Jobs In Myanmar
Load...

လုပ်ငန်းများအတွက် Social Media Marketing ပြုလုပ်ခြင်း၏ အရေးပါပုံ (အပိုင်း - ၂)

by www.jobsinyangon.com


ချိတ်ဆွဲရန်စာတန်း: News-Importance-Of-SocialMedia-Marketing-JobsInYangon



လုပ်ငန်းများအတွက် Social Media Marketing ပြုလုပ်ခြင်း၏ အရေးပါပုံ (အပိုင်း - ၂)


Digital နည်းပညာများတိုးတက်လာသည်နှင့်အမျှ လုပ်ငန်းစီးပွားရေးများဟာလည်း Virtual ကမ္ဘာသို့ ချဲ့ထွင်မှုများကို ပြုလုပ်လျှက်ရှိလာကြပြီး ဈေးကွက်ချဲ့ထွင်ရေးလုပ်ဆောင်ချက်များတွင် Digital Marketing (သို့) Social Media Marketing ရဲ့ အခန်းကဏ္ဍဟာလည်း တစ်နေ့တစ်ခြား ကြီးထွားလာလျှက်ရှိနေပါတယ်။ ဒီအကြောင်းအရာလေးနဲ့ပတ်သက်ပြီး လုပ်ငန်းများအတွက် Social Media Marketing ပြုလုပ်ခြင်း၏ အရေးပါပုံကို မနေ့က အပိုင်း (၁)တွင်ဖော်ပြပေးခဲ့ပြီး ယနေ့မှာတော့ ကျန်ရှိနေသေးတဲ့အချက်များကို www.jobsinyangon.com ကနေ ဆက်လက်၍ တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။

 

၆။ ပုံမှန်ဝယ်ယူမှုပြုလုပ်နေသူများရဲ့ ဝယ်ယူမှုအလေ့အထကို လေ့လာနိုင်ခြင်း

Social Media Network များကို လူတိုင်းကအသုံးပြုလာနိုင်ကြပြီဖြစ်တဲ့အတွက် လုပ်ငန်းများအနေနဲ့ သူတို့ထံမှ ဝယ်ယူအားပေးလျှက်ရှိနေတဲ့ Customer များရဲ့ activity များအပြင် Potential buyer များရဲ့ activity များကိုပါ လေ့လာနိုင်လာကြပြီပဲဖြစ်ပါတယ်။ ဒီအချက်က Marketing သမားများအဖို့ သူတို့ပစ်မှတ်ထားရမယ့် သုံးစွဲသူပရိသတ်များရဲ့ နှစ်သက်မှုများ၊ မနှစ်သက်တဲ့အရာများ၊ စိတ်ဝင်စားမှုများကို ပိုမို၍ အသေးစိတ်ကျကျ သိရှိလာနိုင်ပြီး ဖော်ပြပါ Customer များကို ဆွဲဆောင်နိုင်ရန်အတွက် ပိုမိုကောင်းမွန်တဲ့ Marketing Strategy များကို ရေးဆွဲလာကြနိုင်စေမှာဖြစ်ပါတယ်။

ဒီအလေ့အထများကို လေ့လာနိုင်တဲ့အခါမှာ မိမိတို့ရဲ့ Page အတွက် content များရေးသားရာတွင် လိုက်နာရမည့်အချက်များကိုလည်း သိရှိလာနိုင်မှာဖြစ်ပြီး ပိုမိုကောင်းမွန်တဲ့ Digital Marketing Strategy များကို ဖော်ဆောင်နိုင်ခြင်းအားဖြင့် ပိုမိုများပြားတဲ့ Customer များကို ရရှိလာနိုင်စေပါတယ်။

 

၇။ Return On Investment (ROI) ကို ပိုမို၍တိုးမြှင့်ပေးနိုင်ခြင်း

Social Media Marketing နှင့် Advertising ပြုလုပ်ခြင်းဟာ သင့်ရဲ့ရင်းနှီးမြှုပ်နှံမှုများမှ ပြန်လည်ရရှိလာမည့် အကျိုးအမြတ် (ROI) ကိုလည်း ပိုမို၍တိုးပွားလာစေမှာဖြစ်ပါတယ်။ Social Media Site များပေါ်တွင် ကုန်ပစ္စည်းများကို ကြော်ငြာခြင်းအတွက် ကုန်ကျနိုင်တဲ့ ကုန်ကျစားရိတ်ဟာ ပြန်လည်ရရှိလာမည့်အကျိုးအမြတ်များနှင့် နှိုင်းယှဉ်လိုက်ပါက အများအားဖြင့် နည်းပါးနေမှာဖြစ်တဲ့အတွက် လူကြီးမင်းတို့အနေနဲ့ အမြတ်ငွေများကို ပိုမိုရရှိလာမှာဖြစ်ပါတယ်။ ဒါ့အပြင် Digital Marketing ကို ဈေးကွက်ချဲ့ထွင်ရေးနည်းဗျူဟာတစ်ရပ်အနေဖြင့် အသုံးပြုပေးခြင်းအားဖြင့် မိမိတို့ရဲ့ Product များအကြောင်းကို ရာနှင့်၊ ထောင်နှင့်ချီသော Potential Buyer များဆီသို့ Targeted Ads များဖြင့် အရောက်ပို့ပေးနိုင်မှာဖြစ်တဲ့အတွက် သမားရိုးကျအတိုင်းကြော်ငြာရန် လိုအပ်မယ့် ကုန်ကျစားရိတ်များကို သိသိသာသာကို လျှော့ချပေးနိုင်ပါတယ်။

 

၈။ သုံးစွဲသူများနှင့် ကောင်းမွန်တဲ့ဆက်ဆံရေးများကိုတည်ဆောက်နိုင်ခြင်း

Customer များနှင့် ဆက်ဆံရေးများကို‌ကောင်းစွာတည်ဆောက်ထားနိုင်တဲ့ လုပ်ငန်းများဟာ အမြန်ဆုံးတိုးတက်လာမယ့်လုပ်ငန်းများဖြစ်ကြပါတယ်။ ဘာလို့လဲဆိုတော့ Customer များဟာ သင့်ဖက်ကပေးအပ်ထားတဲ့ ဝန်ဆောင်မှုများနဲ့ ထုတ်ကုန်များအပေါ်ယုံကြည်မှုရှိလာစေမှာဖြစ်တဲ့အပြင် သင့်ရဲ့ လုပ်ငန်းကိုလည်း personal level အရ ပိုမို၍ရင်းနှီးမှုရရှိလာစေနိုင်လို့ပဲဖြစ်ပါတယ်။

ဒီအတွက်ကြောင့်ပဲ ကမ္ဘာပေါ်ရှိ စီးပွားရေးလုပ်ငန်းရှင်များဟာ Social Media Forum များမှတဆင့် သူတို့ရဲ့ Follower များနဲ့ ရင်းနှီးမှုရှိတဲ့ဆက်ဆံရေးများကိုတည်ဆောက်ပြီး အပြန်အလှန်စကားပြောဆိုခြင်း၊ မေးမြန်းမှုများကိုဖြေကြားခြင်း၊ အကူအညီလိုအပ်နေသူများကို တတ်နိုင်တဲ့ဖက်မှ အကူအညီများပေးအပ်ခြင်းတို့ကို ပြုလုပ်နေကြတာပဲဖြစ်ပါတယ်။ ဘဝရဲ့ရှုထောင့်တိုင်းမှာ လူတစ်ဦးနှင့်တစ်ဦး ပြောဆိုဆက်သွယ်ခြင်းဟာ အရေးအကြီးဆုံးအရာတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ဒီအချက်ဟာ လုပ်ငန်းများတွင်လည်း အရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်လျှက်ရှိနေပြီး သင့်ရဲ့ သုံးစွဲသူပရိသတ်များအကြောင်း ပိုမိုနားလည်မှုရှိလာစေရန်အတွက် အထောက်အကူဖြစ်စေနိုင်ပါတယ်။

 

၉။ မိမိတို့ရဲ့ Brand Awareness ကို မြှင့်တင်ပေးနိုင်ခြင်း

ပိုမိုများပြားတဲ့ Customer base ကို ဆွဲဆောင်နိုင်ရန်အတွက် အရေးကြီးတဲ့အချက်ကတော့ မိမိတို့ရဲ့ Potential Buyer များက မိမိတို့ရဲ့ Brand အကြောင်းကို ကြားဖူးနားဝရှိနေဖို့အတွက် Brand Awareness ကိုတည်ဆောက်ခြင်းပဲဖြစ်ပါတယ်။ Potential customer များအားလုံးအတွက် Creative ဖြစ်ပြီး မျက်စိပဒါသဖြစ်စေမယ့် Content များကိုဖန်တီးခြင်းအားဖြင့် မိမိတို့ရဲ့ Brand Awareness ကို ရရှိနိုင်ရန်အတွက် ပြုလုပ်ပေး၍ရနိုင်ပါတယ်။

ဒါ့အပြင် သင့်ရဲ့ Target Audience က ထုတ်ကုန်/ ကုန်ပစ္စည်းတစ်ခုအားဝယ်ယူဖို့စဉ်းစားရာတွင် သင့်ကိုလည်းထည့်သွင်းစဉ်းစားကြစေရန်အတွက် ထိုအရာကို ကြိမ်ဖန်များစွာပြုလုပ်ပေးသွားရမှာဖြစ်ပါတယ်။ ဒီလိုပြုလုပ်ပေးခြင်းအားဖြင့် မိမိတို့ရဲ့ Brand Name ဟာ Social Media ကို အသုံးပြုလျှက်ရှိနေတဲ့ Customer များရဲ့ စိတ်ထဲတွင် အမြဲရှိနေစေမှာဖြစ်ပြီး သင့်ရဲ့ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို ဝယ်ယူလိုမှုအားကို တိုးမြင့်လာစေမှာပါ။ 

 

၁၀။ မိမိတို့ရဲ့ ထုတ်ကုန်များနဲ့ ဝန်ဆောင်မှုများကို Promote ပြုလုပ်နိုင်ခြင်း

Social Media Network များပေါ်တွင် အမြဲရှိနေပြီး မိမိတို့ရဲ့ Brand Awareness ကို တည်ဆောက်ပြီးသွားပြီဆိုရင်တော့ လုပ်ငန်းရှင်များအနေနဲ့ အများဆုံးပြုလုပ်လေ့ရှိတဲ့အရာတစ်ခုကတော့ မိမိတို့ရဲ့ ထုတ်ကုန်များနဲ့ ဝန်ဆောင်မှုများကို Promote ပြုလုပ်ခြင်းပဲဖြစ်ပါတယ်။ ထိုသို့ပြုလုပ်ရာတွင် Carousel ကဲ့သို့သော Advertisement Site များကိုအသုံးပြု၍ ပြုလုပ်ပေးခြင်းအားဖြင့် မိမိတို့ရဲ့ထုတ်ကုန်များနှင့် ပတ်သက်တဲ့ ဓါတ်ပုံများစွာကိုထည့်သွင်းပြသ၍ ကြော်ငြာမှုပြုလုပ်နိုင်မှာဖြစ်ပါတယ်။

ဒီလိုပြုလုပ်ပေးခြင်းအားဖြင့် Customer များမှ သင့်ရဲ့ Brand အောက်တွင် ရရှိနိုင်တဲ့ ဝန်ဆောင်မှုများနှင့် ထုတ်ကုန်များအားလုံးကို ကြော်ငြာတစ်ခုတည်းတွင် တွေ့မြင်နိုင်စေမှာဖြစ်ပါတယ်။

 

နိဂုံး

Social Media များဟာ စွမ်းပကားကြီးမားလှတဲ့ Platform တစ်ခုဖြစ်ပါတယ်။ ယနေ့ကဲ့သို့သော Digital နည်းပညာခေတ်ကြီးတွင် လုပ်ငန်းရှင်များ၊ Marketing သမားများနှင့် Blogger များအနေနဲ့ ထိုအရာကို အပြည့်အဝအသုံးချနိုင်ခဲ့ပါက အကောင်းဆုံးသောရလာဒ်များကို ရရှိလာမှာဖြစ်ပါတယ်။ ထိုသို့ပြုလုပ်ရာတွင်လည်း အသေးစိတ်ကျကျကောင်းမွန်စွာရေးဆွဲထားတဲ့အစီအစဉ်တစ်ခုတည်းရှိနေရုံနဲ့ လုံလောက်မှုရှိမှာမဟုတ်တဲ့အတွက် လက်တွေ့မှာ ထိုအတိုင်းလိုက်ပါအကောင်အထည်ဖော်နိုင်ရန်အတွက်ကိုလည်း ကြိုးစားကြရမှာဖြစ်ပါတယ်။ ဒါကြောင့်လည်း သင့်အနေနဲ့ ကြည့်လိုက်ပါက ဆွဲဆောင်မှုရှိစေမယ့် content များကိုဖန်တီး၍ Customer များက အထဲမှာဘာတွေရေးသားထားသလဲဆိုတာကို ဝင်ရောက်ဖတ်ရှုလိုစိတ်နှင့် စိတ်ဝင်စားမှုရှိလာစေရန်အတွက် ပြုလုပ်ပေးဖို့လိုအပ်မှာဖြစ်ပါတယ်လို့ပြောကြားရင်း နိဂုံးချုပ်လိုက်ပါရစေခင်ဗျာ။

 

ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ကျေးဇူးတင်လျှက်

www.jobsinyangon.com 


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


KT Group

KT Group

Our Group Vision “To be a world class organisation nurturing and encouraging the talents of our people who enable us to grow a thriving business committed to building a modern and transparent Mya...
Show the postings (1)
FORUM8 YANGON Co.,Ltd.

FORUM8 YANGON Co.,Ltd.

Sales/Office work, Engineering workFORUM8 exerts its force primarily on the development/marketing of software that support civil engineering design, analysis, architectural design, etc. and lately the...
Show the postings (1)
KM Terminal and Logistics Limited

KM Terminal and Logistics Limited

VISION To be the leading Asia based logistics service provider. MISSION With our home base in Asia and a strong focus on China, we deliver the best logistics solutions to make our customers succe...
Show the postings (10)
Fair Deal Co., Ltd

Fair Deal Co., Ltd

..Fair Deal Co., Ltd ....
Show the postings (1)
M9 Public Co., Ltd.

M9 Public Co., Ltd.

M9 Public Co., Ltd.’s 21st Century Vision is ‘’To be the best distributor for promoting customer living standards by offering high quality and modern products, together with great customer servi...
Show the postings (11)

Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS