ချိတ်ဆွဲရန်စာတန်း: News-Intel-Cryptomining-Chip-JobsInYangon
Cryptocurrency mining ပြုလုပ်ရန် သီးသန့်ဒီဇိုင်းရေးဆွဲထားသည့် chip ပြားအသစ်ကို Intel မှ ဖြန့်ချီသွားရန် စီစဉ်လျှက်ရှိ
Intel ဟာ cryptocurrency mining ပြုလုပ်ရန် သီးသန့်ဒီဇိုင်းရေးဆွဲထားသည့် chip ပြားအသစ်ဖြင့် blockchain နည်းပညာဈေးကွက်အတွင်း စတင်၍ရင်းနှီးမြှုပ်နှံမှုများပြုလုပ်လျှက်ရှိနေပြီပဲဖြစ်ပါတယ်။ Intel ဟာ တာရှည်ခံနိုင်မှုအပေါ် ပိုမို၍အဓိကထား၍ “energy-efficient အဖြစ်ဆုံး computing နည်းပညာများကို တည်ဆောက်သွားရန်” အစီအစဉ်များရေးဆွဲလျှက်ရှိနေပြီပဲဖြစ်ပါတယ်။
Intel ရဲ့ “blockchain accelerator” လို့အမည်ပေးထားတဲ့ အဆိုပါ crypto-focused chip ကို ယခုနှစ်နှောင်းပိုင်းခန့်တွင် စတင်ရောင်းချသွားရန် သတ်မှတ်ထားပြီး ယခုအခါ Bitcoin mining ကုမ္ပဏီတစ်ခုဖြစ်တဲ့ GRIID Infrastructures နှင့် Jack Dorsey ပိုင်ဆိုင်တဲ့ Block (ယခင် Square) ဆိုတဲ့ ကုမ္ပဏီ (၂) ခုကလည်း ကြိုတင်မှာယူမှုများကို ပြုလုပ်ထားပြီးဖြစ်တယ်လို့ သိရှိရပါတယ်။
Intel ရဲ့ senior vice president ဖြစ်သူ Raja Koduri ရဲ့ ကြေငြာချက်အရ - “ကျွန်ုပ်တို့ရဲ့ circuit innovation များဟာ SHA-256 based mining ပြုလုပ်ခြင်းများအတွက် mainstream GPU များထက် အဆ ၁၀၀၀ ပိုမိုကောင်းမွန်သည့် performance per watt ကို ပေးစွမ်းနိုင်မည့် blockchain accelerator ကို ထုတ်လုပ်ရောင်းချပေးနိုင်မှာဖြစ်ပါတယ်” ဟူ၍ ပြောကြားခဲ့ပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။