Jobs In Myanmar
Load...

ဝန်ထမ်း အရည်အသွေး မြှင့်တင်နိုင်မည့် နည်းလမ်းများ

by JOBLESS


ချိတ်ဆွဲရန်စာတန်း: improvement work employee ways



 

ရန်ကုန်၊ မေ ၂၈ ရက်။ ။  ဝန်ထမ်းများ၏ အတွေ့အကြုံများကို သူ့နေရာနှင့်သူ အံဝင်ဂွင်ကျဖြစ်အောင် အနည်းငယ် ချိန်ညှိပေးရုံမျှဖြင့် မြင့်မားတဲ့ လုပ်ငန်းအောင်မြင်မှုများကို ရရှိနိုင်ကြောင်း သုတေသနပြု လေ့လာတွေ့ရှိချက်များက ဖော်ပြလျက်ရှိသည်။ ထို့ကြောင့် ဝန်ထမ်းများ၏ လုပ်ငန်းခွင် အတွေ့ အကြုံများကို အခြေခံ၍ ဝန်ထမ်းအရည်အသွေးမြှင့်တင်နိုင်သလို လုပ်ငန်းအောင်မြင်မှုများလည်း ရရှိနိုင်မည့် နည်လမ်းများကို www.jobless.com.mm မှ ပြန်လည်ဝေမျှ ခြင်းဖြစ်သည်။

၁။ကုမ္ပဏီ သတင်းအချက်အလက် ပြည့်စုံမှု ရှိပါစေ။

          ဝန်ထမ်းများသည် ပထမဆုံး လုပ်ငန်းခွင်ဝင်ရောက်သည့် နေ့မတိုင်ခင်ကပင် မိမိလုပ်မည့် ကုမ္ပဏီနှင့် ပတ်သက်သော အချက်အလက်များကို လေ့လာလေ့ရှိကြသည်။ သုတေသနပြုမှတ်တမ်းများ အရ ၈၂ ရာခိုင်နှုန်းသော လုပ်ငန်းခွင်ဝင်ရောက်နေသူများသည် မိမိလုပ်ကိုင်မည့် လုပ်ငန်းနှင့် ပတ်သက်သော သတင်းအချက်အလက်များကို အလုပ်လျှောက်စဉ်ကတည်းက လေ့လာခဲ့ပြီး ဖြစ်ကြသည်။ သို့သော် ၃၂ ရာခိုင်နှုန်းသော ဝန်ထမ်းများသာလျှင် မိမိ လုပ်ငန်းအတွက် အသုံးတည့်သည့် သတင်းအချက်အလက်များကို ရှာဖွေတွေ့ရှိကြောင်းသိရသည်။

          ထို့ကြောင့် ကုမ္ပဏီတစ်ခုသည် မိမိ လုပ်ငန်းနှင့် သက်ဆိုင်သော သတင်းအချက်အလက် ဗဟုသုတများကို မိမိလုပ်ငန်းအား ဝင်ရောက်လုပ်ကိုင်လိုသည့် အလုပ်ရှာသူများ စိတ်ဝင်စားအောင် ပြည့်ပြည့်စုံစုံ ဖော်ပြထားသင့်ပေသည်။

 

၂။ ပထမဆုံး တွေ့ဆုံမှုကို အကျိုးရှိစွာ အသုံးချပါ။

          ပထမဆုံးတွေ့ဆုံမှုဆိုသည်မှာ အလုပ်ရှင်နှင့် အလုပ်ရှာသူ (သို့မဟုတ်) အလုပ်သမားများ၏ အင်တာဗျူး ပင်ဖြစ်သည်။ လုပ်ငန်းရှင်ကလည်း လိုအပ်ချက်များ၊ လုပ်ဆောင်ရမည့်တာဝန်များ၊ ပံ့ပိုးပေမည့်အရာများကို ရှင်းလင်းစွာ ထုတ်ဖော်ပြောကြားသင့်ပေသည်။ မှတ်တမ်းများအရ ထိုသို့ ပွင့်လင်းမြင်သာသည့် အင်တာဗျူးများသည် အလုပ်ရှာသူများ၏ ၈၉ ရာခိုင်နှုန်းခန့်ကို လုပ်ငန်းခွင်ဝင်ရောက်ရန် စိတ်လှုပ်ရှားသည့် စွဲဆောင်မှုများကို ဖြစ်ပေါ်စေကြောင်းတွေ့ရသည်။

 

၃။ ပြီးပြည့်စုံသည့် လုပ်ငန်းခွင် စတင်မှုဖြစ်ပါစေ။

          ပြီးပြည့်စုံသည့် လုပ်ငန်းခွင် စတင်မှုဆိုသည်မှာ နွေးထွေးပျူငှာသည့် ကြိုဆိုမှုနှင့်အတူ ရှင်းလင်းသည့် လမ်းညွှန်ချက်များ၊ စည်းလုံးသည့် သင်းဖွဲ့ပုံစံများ ပါဝင်သည်။ လုပ်ငန်းခွင် စတင် ဝင်ရောက်သူများ၏ ၉၂ ရာခိုင်နှုန်းခန့်သည် ထိုသို့သော စတင်မှုများကြောင့် အောင်မြင်သည့် အမြဲတမ်းဝန်ထမ်းများအဖြစ် ဆက်လက်တည်မြဲလျက်ရှိကြောင်း တွေ့ရသည်။

 

၎။ လုပ်ငန်းနေရာနှင့် ကျင့်သားရပါစေ။

          မျက်နှာချင်းဆိုင် တွေ့ဆုံ ရှင်းလင်းခြင်း၊ လမ်းညွှန်ခြင်းကြောင့်လည်း ဝန်ထမ်းအရည်အချင်းများ တိုးတက်စေနိုင်ကြောင်း တွေ့ရှိရသည်။ ထိုသို့တွေ့ဆုံမှုများအတွင်း မိမိလုပ်ကိုင်ရမည့် လုပ်ငန်းတာဝန်များကို အဓိက သင်ယူခွင့်ရသူများသည် လုပ်ငန်းနှင့် အလျင်မြန်ဆုံး အံဝင်ဂွင်ကျ ဖြစ်လာကြောင်း လေ့လာချက်များအရ သိရသည်။ ထိုသို့ တွေ့ဆုံမှုပြုလုပ်ရန် အားနည်းသည့် လုပ်ငန်းခွင်များတွင် ၂၉ ရာခိုင်နှုန်းခန့်သာလျှင် လုပ်ငန်းအတွက် တန်ဖိုးရှိသော ဝန်ထမ်းများဖြစ်လာသည်။ ရာခိုင်နှုန်းအားဖြင့် အလွန်နည်းပါးသည့် အခြေအနေဖြစ်သည်။

          ထို့ကြောင့် ဝန်ထမ်းနှင့် လုပ်ငန်းနေရာ ကျင့်သားရမှုကို စောလျှင်စွာ ဖြစ်စေရန် ဦးစားပေး လုပ်ဆောင်သင့်ပေသည်။

 

၅။ ကုမ္ပဏီ အခင်းအကျင်းနှင့် ဖွဲ့စည်းပုံများအတွက် ရင်းနှီးမြှုပ်နှံပါ။

          ပြည့်စုံသည့် ဖွဲ့စည်းပုံရှိသော ကုမ္ပဏီတစ်ခုသည် ဝန်ထမ်းများအတွက် လုပ်ငန်းလုပ်ဆောင်ခြင်း နှင့် သတင်းအချက်အလက်ဖြန့်ဝေမှုများတွင် အထောက်အကူဖြစ်သည်။ မှတ်တမ်းများအရ လုပ်ငန်းလုပ်ဆောင်ခြင်းအတွက် ၉၄ ရာခိုင်နှုန်း၊ သတင်းအချက်အလက်ဖြန့်ဝေခြင်းအတွက် ၈၅ ရာခိုင်နှုန်းခန့် အထောက်အကူ ဖြစ်ကြောင်း တွေ့ရှိရသည်။

          ထိုသို့ ရင်းနှီးမြှုပ်နှံမှု မလုပ်သည့် ကုမ္ပဏီများတွင်မူ ၄၀ ရာခိုင်နှုန်းခန့်သာ အထောက်အကူ ရကြောင်း တွေ့ရှိရသည်။

ဆက်လက်ဖော်ပြပါမည်။ www.jobless.com.mm

          


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Sea Rain Co.,Ltd

Sea Rain Co.,Ltd

United Paints Group (UPG) Co., Ltd.

United Paints Group (UPG) Co., Ltd.

United Paints Group Co.,Ltd. သည် ဝန်ထမ်းများအပေါ် - > ရသင့်ရထိုက်သော ခံစားခွင့်များ၊ ရပိုင်ခ...
Show the postings (12)
IMYANMARHOUSE CO.,LTD.

IMYANMARHOUSE CO.,LTD.

.We publish monthly property magazines since May 2015 and 13 property related books so far.iMyanmarHouse.com is the market leader of Myanmar Real Estate online platform that connects buyers, real esta...
Show the postings (11)
Definity Group of Co.,Ltd

Definity Group of Co.,Ltd

World Trading Co.,Ltd

World Trading Co.,Ltd

..Exporters Importers and Distributors We Import Laboratory Chemicals, Perfume Body Spray,European & Turkish Premium Food Products Yonca Sunflower Oil, Rio Santo Sauce Sole Distributor in Myanmar. ...
Show the postings (3)

Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS