ချိတ်ဆွဲရန်စာတန်း: News-Huawei-MatepadPaper-Ereader-JobsInYangon
Huawei မှ ၎င်းတို့ရဲ့ ပထမဆုံး e-reader ကို ထုတ်ပြန်ကြေငြာမှုပြုလုပ်ခဲ့
Huawei ဟာ e-reader ဈေးကွက်သို့ ၎င်းတို့ရဲ့ပထမဆုံး e-reader ဖြစ်တဲ့ MatePad Paper နဲ့အတူ စတင်ဝင်ရောက်လာပြီပဲဖြစ်ပါတယ်။ အဆိုပါ device ဟာ Huawei ရဲ့ M-Pencil stylus နှင့် တွဲဖက်အသုံးပြုနိုင်မှာဖြစ်တဲ့အတွက် အခြားသော Kindle e-reader များကဲ့သို့ စာများကိုဖတ်ရှုနိုင်ရုံသာမကပဲ မှတ်စုများကိုပါ မှတ်သားထားနိုင်မှာဖြစ်ပါတယ်။
ဒါ့အပြင် built-in microphone လည်းပါဝင်ထည့်သွင်းထားတာကြောင့် အသံများကိုပါ recording ပြုလုပ်ထားနိုင်မှာဖြစ်ပြီး Kindle အများစုရဲ့ ၇ လက်မ screen များနှင့်နှိုင်းယှဉ်ပါက ပိုမိုကြီးမားတဲ့ ၁၀.၃ လက်မ E Ink display ကိုလည်း ထည့်သွင်းအသုံးပြုထားကြောင်း သိရှိရပါတယ်။ ဒီ specs များကိုကြည့်ခြင်းအားဖြင့် MatePad Paper ကို consumption အတွက်တစ်ခုတည်းသာမက productivity device တစ်ခုအဖြစ် အသုံးပြု၍ရနိုင်မှာဖြစ်ပါတယ်။
ဒီလုပ်ဆောင်ချက်များဟာ ဈေးနှုန်းသက်သာမှုတော့ ရှိမှာမဟုတ်ပါဘူး။ Huawei MatePad Paper ကို လက်လီအရောင်းဈေးအားဖြင့် ယူရိုငွေ ၄၉၉ ဖြင့် ရောင်းချသွားရန်ရှိနေပြီး Amazon ရဲ့ Kindle e-reader များရဲ့ ဈေးနှုန်းကတော့ ယူရိုငွေ ၉၀ ခန့်သာ ကျသင့်မှာဖြစ်သော်လည်း စွမ်းဆောင်ရည်ဆင်တူသည့် အခြားသော Android Tablet တစ်ခုဖြစ်တဲ့ Onyx Boox Note Air 2 နဲ့နှိုင်းယှဉ်ကြည့်လိုက်ရင်တော့ ဈေးနှုန်းဟာ တူညီမှုရှိနေပြန်ပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။