဘော တူညီချက်စာချုပ်ကအဆုံးအဖြတ်ပေးနေပါတယ်။ ဒီအရာက bandwidth ပမာဏ (သို့) အင်တာနက်မြန်နှုန်းကိုဆုံးဖြတ် ပေးပါတယ်။ 

Router - ဒီအရာက တစ်ဖက်တွင်သင်ရယူထားတဲ့ အင်တာနက်ဝန်ဆောင်မှုနဲ့ချိတ်ဆက်ပေးပြီး အခြားတစ်ဖက်တွင်မူ သင့် Wi-Fi ကွန်ယက်အတွက် ဌာနချုပ်တစ်ခုအဖြစ်ချိတ်ဆက်လုပ်ဆောင်ပေးပါတယ်။ 

Access Point - လူအများစုက access point များကို router များဟု ညွှန်းဆိုကြသော်လည်း ဒီအရာနှစ်ခုဟာ မတူညီ ကြပါဘူး။ Access point ဆိုတာဟာ သင့်ကို network ပေါ်သို့ချိတ်ဆက်ပေးနေတဲ့မည်သည့် Wi-Fi စက်တိုင်းကိုမဆို ဆိုလိုတာဖြစ်ပါတယ်။ Router တစ်ခုဟာ access point ဖြစ်နိုင်သော်လည်း သင့်အနေနဲ့ ကွန်ပြူတာများကို router သို့ ချိတ်ဆက်ပေးနိုင်မယ့် router မဟုတ်တဲ့ access point device များကိုလည်း ဝယ်ယူနိုင်ပါတယ်။ 

အင်တာနက်မြန်နှုန်းများကို မြှင့်တင်ခြင်း 

အကယ်၍ သင့်ရဲ့ဝန်ထမ်းများဟာ ပိုမိုမြန်ဆန်တဲ့အင်တာနက်ချိတ်ဆက်မှုကိုလိုအပ်နေပါက အရင်ဆုံး သင့်အနေနဲ့ ဒေသခံအင်တာနက်ဝန်ဆောင်မှုကုမ္ပဏီများကိုဆက်သွယ်ပြီး ပိုမိုမြန်ဆန်တဲ့မြန်နှုန်းရှိတဲ့ဝန်ဆောင်မှုများကို ရနိုင်သလား ဆိုတာကိုစစ်ဆေးကြည့်ရမှာဖြစ်ပါတယ်။ သင်နေထိုင်တဲ့နေရာအပေါ်မူတည်ပြီး bandwidth များဟာ ကွဲပြားမှုရှိနိုင်ပါ တယ်။ Asynchronous ဝန်ဆောင်မှုဟာ သင့်ကို download speed ထက်ပိုမိုနှေးကွေးတဲ့ upload speed သာပါဝင်တဲ့ ဝန်ဆောင်မှုကိုပေးမှာဖြစ်ပြီး  Synchronous ဝန်ဆောင်မှုကတော့ upload ရော download ကိုပါ တူညီတဲ့မြန်နှုန်းရှိတဲ့ ဝန်ဆောင်မှုကိုပေးမှာဖြစ်ပါတယ်။ Cable ကုမ္ပဏီများထံမှ ရရှိနိုင်တဲ့ Cable အင်တာနက်မြန်နှုန်းများကတော့ သင့်ကို 1 Gigabytes per second (သို့) 1 Gbps အထိ download speed နဲ့ 50 Mbps အထိ upload speed ကို ပေးအပ်နိုင် မှာဖြစ်ပြီး Fiber အင်တာနက်ချိတ်ဆက်မှုတစ်ခုကတော့ သင့်ကို 10 Gigabytes per second (သို့) 10 Gbps အထိမြန် နှုန်းကိုပေးအပ်နိုင်ပါတယ်။ 

နောက်ထပ်နည်းလမ်းတစ်ခုကတော့ နောက်ထပ်အင်တာနက်ဝန်ဆောင်မှုတစ်ခုကိုထပ်မံဝယ်ယူပြီး နောက်ထပ် router တစ်ခုနဲ့အသုံးပြုဖို့ပဲဖြစ်ပါတယ်။ Router နှစ်ခုစလုံးဟာ သီးခြားကွန်ယက်နှစ်ခုအနေနဲ့ သီးခြားစီအလုပ်လုပ်ကြမှာဖြစ် ပြီး သင့်ရဲ့ Wi-Fi နဲ့ အင်တာနက် bandwidth ပမာဏများကို ၂ဆတိုးသွားစေမှာဖြစ်ပါတယ်။ ဒီအရာကကွန်ပြူတာများ ကို အခြားသော အရာများရှိနေတဲ့ network ပေါ်မှ ခွဲခြားထားနိုင်မှာဖြစ်တဲ့အကျိုးကျေးဇူးကိုလည်းရရှိနိုင်မှာဖြစ်ပြီး ဒီအရာက ကော်ဖီဆိုင်များနဲ့ အခြားသော လက်လီအရောင်းလုပ်ငန်းများအတွက် ကောင်းမွန်တဲ့ဖြေရှင်းချက်တစ်ခုလည်း ဖြစ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ သင့်အနေနဲ့ ဝန်ထမ်းများရဲ့ device များကို network တစ်ခုပေါ်တွင်ထားထားနိုင်ပြီး customer များအတွက်ကိုတော့ နောက်ထပ် network တစ်ခုကိုပေးထားနိုင်တဲ့အတွက်ပဲဖြစ်ပါတယ်။ 
 

ဒီဆောင်းပါးလေးဟာ စာဖတ်သူပရိတ်သတ်တို့ကို ဗဟုသုတတိုးစေလိမ့်မယ်လို့မျှော်လင့်ပါတယ်။ 
ကျေးဇူးတင်လျက်
www.jobsinyangon.com


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Facilitation Limited

Facilitation Limited

A challenging work space associated with learning opportunityConsulting services for company registration, secretarial services, investment permit and financial services...
Show the postings (3)
A4 International Mathematics School

A4 International Mathematics School

Saya A4 and teacher A4 taught mathematics for the children who learned Grade 5 to Grade 12 from International School since 2003. When Saya A4 depart from Myanmar, most of parents send their children t...
Show the postings (5)
W.H.K Co., Ltd.

W.H.K Co., Ltd.

..Since established in 1997, W.H.K Company Limited has built a credible reputation as Myanmar’s leading distributor of automotive spare parts. W.H.K became the touchstone of quality and trustworthi...
Show the postings (5)
ABC Convenience Store

ABC Convenience Store

With over 70 stores giving access to our customers and suppliers the opportunity to leverage their product on our network. We stress on providing and maintaining highest standard in product quality an...
Show the postings (6)

Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS