Jobs In Myanmar
Load...

လုပ်ငန်းခွင်အတွင်း စီမံခန့်ခွဲမှုဆိုင်ရာ ဆက်သွယ်ပြောဆိုမှုများ၏ အရေးပါပုံ

by www.jobsinyangon.com


ချိတ်ဆွဲရန်စာတန်း: Knowledge-Manager-Communication-HR-JobsinYangon



လုပ်ငန်းခွင်အတွင်း စီမံခန့်ခွဲမှုဆိုင်ရာ ဆက်သွယ်ပြောဆိုမှုများ၏ အရေးပါပုံ

 

လုပ်ငန်းခွင်အတွင်း စီမံခန့်ခွဲမှုဆိုင်ရာ ဆက်သွယ်ပြောဆိုမှုများ၏ အရေးပါပုံအားမလေ့လာမှီတွင် လက်တွေ့ဘဝမှ အခြေ အနေများကိုဦးစွာကြည့်ရှုကြရအောင်။ 

Tim နှင့် Jack တို့နှစ်ဦးလုံးဟာ နာမည်ကျော်ကြားသော အဖွဲ့အစည်းတစ်ခုတွင်အလုပ်လုပ်ခဲ့ကြပါသည်။ Tim ဟာ ဈေး ကွက်ရှာဖွေရေးကဏဏ္ဍကို ကိုယ်စားပြုပြီး Jack ဟာ ကြော်ငြာကဏ္ဍသို့သွားခဲ့ပါတယ်။ သူတို့နှစ်ဦးစလုံးဟာ သူတို့ဘာသာ လုပ်ကိုင်ရသည်ကိုသာ သဘောကျကြပါတယ်။ အဆိုပါ မန်နေဂျာနှစ်ဦးစလုံးဟာ တစ်ဦးနှင့်တစ်ဦးဆက်သွယ်ပြောဆိုမှု အလွန်နည်းပါးပြီး အကြောင်းအရာများကို ဆွေးနွေးကာ ပိုမိုကောင်းမွန်တဲ့ အဆုံးသတ်ရလဒ်များရရှိစေဖို့အတွက် မည်သည့် အခါတွင်မှ ဆန္ဒမရှိကြပါဘူး။ သူတို့ရဲ့အဖွဲ့အစည်းဟာ ထိုအဖွဲ့နှစ်ခုအကြား အဆက်အဆံမရှိမှုကြောင့် အရေးပါတဲ့ သဘော တူညီမှုတစ်ခုအား လက်လွှတ်ဆုံးရှုံးလိုက်ရပါတယ်။ ဒါဟာ အဖွဲ့အစည်းတစ်ခုအတွင်း ဆက်သွယ်ပြောဆိုမှုများရဲ့ အရေးပါ ပုံပဲဖြစ်ပါတယ်။  

မန်နေဂျာများဟာ သူတို့အချင်းချင်းကြားပြောဆိုဆက်ဆံမှုရှိရန်လိုအပ်သလိုပဲ သူတို့ရဲ့အဖွဲ့ဝင်များနှင့်လဲ ပြောဆိုဆက်ဆံမှု များရှိရန်လိုအပ်ပါသည်။ ဆက်ဆံပြောဆိုမှုရှိရသည့်အခါတွင်လည်း ထိုသို့ပြုလုပ်ရန်သာမကပဲ ထိရောက်မှုရှိစေရန်လည်း လိုအပ်ပါသည်။ ယနေ့ကမ္ဘာတွင် ထိရောက်မှုရှိအောင်ပြောဆိုဆက်ဆံတတ်ခြင်းက အောင်မြင်မှုရရှိရန်အတွက် အဓိက သော့ချက်ပဲဖြစ်ပါတယ်။ 

စီမံခန့်ခွဲမှုဆိုင်ရာပြောဆိုဆက်ဆံမှုများဟာ ဘာကြောင့်အလုပ်ခွင်အတွင်းအရေးပါရတာလဲ?

ဆက်သွယ်ပြောဆိုခြင်းဟာ အဖွဲ့အစည်းတစ်ခုအတွင်းရှိ ဝန်ထမ်းများအကြား အတွေးအမြင်များဖလှယ်ရန်အတွက် မရှိမဖြစ်လိုအပ်သောအရာဖြစ်ပါသည်။ ကောင်းမွန်သောဆွေးနွေးမှုများကို အလုပ်ခွင်အတွင်းခွင့်ပြုပေးခြင်းအားဖြင့် ပိုမို မြန်ဆန်ကောင်းမွန်သောရလဒ်များအားရရှိစေပါသည်။ အလွန်ကောင်းမွန်တဲ့အကြံအစည်တစ်ခုဟာ မျှဝေခြင်းမခံရပါက အသုံးမဝင်နိုင်ပါဘူး။ မန်နေဂျာများဟာ သူတို့အချင်းချင်း ပြောဆိုဆက်ဆံခြင်းအားဖြင့် သူတို့ရဲ့အဖွဲ့များကိုသာမက အဖွဲ့ အစည်းတစ်ခုလုံးကိုပါ အကျိုးရှိစေတဲ့အကြံအစည်ကောင်းများကိုရရှိနိုင်စေမှာဖြစ်ပါတယ်။ 

စီမံခန့်ခွဲမှုဆိုင်ရာ ပြောဆိုဆက်ဆံမှုများဟာ သတ်မှတ်ထားသော အချိန်အတိုင်းအတာတစ်ခုအတွင်း ရည်ရွယ်ချက်များကို ရရှိအောင်ဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းခွင်တစ်ခုအတွင်းတွင် မရှိမဖြစ်လိုအပ်သည့်အရာတစ်ခုဖြစ်ပါသည်။ ကိစ္စ ရပ်များကို တစ်ဦးတစ်ယောက်တည်းပြုလုပ်ခြင်းဟာ ဝန်ထမ်းများမှအဖွဲ့လိုက်ပြုလုပ်ခြင်းထက် ပို၍အချိန်ကြာစေမည်ဖြစ် ပါသည်။ မန်နေဂျာများဟာ သူတို့ရဲ့အဖွဲ့ဝင်များနှင့် ထိထိရောက်ရောက်ပြောဆိုဆက်သွယ်ခြင်းအားဖြင့် အဖွဲ့ဝင်များကို သူတို့ရဲ့အဓိကတာဝန်ရှိသောနေရာများနှင့် သူတို့ထံမှဘာတွေကိုမျှော်လင့်ချက်ထားနေလဲဆိုသည်ကို နားလည်စေနိုင်မည် ဖြစ်ပါသည်။ ထိရောက်သောပြောဆိုဆက်ဆံခြင်းဟာ အဖွဲ့ဝင်များအကြားသင့်လျော်သော အလုပ်အပေါ်တာဝန်ယူမှုရှိစေ ရန်အတွက် သေချာမှုရှိစေရန် လုပ်ဆောင်ပေးနိုင်ပါသည်။ 

ထိရောက်စွာပြောဆိုဆက်ဆံမှုပြုခြင်းဟာ အလုပ်များထပ်နေခြင်းကိုလည်းလျှော့ချစေနိုင်ပါသည်။ မန်နေဂျာတစ် ဦးဟာ အခြားသောအဖွဲ့များက ဘာတွေကိုဆောင်ရွက်နေသလဲဆိုတာကို သိရှိထားဖို့လိုအပ်ပါသည်။ အဖွဲ့အစည်းတစ်ခုအတွင်းရှိ နောက်ဆုံးဖြစ်ပေါ်နေသောအကြောင်းအရာများကို သိရှိနေစေရန်အတွက် ကြိုးပမ်းလုပ်ဆောင်ရမည်ဖြစ်ပါသည်။ ထို အရာဟာ အဖွဲ့အစည်းတစ်ခုအတွင်းရှိ ဝန်ထမ်းများသည် တစ်ဦးနှင့်တစ်ဦးပြောဆိုဆက်ဆံမှု ရှိနေမှသာလျှင် ဖြစ်လာနိုင် မည်ဖြစ်ပါသည်။ 

မန်နေဂျာများဟာ သူတို့ရဲ့အဖွဲ့ဝင်များရဲ့ မကျေနပ်ချက်များနှင့် ပြဿနာများကို နားလည်သဘောပေါက်ရန်အတွက် ပြောဆိုဆက်ဆံမှုရှိကိုရှိရမည်ဖြစ်ပါသည်။ နောက်ပိုင်းတွင် ကြီးမားသောပြဿနာများ ဖြစ်ပေါ်မလာစေရန်အတွက် မေးခွန်းများကို ကနဦးအဆင့်များတွင်ပင် ဖြေရှင်းပေးသင့်ပါသည်။ အဖွဲ့ဝင်များဟာ သူတို့ရဲ့အဖွဲ့မန်နေဂျာများကို ပြောဆို တင်ပြနိုင်ဖို့ရာအတွက် အခွင့်အရေးရှိသင့်ပါသည်။ ပြောဆိုဆက်ဆံမှုများပြုလုပ်ရာတွင် စကားဖြင့်ပြောဆိုဆက်ဆံမှုများ အပြင်၊ စာဖြင့်ပြောဆိုဆက်သွယ်မှုများကိုလည်းပြုလုပ်နိုင်ပါတယ်။ မန်နေဂျာများနှင့် လက်အောက်ငယ်သားများဟာ အပြန် အလှန် email များ၊ သတိပေးချက်များ၊ ရုံးတွင်းစာများ အစရှိသည်တို့နှင့် ပြောဆိုဆက်သွယ်မှုများပြုလုပ်နိုင်ပါသည်။ နောင်တစ်ချိန်တွင်ပြန်လည်ကြည့်ရှုနိုင်သည့်အတွက် Email များဟာ အားကိုးအားထားအပြုရဆုံးသော ပြောဆိုဆက်သွယ်မှု တစ်ခုဖြစ်ပါသည်။ 

စီမံခန့်ခွဲမှုဆိုင်ရာ ပြောဆိုဆက်ဆံမှုများဟာ မန်နေဂျာများကို သူတို့အဖို့နှင့် အဖွဲ့အစည်းတို့အတွက်  ရည်ရွယ်ချက် များနှင့် ဦးတည်ချက်များထားရှိနိုင်စေရန်အတွက်ကိုလည်း အကူအညီပေးနိုင်ပါသည်။ အဖွဲ့အစည်းတစ်ခု၏ ရည် မှန်းချက်များကို ဝန်ထမ်းတစ်ဦးတစ်ယောက်တည်းမှ ချမှတ်ရန်မဖြစ်နိုင်ပါ။ ဒါကြောင့်ဆက်စပ်သက်ဆိုင်နေသော ဝန်ထမ်းများအားလုံးနှင့် ဆက်ဆံမှုများပြုလုပ်ကာ အဖွဲ့ဝင်များအတွက် ဦးတည်ချက်များကို သတ်မှတ်ပေးရမှာဖြစ်ပြီး အဖွဲ့အစည်းအတွက် ရည်ရွယ်ချက်ပန်းတိုင်များကိုလည်း သတ်မှတ်ပေးရမှာဖြစ်ပါတယ်။ 

စီမံခန့်ခွဲမှုဆိုင်ရာ ပြောဆိုဆက်ဆံမှုများဟာ အကျပ်အတည်းများဖြစ်ပေါ်စဉ်တွင် အဓိကအရေးပါသောအခန်းကဏ္ဍ မှပါဝင်နေပါသည်။ အရေးကြီးသောကိစ္စများဖြေရှင်းရာတွင်ဝန်ထမ်းတစ်ဦးခြင်းစီ၏ အဆင့်အတန်းနှင့်ရာထူးများဟာ တန်းတူပဲရှိနေပါတယ်။ တစ်ဦးနှင့်တစ်ဦးထိထိရောက်ရောက်ပြောဆိုဆက်သွယ်မှုများပြုလုပ်ပြီး အဖွဲ့အစည်းတစ်ခုရဲ့ ခက်ခဲသောအခြေအနေများမှ လွယ်လွယ်ကူကူလွတ်မြောက်လာနိုင်စေရန်အတွက် ဆောင်ရွက်လိုက်ပါ။ ရိုးရှင်းသော စကားလုံးများကိုအသုံးပြုပြီး ထိရောက်သောပြောဆိုဆက်ဆံမှုများဟာ အရေးပေါ်အခြေအနေများတွင် အရေးပါသော အသက်သွေးကြောအဖြစ်ဆောင်ရွက်နိုင်ပြီး ဝန်ထမ်းများကိုပိုမိုနီးကပ်မှုရရှိစေမှာဖြစ်ပါတယ်။ 

ထိရောက်သော ပြောဆိုဆက်ဆံမှု၏ရလဒ်အနေဖြင့် ဝန်ထမ်းများကို လုံခြုံတဲ့ခံစားမှုကိုရရှိစေမှာဖြစ်ပြီး အဖွဲ့အစည်းတစ်ခု အပေါ်တွင် မိမိပိုင်ဆိုင်သောအဖွဲ့အစည်းကဲ့သို့အမြင်ကိုဖြစ်ထွန်းစေနိုင်မှာဖြစ်ပါတယ်။ 

 

ဒီ Article လေးဟာ စာဖတ်သူပရိတ်သတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


One Two Three Express

One Two Three Express

..Door to door express delivery service last-mile delivery service.....
Show the postings (8)
Fair Deal Co., Ltd

Fair Deal Co., Ltd

..Fair Deal Co., Ltd ....
Show the postings (1)
River King Ayeyar Construction Co., Ltd.

River King Ayeyar Construction Co., Ltd.

Our Vision To develop and maintain an everlasting strong relationship with our client based on trust and the quality of services provided by us. Our Mission To deliver excellence quality in time...
Show the postings (20)
Creative Fox Co.,Ltd

Creative Fox Co.,Ltd

Design Communications International Co, Ltd.

Design Communications International Co, Ltd.

..Design Communications International Co, Ltd.....
Show the postings (2)

Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS