ချိတ်ဆွဲရန်စာတန်း: Knowledge-IT-Internet-Network-JobsinYangon
အိမ်သုံးစက်ပစ္စည်းများရဲ့ လိုင်းဆွဲအားကို အနှောင့်အယှက်ဖြစ်စေမှုများ
အိမ်သုံးစက်ပစ္စည်းများဟာ ကြိုးမဲ့အင်တာနက်လိုင်းများကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ ထိုအရာများတွင် - ကြိုးမဲ့ဖုန်းများ၊ ကလေးစောင့်ကြည့်ရေးကိရိယာများနှင့် မိုက်ခ်ကရိုဝေ့ဗ်မီးဖိုများ ပါဝင်ပါတယ်။ သင့်ရဲ့ wireless router ကို နေရာချထားသည့်ပုံစံ၊ သင့်ရဲ့ networked device ကိုနေ ရာချထားသည့်ပုံစံနှင့် အခြားအိမ်သုံးပစ္စည်းများကိုနေရာချထားသည့်ပုံစံတို့အပေါ်မူတည်၍ မိုက်ခရို ဝေ့ဗ်မီးဖို (သို့) ကြိုးမဲ့ဖုန်းကိုအသုံးပြုစဉ်မှာ wireless network ပြတ်တောက်သွားခြင်းကိုပင် ဖြစ်ပွားစေနိုင်ပါတယ်။
ကြိုးမဲ့ဖုန်းများကြောင့်ဖြစ်ပွားတတ်တဲ့ပြဿနာဟာ သင့်ရဲ့ဖုန်းများကို ကွဲပြားသောလှိုင်းအလျားကို အသုံးပြုတဲ့ဖုန်းများနဲ့အစားထိုးလိုက်ခြင်းအားဖြင့်ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။ ဥပမာ 900 MHz (သို့) 1.9 GHz ကိုအသုံးပြုသည့်ဖုန်းများ။ 2.4 Ghz လှိုင်းအလျားကိုအသုံးပြုသည့်ကြိုးမဲ့ဖုန်းများဟာ wireless network များကိုအနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။
မိုက်ခရိုဝေ့ဗ်မီးဖိုများကြောင့်ဖြစ်ပေါ်လာတတ်တဲ့ပြဿနာကိုတော့ သင့်ရဲ့မိုက်ခရိုဝေ့ဗ်မီးဖိုနဲ့ အလား တူစက်ပစ္စည်းများဟာ သင့်ရဲ့ router နဲ့ သင်အသုံးပြုမည့် device တို့အကြားရှိမနေစေရန် နေရာချ ထားလိုက်ခြင်းအားဖြင့်ဖြေရှင်းလိုက်နိုင်မှာဖြစ်ပါတယ်။ မိုက်ခရိုဝေ့ဗ်မီးဖိုအသစ်တစ်လုံးကိုဝယ်ယူ လိုက်ခြင်းဟာလည်း (အကယ်၍ ထိုမီးဖိုအသစ်တွင် အကာအရံကောင်းစွာပါဝင်ပါက) ကူညီနိုင်ပါ လိမ့်မယ်။
အခြားသောစက်ပစ္စည်းများဟာလည်း ပြဿနာများကိုဖြစ်ပွားစေတတ်ပါတယ်။ ဥပမာ - Bluetooth device အသစ်များဟာ အနီးအနားရှိ Wi-Fi လိုင်းများကို အနှောင့်အယှက်မဖြစ်စေနိုင် သော်လည်း အရင်ကထုတ်လုပ်ခဲ့တဲ့ Bluetooth device များဟာတော့ အနှောင့်အယှက်ပေးနိုင်ပါ တယ်။
ဒီဆောင်းပါးလေးဟာ စာဖတ်သူပရိသတ်တို့အတွက်ဗဟုသုတဖြစ်စေလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။