Jobs In Myanmar
Load...

HR Planning လုပ်ငန်းစဉ်များ

by www.jobsinyangon.com


ချိတ်ဆွဲရန်စာတန်း: HR Planning Process- Human Resource Management



Human Resource Planning Process များကတော့ အောက်ဖော်ပြပါအတိုင်းဖြစ်ပါတယ်။

၁။ Current HR Supply

▪    လက်ရှိ လူသားအရင်းအမြစ်လိုအပ်ချက်မာဏ : အဖွဲ့အစည်းတစ်ခုအတွင်းလက်ရှိအခြေအနေတွင်အသုံးပြုနိုင်သော လူသားအရင်းအမြစ်အား အကဲဖြတ်ခြင်းသည် HR planning တွင်ပါဝင်သော ကနဦးအချက်ဖြစ်ပါသည်။ အဆိုပါအရာတွင်  အရေအတွက်များ၊ စွမ်းဆောင်ရည်များ၊ ပါရမီရှိမှုများ၊ အလုပ်ပြီးမြောက်အောင်ဆောင်ရွက်နိုင်မှုများ၊ အရည်အချင်းများ၊ လုပ်ငန်းအတွေ့အကြုံများ၊ အသက်များ၊ လုပ်သက်များ၊ စွမ်းဆောင်ရည်အကဲဖြတ်မှုများ၊ ရာထူးများ၊ အဆင့်သတ်မှတ်ချက်များ၊ ဆုကြေးငွေပေးအပ်မှုများ၊ အကျိုးခံစားခွင့်များ စသည့် အဖွဲ့အစည်း၏ HRဆိုင်ရာအားသာချက်များကို လေ့လာရမည်ဖြစ်ပါသည်။ အဆိုပါကာလတွင် အတိုင်ပင်ခံများဟာ Manager များနှင့် ကြိမ်ဖန်များစွာတွေ့ဆုံကာ သူတို့ကြုံတွေ့လာရနိုင်တဲ့ လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာပြသနာတွေနဲ့ အလုပ်သမားတွေရဲ့အလုပ်လုပ်နိုင်အားကိုထည့်သွင်းစဉ်းစားပြီး အခြေခံကျသော၊ သို့မဟုတ် အရေးပါသော လုပ်ငန်းစဉ်တွေကိုနားလည်မှုရှိလာစေရန်အတွက်ဆောင်ရွက်ရခြင်းဖြစ်ပါတယ်။ 

၂။ Future HR Demand 

▪    အနာဂါတ်တွင် လူသားအရင်းအမြစ်လိုအပ်မှုများ : လုပ်ငန်းတစ်ခုတွင်ဖြစ်ပေါ်လာနိုင်သည့် အနာဂါတ်လုပ်သားလိုအပ်မှုများကို ခွဲခြမ်းစိတ်ဖြာခြင်းသည် HR Planning ၏ဒုတိယအဆင့်ဖြစ်ပါသည်။ အနာဂါတ်လုပ်သားလိုအပ်မှုများကိုဆုံးဖြတ်ရာတွင် ပင်ပန်းလာမှုများ၊ အလုပ်မှခေတ္တအနားယူမှုများ၊ ကြိုတင်တွေ့မြင်နိုင်သော အလုပ်နေရာလစ်လပ်မှုများ၊ အလုပ်မှ အနားယူသွားခြင်းများ၊ ရာထူးတိုးမှုများ၊ ကြိုတင်စီစဉ်ထားသော အလုပ်နေရာအရွှေ့အပြောင်းဖြစ်မှုများ အစရှိသည်များကဲ့သို့ သိရှိနိုင်သော HR ပြောင်းလဲမှုများကိုထည့်သွင်းစဉ်းစားတွက်ချက်ရပါသည်။ ထို့အပြင် ကြိုတင်သိရှိမထားနိုင်သောအပြောင်းအလဲများဖြစ်သည့် ယှဉ်ပြိုင်မှုများရှိနေသည့်အချက်များ၊ အလုပ်ထွက်ခြင်း၊ ရုတ်တစ်ရက်အလုပ်နေရာအရွှေ့အပြောင်းဖြစ်မှုများ၊ အလုပ်ထုတ်ပယ်ခြင်းများသည်လည်း ခွဲခြမ်းစိတ်ဖြာရမည့်အရာများတွင်ပါဝင်နေပါသည်။ 

၃။ Demand Forecast

နောက်တစ်ဆင့်ဟာတော့ လက်ရှိရှိနေသောလူသားအရင်းအမြစ်များကို အနာဂါတ်လူသားအရင်းအမြစ်လိုအပ်လာမှုများနှင့် ကိုက်ညီစေရန်ဆောင်ရွက်ခြင်းနှင့် အရင်အမြစ်လိုအပ်လာမှုကိုကြိုတင်ခန့်မှန်းဆောင်ရွက်ခြင်းတို့ဖြစ်ပါသည်။ ထို့‌ကြောင့် ရေရှည်စီးပွားရေးမဟာဗျူဟာများနှင့် ရည်မှန်းချက်များကို သိရှိနားလည်ထားဖို့လိုအပ်ပြီး ဒါမှသာလျှင် အဖွဲ့အစည်း၏ရည်ရွယ်ချက်ပန်းတိုင်နှင့် အလုပ်သမားလိုအပ်မှုများကြိုတင်ခန့်မှန်းထားခြင်းဟာထပ်တူကျနိုင်မှာဖြစ်ပါတယ်။ 

၎။ HR Sourcing Strategy and Implementation

    HR အရင်းအမြစ်နည်းဗျူဟာနှင့် အကောင်အထည်ဖော်ဆိုမှုများ :  ရှိနေတဲ့လူသားအရင်းအမြစ်များနဲ့ လိုအပ်နေသောလူသားအရင်းအမြစ်များအကြား ခြားနားချက်များကိုကြည့်ရှုပြီးသွားပြီဆိုရင်တော့ HR အတိုင်အပင်ခံလုပ်ငန်းများဟာ  အဆိုပါကွာဟချက်များကို သူတို့ကြိုတင်ခန့်မှန်းထားသည့်လိုအပ်လာနိုင်မှုများနှင့်ကိုက်ညီစေရန်အတွက် စီမံမှုများပြုလုပ်ပေးရမှာဖြစ်ပါတယ်။ ထိုစီမံမှုများတွင် ဝန်ထမ်းများနှင့်ဆက်သွယ်ပြောဆိုနိုင်ရန်အစီအစဉ်များ၊ ပြန်လည်နေရာချထားရေးနှင့်၊ ကျွမ်းကျင်သူများရရှိရေး၊ ဝန်ထမ်းခေါ်ယူခြင်းနှင့် ပြင်ပမှအကူအညီရယူခြင်း၊ ကျွမ်းကျင်သူများအားစီမံခန့်ခွဲခြင်း၊ သင်တန်းပေးခြင်း၊ နည်းဆောင်လမ်းပြပြုလုပ်ခြင်းနှင့် ကုမ္ပဏီလမ်းစဉ်များကိုတည်းဖြတ်မှုများပြုလုပ်ရခြင်းတို့ပါဝင်နိုင်ပါတယ်။ အဆိုပါစီမံမှုများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်လွယ်ကူချောမွေ့စွာနှင့်ထိရောက်မှုရှိစေရန်အတွက် Manager များကိုခေါ်ယူပြီးအသိပေးရမည်ဖြစ်ပါသည်။ ဒီနေရာတွင် သတိပြု၊ မှတ်သားစရာရှိသည်က အတိုင်ပင်ခံများသည် စည်းမျဉ်းစဉ်းကမ်းများနှင့် တရားဝင်လိုက်နာရန်သတ်မှတ်ထားသည့်အရာများကိုလိုက်နာကြရမည်ဖြစ်ပါသည်။ ဒါမှသာလျှင်ဝန်ထမ်းများထံမှ မလိုအပ်သောပြသနာများဖြစ်ပေါ်လာလိမ့်မည်မဟုတ်ပါ။

ကျေးဇူးတင်လျက်

www.jobsinyango.com

 


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Digital Laboratory Co., Ltd.

Digital Laboratory Co., Ltd.

..1. MOBILE APP DEVELOPMENT State of the art iOS and Android mobile app development and UI / UX design 2. WEB DEVELOPMENT Beautiful and responsive websites built with popular CMS and eCommerce plat...
Show the postings (2)
Phee Int'l Shipping Myanmar Ltd

Phee Int'l Shipping Myanmar Ltd

MISSION: To provide all our customers an integrated one-stop platform to simplify their logistics management and carter to their total cargo and lifestyle logistics needs. VISION: To be the P...
Show the postings (50)
The Experts English Language Center

The Experts English Language Center

-Offering low-price, high quality language education -Ensuring the international standard Teaching Methods -Unlocking the students' potentials and opportunities - Promising the difference We off...
Show the postings (2)
Sea Rain Co.,Ltd

Sea Rain Co.,Ltd

United Paints Group (UPG) Co., Ltd.

United Paints Group (UPG) Co., Ltd.

United Paints Group Co.,Ltd. သည် ဝန်ထမ်းများအပေါ် - > ရသင့်ရထိုက်သော ခံစားခွင့်များ၊ ရပိုင်ခ...
Show the postings (12)

Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS