ချိတ်ဆွဲရန်စာတန်း: News-India-Digital-Rupee-JobsInYangon
ယခုနှစ်အတွင်း Digital ရူပီးငွေကို ထုတ်ပြန်ပေးသွားမှာဖြစ်တယ်လို့ အိန္ဒိယနိုင်ငံမှ ကြေငြာ
တရုတ်နိုင်ငံမှ digital ယွမ်ငွေကိုစတင်စမ်းသပ်မှုများပြုလုပ်နေခြင်းနှင့်အတူ ယခုအခါ အိန္ဒိယနိုင်ငံဟာလည်း ၎င်းတို့ရဲ့ official virtual currency ကို ထုတ်ပြန်သွားတော့မှာဖြစ်တယ်လို့ စတင်ကြေငြာလိုက်ပြီဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံရဲ့ ဘဏ္ဍာရေးဝန်ကြီးဖြစ်သူ Nirmala Sitharaman မှ သူမရဲ့ နှစ်စဉ်ဘဏ္ဍာရေးမိန့်ခွန်းတွင် အိန္ဒိယနိုင်ငံဟာ ၎င်းတို့ရဲ့နိုင်ငံသုံးငွေကြေး ရူပီးငွေရဲ့ digital version ကို ယခုနှစ်အတွင်းမှာ စတင်၍ ထုတ်ပြန်သွားမှာဖြစ်တယ်လို့ပြောကြားခဲ့ခြင်းနှင့်အတူ ဒီဂျစ်တယ်ပိုင်ဆိုင်မှုများမှ ရရှိသည့်ငွေကြေးအပေါ် ဝင်ငွေခွန်ကို ၃၀% သို့ တိုးမြှင့်ကောက်ခံသွားဖို့ကိုလည်း စီစဉ်ထားကြောင်း ပြောကြားခဲ့ပါတယ်။
“ဗဟိုဘဏ်မှထိန်းချုပ်ထားတဲ့ digital currency ငွေကြေးကို စတင်ဖော်ဆောင်ခြင်းဟာ digital စီးပွားရေးများအတွက် ကြီးမားစွာအထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။” “ဒါ့အပြင် Digital currency များဟာ နိုင်ငံသုံးငွေကြေးကို စီမံခန့်ခွဲရာတွင် ပိုမို၍ထိရောက်မှုရှိစေမှာဖြစ်ပြီး ကုန်ကျစားရိတ်ကိုလည်း သက်သာစေနိုင်မှာ ဖြစ်ပါတယ်” ဟူ၍ သူမက ပြောကြားခဲ့တယ်လို့ သိရှိရပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။