Jobs In Myanmar
Load...

သင့်ရဲ့ဝန်ထမ်းများအပေါ် သိရှိနားလည်မှုရှိခြင်း၏ အရေးပါပုံ

by www.jobsinyangon.com


ချိတ်ဆွဲရန်စာတန်း: Knowledge-Employee-Management-HR-JobsinYangon



သင့်ရဲ့ဝန်ထမ်းများအပေါ် သိရှိနားလည်မှုရှိခြင်း၏ အရေးပါပုံ

ဝန်ထမ်းများအပေါ်တွင်သိရှိနားလည်မှုရှိခြင်းသည် ဝန်ထမ်းများကို သူတို့၏အဆင့်အလိုက် အကောင်းဆုံးလုပ် ဆောင်နိုင်စေရန်၊ စိတ်အားတက်ကြွမှုဖြစ်စေဖို့ အရေးပါသောအခန်းကဏ္ဍမှပါဝင်နေပါသည်။ ဝန်ထမ်းများကို သိရှိနားလည်ခြင်းသည် မန်နေဂျာများကို ဝန်ထမ်းများ၏လိုအပ်ချက်များနှင့် အဖွဲ့အစည်းအပေါ်သို့ မျှော်မှန်းချက် များထားရှိမှုတို့ကို နားလည်စေရန်အတွက် ကူညီပေးနိုင်ပါသည်။ 
မန်နေဂျာများဟာ သူတို့ရဲ့အဖွဲ့ဝင်များမှ အလုပ်လုပ်ရတာ ပျော်ရွှင်မှုရှိ၊ မရှိကို သိရှိနားလည်ထားဖို့လိုအပ်ပါသည်။ သင့်ရဲ့ ဝန်ထမ်းများကို လျစ်လျူရှုခံရခြင်း၊ ဖယ်ထုတ်ခံရခြင်းတို့ခံစားရအောင် မပြုလုပ်ပါနဲ့။ ကျွန်ုပ်တို့ပြောတာ ကိုယုံလိုက်ပါ ထိုသို့ပြုလုပ်ခဲ့ပါက ၎င်းတို့ဟာ အဖွဲ့အစည်းအပေါ် အထောက်အကူဖြစ်စေတော့မှာမဟုတ်ပါဘူး။ သူတို့ဟာ အဖွဲ့အစည်းအတွက် မရှိမဖြစ်လိုအပ်သောသူတွေဖြစ်တယ်လို့မခံစားရသရွေ့ သူတို့ဟာ အရာများကို ဘယ်တော့မှ လေးလေးနက်နက်လုပ်ဆောင်မှာမဟုတ်ပါဘူး။ ထိုကဲ့သို့သောကိစ္စများဖြစ်ပေါ်လာပါက လူတစ်ဦး တိုင်းဟာ သူတို့လစာရနေဖို့အတွက်သာ ရုံးတက်ကြတော့မှာဖြစ်ပြီး အလုပ်လာရခြင်းကို ဝန်ထုပ်ဝန်ပိုးတစ်ခု အနေနဲ့ထင်မြင်ယူဆလာကြမှာဖြစ်ပါတယ်။  

သင်ဟာ သင့်ရဲ့မိသားစုဝင်များအကြောင်း၊ သူငယ်ချင်းများ၊ သို့မဟုတ် ဆွေမျိုးများအကြောင်းကို မကောင်းပြောဖို့ စဉ်းစားဖူးပါသလား? လုံးဝမစဉ်းစားကြပါဘူး!
ဒါဆိုရင် ဘာလို့သင့်ရဲ့အလုပ်ရှင်သူဌေးကို အမြဲတမ်းအပြစ်တင်ဝေဖန်နေရတာလဲ? မိမိတို့ရဲ့အိမ်များတွင် ပျော်ရွှင် ကြသလောက်၊ ဘာကြောင့်ကျွန်ုပ်တို့ဟာရုံးသို့လာရောက်လိုစိတ်မရှိရတာလဲ? အစရှိသည်တို့ကို သင့်ကိုယ်သင် မေးဖူးပါသလား? 

ဝန်ထမ်းများမှ တစ်သမတ်တည်းစွမ်းဆောင်နိုင်ဖို့ရာအတွက် တန်ဖိုးထားခြင်းခံရဖို့လိုအပ်တယ်ဆိုတာကို မန်နေ ဂျာများမှနားလည်ထားရမှာဖြစ်ပါတယ်။ သူတို့ဟာ တစ်မူထူးခြားမှုရှိတယ်လို့ ထင်မြင်ယူဆပါစေ။ ဝန်ထမ်းများရဲ့ ကြိုးပမ်းလုပ်ဆောင်ချက်များကို မန်နေဂျာများမှ အသိအမှတ်မပြုတဲ့အခါတွင် ပြဿနာများဖြစ်ပေါ်လာတတ်ပါ တယ်။ သင့်ကို၊ သင့်ရဲ့အခန်းတွင်းမှာသာထိုင်နေပြီး သင့်ရဲ့အဖွဲ့သားများကို ညွှန်ကြားချက်များထိုင်ပေးနေရန် အတွက် လခပေးထားသည်မဟုတ်သည်ကို သတိရပါ။ သူတို့ရဲ့အဖွဲ့ဝင်များကို သင့်လျှော်စွာသိရှိနားလည်မှုပင် ရှိမနေသောမန်နေဂျာများလဲရှိပါသည်။ သင့်ရဲ့အဖွဲ့သားများကိုသိရှိနားလည်စေရန်အတွက် သင့်အဖွဲ့သားများနဲ့ ပုံမှန်အတူတူထိုင်ပေးကာ သူတို့ရဲ့အလုပ်များကိုအကဲဖြတ်ပေးပြီး မှန်ကန်သောဝေဖန်အကြံပြုချက်များကိုပေးပါ။ မန်နေဂျာတစ်ဦးအနေဖြင့် သင့်ရဲ့အဖွဲ့ဝင်များကို လမ်းညွှန်ရန်နှင့် သတ်မှတ်ထားသောအချိန်အတွင်း သူတို့၏ ရည်မှန်းချက်များကိုရရှိအောင်မြင်စေဖို့ရာအတွက်မှာသင့်ရဲ့တာဝန်ပင်ဖြစ်ပါသည်။ 

အဖွဲ့အစည်းတစ်ခုအပေါ် မည်သည့်အဖွဲ့ဝင်များမှ အမှန်တကယ်ပေးဆပ်မှုရှိနေသည်ဆိုသည်နှင့် ဘယ်သူတွေဟာ တော့ အလုပ်ခွင်အတွင်းသို့အပျော်သဘောသာလာရောက်ကြသလဲဆိုတာကိုသိရှိထားရပါမယ်။ အထူးတလည် လုပ်ဆောင်နိုင်တဲ့ ဝန်ထမ်းများကိုတန်ဖိုးထားကာ သူတို့အား သင့်လျော်စွာဆုချပေးရပါမယ်။ ဝန်ထမ်းများဟာ သူတို့ရဲ့စွမ်းဆောင်မှုများကို အသိအမှတ်ပြုခံရတဲ့အခါမှာ အဖွဲ့အစည်းတစ်ခုရဲ့ အစိတ်ပိုင်းတစ်ခုဖြစ်ရသည်ကို ဝမ်းမြောက်ဂုဏ်ယူတတ်ကြပါတယ်။ 

ဝန်ထမ်းများကိုကောင်းမွန်စွာသိရှိနားလည်ခြင်းဟာ ကောင်းမွန်ကျန်းမာတဲ့ အလုပ်ယဉ်ကျေးမှုတစ်ခုကို ဖြစ်ထွန်း စေပါသည်။ ဝန်ထမ်းများဟာ တစ်ဦးနှင့်တစ်ဦးကောင်းမွန်စွာသိရှိနားလည်သွားပါက သူတို့အချင်းချင်း ခိုက်ရန် ဖြစ်ပွားရန်နှင့် လုပ်ဖော်ကိုင်ဖက်အချင်းချင်း အပြစ်တင်ပြောဆိုမှုများ နည်းပါးသွားမည်ဖြစ်ပါသည်။ ပြဿနာ၊ အငြင်းပွားမှုများနှင့် နားလည်မှုလွဲခြင်းတို့ဟာ အလုပ်ခွင်ရဲ့အရည်အသွေးကို လျော့ကျစေသည်သာမကပဲ တစ်ဦး တစ်ယောက်ချင်းစီတိုင်း၏စိတ်ဖိစီးမှုကိုပါမြင့်တက်စေနိုင်ပါသည်။ ဝန်ထမ်းများသည် အဆိုပါအခြေနေများ၏ အောက်တွင် စိတ်တိုစိတ်ပျက်ခြင်းများကိုခံစားရနိုင်ပြီး ရလာဒ်များဖြစ်ပေါ်လာစေရန် အလွန်ပင်ခက်ခဲလာ ပါသည်။ 

သင့်ရဲ့ဝန်ထမ်းများကို အခြားသောဌာနများကိုကိုယ်စားပြုသောသူများနှင့် စကားပြောဆိုရန်ဘယ်တော့ မှမဟန့်တားလိုက်ပါနဲ့။ အလုပ်ခွင်အတွင်းရှိလူများအကြား သူငယ်ချင်းများ ထားရှိခြင်းဟာ ဘယ်လိုပြဿနာတွေ ကိုဖြစ်စေလို့ပါလဲ? လူတိုင်းဟာ ဘယ်လိုအရာတွေဟာ လျှို့ဝှက်ထားရမယ့်အရာများဖြစ်ပြီး ဖွင့်ဟလို့မရဘူး ဆိုတာကို နားလည်နိုင်ဖို့အတွက် လုံလောက်သောရင့်ကျက်မှုများရှိကြပါတယ်။ အဖွဲ့မန်နေဂျာများဟာ တစ်ဦး တစ်ယောက်ရဲ့မိသားစုဝင်များအကြောင်း၊ သူ/သူမရဲ့ တစ်ကိုယ်ရေဘဝနဲ့ ဆွေမျိုးများအကြောင်း အစရှိသည်တို့ ကို တစ်ခါတစ်ရံတွင် ဆွေးနွေးမှုများကိုလည်း ပြုလုပ်သင့်ပါတယ်။ သို့သော်လည်း သူတို့ရဲ့တစ်ကိုယ်ရေဘဝများ ကို အလွန်အမင်းစွက်ဖက်မှုများမပြုလုပ်ပါနဲ့။ ဝန်ထမ်းတစ်ဦး၏ အလွန်ကိုယ်ရေးကိုယ်တာဆန်သောကိစ္စ တစ်စုံ တစ်ရာကို မေးမြန်းမှုမပြုလုပ်ပါနဲ့ ဝန်ထမ်းများဟာ မန်နေဂျာများမှ သူတို့အားကိုယ်ရေးကိုယ်တာအဆင့်တွင်ပတ် သက်မှုများပြုလုပ်သည်ကို သဘောကျပျော်ရွှင်တတ်ကြပါသည်။ သူတို့အား နေ့စဉ်အလုပ်တို့မပျက်မကွက်တက် ရောက်စေနိုင်ပြီး၊ စိန်ခေါ်မှုများနှင့် အခက်အခဲများကိုလည်း အလွယ်တကူရင်ဆိုင်နိုင်စေသည့်အပြင် အဖွဲ့အစည်း အား ထိပ်ဆုံးနေရာသို့ရောက်ရှိနိုင်စေရန်အတွက် အစဉ်အမြဲကြိုးပမ်းမှုများကိုပြုလုပ်လာစေနိုင်ပါသည်။ သင့်ရဲ့ ဝန်ထမ်းများအား အဖွဲ့အစည်းအပေါ်တွင်တာဝန်ရှိသည်ဟု ခံစားလာရစေရန်အတွက်ကိုလုပ်ဆောင်ပါ။ သူတို့ရဲ့ လုပ်ငန်းစီမံချက်များနဲ့ အလုပ်တာဝန်များဟာ သူတို့ရဲ့ရင်နှစ်သည်းချာများကဲ့သို့ဖြစ်ကြပြီး သူတို့ဟာ ထိုအရာတို့ အပေါ်တွင် ရိုးသားမှုနှင့် ကောင်းမွန်စွာဂရုစိုက်ရမည်ဖြစ်ကြောင်း နားလည်မှုရှိပါစေ။ 

မန်နေဂျာများသည် သူတို့ရဲ့အဖွဲ့ဝင်များ၏ အမည်များအားလုံးကို သိရှိထားစေဖို့ရာနှင့် သူတို့ရဲ့ အဖွဲ့ဝင်များဟာ ဘယ်နေရာများတွင်လိုအပ်ချက်များရှိနေပြီး မည်သည့်အစပျိုးဆောင်ရွက်ပေးမှုများဟာ သူတို့အား ပိုမိုကောင်းမွန် တဲ့ကျွမ်းကျင်သူများဖြစ်လာစေမယ်ဆိုသည့်အရာကို သိရှိထားဖို့လိုအပ်ပါသည်။ ဝန်ထမ်းများအပေါ်ကောင်းမွန်စွာ သိရှိနားလည်ထားခြင်းသည် ပိုမိုကောင်းမွန်သောကုန်ထုတ်စွမ်းရည်နှင့် ရလာဒ်တို့ကိုရရှိစေပါသည်။ မန်နေဂျာ များဟာ သူတို့၏ဝန်ထမ်းများနှင့် အပြန်အလှန်ကောင်းမွန်စွာသိရှိနားလည်မှုများရှိသည့်အခါ ပြဿနာများတော်ရုံ နှင့် ဖြစ်လာတော့မည်မဟုတ်ပဲ အဖွဲ့အစည်းများဟာ အလုပ်လုပ်ရန်ပိုမို၍ကောင်းမွန်သောနေရာတစ်ခု ဖြစ်လာပါလိမ့်မည်။ 

 

ဒီ Article လေးက စာဖတ်သူပရိတ်သတ်တို့အတွက် အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Polymer Company Limited

Polymer Company Limited

Vision - To be the leader in the market. Mission - We will provide best and services available to make a difference. - We will inspire lifestyle of people. - We will treat all individuals (stak...
Show the postings (9)
Phee Int'l Shipping Myanmar Ltd

Phee Int'l Shipping Myanmar Ltd

MISSION: To provide all our customers an integrated one-stop platform to simplify their logistics management and carter to their total cargo and lifestyle logistics needs. VISION: To be the P...
Show the postings (8)
Magnate Group Logistics Co., Ltd.

Magnate Group Logistics Co., Ltd.

Our youthful and vigorous staffs have the passion and team spirit which has driven us into being able to expand to now 16 cities and further expanding to more with many outlets station and service poi...
Show the postings (14)
SOE MYINT & SONS Stainless Steel Trading Co., Ltd.

SOE MYINT & SONS Stainless Steel Trading Co., Ltd.

Talent and Technology Co.,Ltd

Talent and Technology Co.,Ltd

Vision - Access to electricity is fundamental for productive lives. All people in Myanmar should have access to and affordable and reliable electricity supply. Mission - Reduce poverty and imp...
Show the postings (10)

Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS