Jobs In Myanmar
Load...

သင့်ရဲ့ဝန်ထမ်းများကို သင်မည်သို့သိရှိနားလည်အောင်ပြုလုပ်နိုင်မည်နည်း

by www.jobsinyangon.com


ချိတ်ဆွဲရန်စာတန်း: Recruitment-employee-HR-JobsinYangon



သင့်ရဲ့ဝန်ထမ်းများကို သင်မည်သို့သိရှိနားလည်အောင်ပြုလုပ်နိုင်မည်နည်း

 

မန်နေဂျာများဟာ သူတို့ရဲ့ဝန်ထမ်းများအနေဖြင့် တန်ဖိုးထားခံရပြီး အဖွဲ့အစည်းအတွက် မရှိမဖြစ်လိုအပ်တယ်လို့ ခံစားရနိုင်စေဖို့အတွက် မိမိတို့ရဲ့ဝန်ထမ်းများကို သိရှိနားလည်ထားသင့်ပါသည်။ သင်ဟာ သူတို့ရဲ့ ကြိုးပမ်းလုပ် ဆောင်မှုကို တန်ဖိုးထားမှုမရှိပါက အကောင်းဆုံးသောလစာများနဲ့ အခြေခံအဆောက်အအုံများရှိလျှင်တောင်မှ ဝန်ထမ်းများကို ထိန်းသိမ်းထားနိုင်မှာမဟုတ်ပါဘူး။ သင်ဟာ သင့်ရဲ့ဝန်ထမ်းများကို ကောင်းမွန်စွာသိရှိနားလည်ဖို့ လိုအပ်ပါတယ် - သူတို့ရဲ့ လုပ်ကိုင်နိုင်စွမ်းတွေ၊ ကျွမ်းကျင်မှုများ၊ အထူးပြုချက်နှင့် သူတို့ရဲ့အားနည်းချက်၊ သက် မွေးဝမ်းကျောင်းမှုလုပ်ငန်းဆိုင်ရာရည်ရွယ်ချက်များ၊ တိုးတက်မှုအစီအစဉ်များ အစရှိသည်တို့ကို သိရှိထားရမှာဖြစ် ပါတယ်။ သူတို့ကိုဘယ်အရာကစိတ်အားတက်ကြွစေလဲဆိုတာနဲ့ ဘယ်အရာက သူတို့ကိုပျော်ရွှင်မှုမရှိစေဘူးလဲ ဆိုတာကို ရှာဖွေဖော်ထုတ်ရမှာဖြစ်ပါတယ်။ 

မန်နေဂျာများကို သူတို့ရဲ့ အဖွဲ့ဝင်များအပေါ် ပိုမိုသိရှိနားလည်စေရန်အတွက် ကူညီပေးနိုင်သည့်နည်းလမ်းများကို ကျွန်ုပ်တို့ လေ့လာကြည့်ကြရအောင်
လုပ်ငန်းခွင်အတွင်း ကောင်းမွန်သောပြောဆိုဆက်ဆံမှုများကို အားပေးခြင်း။ သူတို့ရဲ့ ရာထူးနဲ့ အုပ်ချုပ်မှုအစီအစဉ်အဆင့် များနဲ့မဆိုင်ပဲ ဝန်ထမ်းတိုင်းဟာ သူတို့ရဲ့ အမြင်များနဲ့ တွေးထင်ချက်များကို ဖော်ပြနိုင်ခွင့်ရှိရမှာဖြစ်ပါတယ်။ တစ်ဦးနှင့်တစ် ဦးအကြား ပြောဆိုဆက်ဆံမှုရှိစေပြီး သူတို့ရဲ့ပြဿနာများကိုပြောဆိုစေသကဲ့သို့ သူတို့ရဲ့ လုပ်ငန်းစွမ်းဆောင်ရည်ကိုတိုးမြှင့် နိုင်ရုံသာမက အဖွဲ့အစည်းအတွက်လည်း အကျိုးရှိစေမယ့် တီထွင်ဆန်းသစ်သော အကြံဉာဏ်များကို ပြောဆိုပါစေ။ အဖွဲ့ သားများအနေနဲ့ သက်တောင့်သက်သာရှိပြီး သူတို့ဟာအလုပ်ခွင်အတွင်းအရေးပါတယ်လို့ခံစားရစေဖို့အတွက် မန်နေဂျာ များဟာ အဖွဲ့ဝင်များနဲ့ ပြောဆိုဆက်ဆံမှုရှိရမှာဖြစ်ပါတယ်။ 

အကယ်၍ သင်ဟာ သူ/ သူမနှင့် ခပ်စိမ်းစိမ်းနေထိုင်ပါက ဘယ်တော့မှသိရှိနိုင်မည်မဟုတ်သည့် တစ်စုံတစ်ဦး၏ များစွာသော အကြောင်းအရာများကို သင့်အနေနဲ့ သိရှိနိုင်စေရန်အတွက် ဝန်ထမ်းများနှင့် ပြောဆိုဆက်ဆံမှုများကိုပြုလုပ်သင့်ပါသည်။ သင်ကသူတို့ကိုစကားမပြောပါကသူတို့ရဲ့ပြဿနာများကိုလည်းသင့်ကိုဘယ်တော့မှပြောကြားလာမှာမဟုတ်ပဲ တဖြည်းဖြည်း အလုပ်တွင်စိတ်ပါဝင်စားမှုနည်းပါးလာပါလိမ့်မယ်။ ဝန်ထမ်းများကို တန်းတူညီမျှအတူတကွခေါ်ယူပြီး  အကြံဉာဏ်များကို အတူစဉ်းစားဖော်ထုတ်ခြင်း သို့မဟုတ် အရေးကြီးသောကိစ္စရပ်များကို ဆွေးနွေးမှုများကို ပြုလုပ်သင့်ပါ တယ်။ 

တစ်ဦးတစ်ယောက်တည်းကိုသာ အမြဲတမ်းခေါ်ယူနေခြင်းသည် အခြားသောအဖွဲ့ဝင်များကို လျစ်လျူရှုခြင်းနှင့် ဖယ်ထုတ် ခံရခြင်းများကိုခံစားရစေနိုင်ပါသည်။ အလုပ်ခွင်ဆိုသည်မှာ တစ်စုံတစ်ယောက်ဟာ သင့်ရဲ့သူငယ်ချင်း သို့မဟုတ် ဆွေမျိုး သားချင်းဖြစ်နေသည့်အတွက် မျက်နှာသာပေး၍ရသောနေရာမဟုတ်ပါဘူး။ မန်နေဂျာများသည် ချည်းကပ်လွယ်သူဖြစ်နေ သင့်ပါသည်။ သင့်ရဲ့ဝန်ထမ်းများနဲ့ ဆက်သွယ်ချိတ်ဆက်မှုရှိနေဖို့မရှိမဖြစ်လိုအပ်ပါသည်။ သူတို့နဲ့ နေ့လည်စာစားခြင်း၊ ဒါမှမ ဟုတ် ပျော်ပွဲစားထွက်ခြင်း (သို့) ပါတီပွဲများသို့ တစ်ခါတစ်ရံတွင်သင့်ရဲ့လက်အောက်ငယ်သားများနဲ့အတူတက်ရောက်ပေးပါ။ လုပ်ငန်းခွင်အတွင်းတွင် အရေးကြီးသောပွဲတော်များကိုကျင်းပကြစေရန် ဝန်ထမ်းများကိုတိုက်တွန်းပါ။ ထိုလှုပ်ရှားမှုများသည် အဖွဲ့တစ်ခုအတွင်းမှသူများအချင်းချင်းသာမက အခြားသောဌာနများမှသူများနှင့်လည်းပိုမိုနီးကပ်မှုရှိလာစေပါသည်။ သင့်ရဲ့ အကူအညီများကိုသူတို့လိုအပ်သည့်အခါတိုင်းတွင် သင့်ရဲ့အဖွဲ့ဖက်မှရပ်တည်ပြီး သူတို့အားပံ့ပိုးကူညီပေးပါ။ တစ်ခါတစ်ရံတွင် သူတို့ရဲ့အလုပ်ရုံများတွင် အတူတကွထိုင်ကာ သူတို့ရဲ့နေ့တွေ၊ လတွေကိုသူတို့ဟာ ဘယ်လိုအစီအစဉ်တွေပြုလုပ်ထားတယ်၊ သူတို့ရဲ့ရည်မှန်းချက်တွေကို ဘယ်လိုအောင်မြင်အောင်ဆောင်ရွက်မယ်၊ သင့်ရဲ့ဖက်မှ ဘယ်လိုမျိုးအကူအညီတွေကိုသူတို့လို အပ်နေသလဲဆိုတာတွေကို ရှာဖွေဖော်ထုတ်ခြင်းနှင့် သူတို့ရဲ့ဘဝတွေမှာ ဘာတွေဖြစ်နေလဲဆိုတာတွေကို သိရှိစေရန်ပြုလုပ် ပေးပါ။ 

မန်နေဂျာများ သို့မဟုတ် အဖွဲ့ခေါင်းဆောင်များသည် လူအသစ်များကိုခေါ်ယူရာတွင် လူသားအရင်းအမြစ် ကျွမ်းကျင်သူ (Human Resource, HR Professional) များကိုသာ အားကိုးမနေသင့်ပါဘူး။ လူအသစ်တစ်ယောက်အား အတည်ပြုကမ်းလှမ်းချက်စာ (final offer letter) ကိုမပေးပို့မှီတွင် သေချာတွေ့ဆုံရန်အတွက်ပြုလုပ်ပါ။ အဖွဲ့ဝင်အသစ် များကို သူ/ သူမတို့ရဲ့ အလုပ်တာဝန်များကို ရှင်းလင်းပြောဆိုရန်အတွက် သင့်ရဲ့ သဘောအကျဆုံးဝန်ထမ်းကိုမခိုင်းပါနဲ့။ မှတ်သားထားဖို့က မန်နေဂျာတစ်ဦးဟာ သင့်အဖွဲ့ဝင်များရဲ့ မျက်နှာဖြစ်ပါတယ်။ အဖွဲ့ ဝင်အသစ်နဲ့အတူထိုင်ကာ သူ/ သူမကို အဖွဲ့အစည်းအတွင်းသို့ မိတ်ဆက်မှုများပြုလုပ်ပေးသင့်ပါတယ်။ ဝန်ထမ်းအသစ်ဟာ သင့်ရဲ့အဖွဲ့နှင့် အဖွဲ့အစည်းတစ်ခုလုံး အပေါ်တွင် မည်သို့ခြားနားချက်များဖြစ်လာစေရန်ဆောင်ရွက်နိုင်မလဲဆိုသည်ကို ရှာဖွေ ဖော်ထုတ်ပါ။ 

ဝန်ထမ်းများဟာ သင့်ရဲ့ဖေးမကူညီမှုနှင့် လမ်းညွှန်မှုတို့ကို အမြဲတမ်းလိုလားပါတယ်။ သူတို့ကို အပြုံးနဲ့နှုတ်ဆက်ပါ။ သူတို့ရဲ့ အမှတ်တရနေ့ရက်များနဲ့ မွေးနေ့များတွင် ဆုတောင်းပေးမှုများပြုလုပ်ပါ။ သူတို့ရဲ့ ဆက်သွယ်ရန်ဖုန်းနံပါတ်များကိုမှတ်သား ထားပြီး သင့်ရဲ့မိုဘိုင်းလ်ဖုန်းပေါ်တွင် သူတို့ရဲ့ထူးခြားသောနေ့ရက်များကို သတိပေးအမှတ်အသားများပြုလုပ်ထားပါ။ ကျွန်ုပ် တို့ပြောတာကို ယုံလိုက်ပါ မန်နေဂျာတစ်ဦးထံမှ စာတိုတစ်စောင်ဟာ သူ့ရဲ့အဖွဲ့သားများရဲ့ ပျော်ရွှင်ရတဲ့နေ့ရက်များကို ပိုမို၍ ထူးခြားစေပါလိမ့်မယ်။

သူတို့ရဲ့အလုပ်များကို အမြဲတစေကြည့်ရှုဆန်းစစ်မှုများပြုလုပ်ပါ။ ထိုအရာက သင့်ရဲ့ဝန်ထမ်းများဟာ ဘာတွေလုပ်နေလဲဆို တာနဲ့ မည်သည့်နေရာများတွင် သူတို့ဟာ သင့်ရဲ့လမ်းညွှန်မှုကိုလိုအပ်နေသလဲဆိုတာကို သင်နားလည်နိုင်စေရန်အတွက် အကူအညီပေးပါသည်။ မန်နေဂျာများဟာ သူတို့ရဲ့အဖွဲ့ဝင်များကို လုပ်ငန်းခွင်ပြင်ပအထိ နားလည်သဘောပေါက်မှုလိုအပ်ပါ သည်။ 

 

ဒီ Article လေးဟာ စာဖတ်သူ ပရိတ်သတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ 
ကျေးဇူးတင်လျှက်
www.jobsinyangon.com


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Supreme Group Of Companies

Supreme Group Of Companies

Our Mission To deliver Professional Services that meet and exceed Clients expectations. To maintain a high level of professional Standing and Integrity that is above reproach. To establish a mutual...
Show the postings (26)
V Net - Mandalay Internet Service Provider

V Net - Mandalay Internet Service Provider

Vision and Mission Call us rebels, but we strongly believe every home and business in Myanmar should have fast, affordable and reliable access to the internet. No compromise, no barriers, no fuss.So ...
Show the postings (33)
RHENUS LOGISTICS

RHENUS LOGISTICS

..Rhenus Myanmar Limited is located in the heart of Yangon (formerly known as Rangoon). Prior to the relatively recent foundation of the new capital city Naypyidaw, Yangon was the seat of government. ...
Show the postings (2)
GMO-Z.comACE Co.,Ltd.

GMO-Z.comACE Co.,Ltd.

Our mission is to contribute to the society by enriching the Internet experiences, creating new Internet cultures and industries, and bringing smiles and inspiration to our customers..GMO-Z.comACE, jo...
Show the postings (9)
Lan Thit Innovation Co., Ltd

Lan Thit Innovation Co., Ltd

..We, as Lan Thit Innovation Technology, provide services like recruiting, outsourcing and brand marketing to our clients. We also assist the jobseekers in finding the right opportunity for them. We ...
Show the postings (37)

Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS