Jobs In Myanmar
Load...

အင်တာဗျူး အတွက်ပြင်ဆင်ခြင်းနည်းပညာ


ချိတ်ဆွဲရန်စာတန်း: job interview work vacancy




အင်တာဗျူး အတွက်ပြင်ဆင်ခြင်းနည်းပညာ

ကျွန်တော်တို့အားလုံးဟာ စာမေးပွဲတွေကိုဖြတ်ကျော် ခဲ့ကြဘူးပြီးပြင်ဆင်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို သိရှိခဲ့ပြီးဖြစ်ပါတယ်။ ထိုနည်းတူစွာမိမိ တို့ရဲ့အလုပ်အကိုင်တစ်ခုကို အောင်မြင်စွာရယူ နိုင်ဖို့ကိုလည်း
ကောင်းမွန်စွာရေးသား ဖွဲ့စည်းထားတဲ့CVတစ်ဆောင် ကိုပြင်ဆင်ခဲ့ရုံနဲ့လုံလောက်မှု မရှိနိုင်သေးဘဲလူ တွေ့စစ်ဆေးမေးမြန်းမှုပြုတဲ့ အင်တာဗျူးအတွက်ပါ စနစ်တကျပြင်ဆင်နိုင်ဖို့လိုအပ် ပါတယ်။
ပြီးခဲ့တဲ့အပတ်မှာတော့ CV ရေးသားခြင်းကိုတင်ဆက်ခဲ့ပြီး စာဖတ်သူများနဲ့ facebook စာမျက်နှာတွေ မှာပြန်လည် မျှဝေပေးခြင်းများကို အထူးပင်ကျေးဇူးတင်ရှိပါတယ်။

လက်ရှိအင်တာဗျူးတွေမှာ လေ့လာမှုတွေအရ မိမိရဲ့ CV ပါအချက်အလက်များ အပေါ်အခြေခံပြီးမေး မြန်းခြင်းအပြင် Logic (တွေးခေါ်မှု)ဆိုင်ရာ Teamwork (အသင်းအဖွဲ့လိုက်ဆောင်ရွက်ခြင်း) ဆိုင်ရာ Problem Solving (အခက်အခဲများကိုဖြေရှင်းခြင်း) ဆိုင်ရာမေးခွန်းတွေ ကိုမေးမြန်းလာကြတာကိုတွေ့ ရပါတယ်။ အင်တာဗျူးဖြေသူများ ဟာလည်းဖော်ပြပါအကြောင်းအရာ တွေထဲက တစ်စုံတစ်ခု (သို့) အားလုံးကို ကြုံတွေ့ကောင်းကြုံတွေ့ ရမယ်ဆိုတာကတော့အသေအချာပါ။
သည်အပတ်မှာတော့ Fan များအတွက် အင်တာဗျူးတစ်ခုအတွက် ပြင်ဆင်ရန်လိုအပ် သည့် အချက်များကိုတင်ဆက်သွားမှာပါ။


 

အချက်အလက်များကိုစုဆောင်းပါ

မိမိလျှောက်ထားတဲ့ အဖွဲ့အစည်း(Company) အကြောင်းအရာများကို သိရှိအောင်အားထုတ်ပါ။ များသောအားဖြင့်အချက်အလက်များ ကိုမိမိတွေ့ရှိသောအလုပ်ကြော်ငြာ သို့ Company ရဲ့ website မှာလေ့လာနိုင်ပါတယ်။ မိမိလျှောက်ထားတဲ့ Job Description နဲ့ပတ်သက်ပြီးလေ့လာထားဖို့လည်း လိုအပ်ပြီး အလုပ်နဲ့ပတ်သတ်တဲ့မေးခွန်းတွေ ကိုလည်းဖြေဆိုနိုင်အောင်ပြင်ဆင်ထားရမှာပါ။ မိမိ CV  မှာပါရှိတဲ့အချက်အလက်များကို မိမိကိုယ်မိမိမိတ်ဆက်ရာမှာ ရှင်းလင်းတင်ပြနိုင်ဖို့ ကိုလည်းပြင်ဆင် ထားရပါမယ်။

 

ယုံကြည်မှုရှိပါ

အင်တာဗျူးခန်းအတွင်းရောက်ရှိသွားချိန်မှာ သက်တောင့်သက်သာ ရှိနေစေဖို့လိုအပ်လှပါတယ်။ သက်ရပ်စွာဝတ်ဆင်ပါ။ ချိန်းဆိုထားချိန်ထက် ၁ဝ မိနစ်ခန့်ကြိုတင် ၍ရောက်ရှိအောင်ကြိုးစားပါ။
မိမိအားအင်တာဗျူးသူ အားစတွေ့ချိန်တွင်ပြုံးပြ နှုတ်ဆက်စကား ဆိုပါ။ လက်ဆွဲနှုတ်ဆက်ရန်မကြိုး စားမိစေပဲ ထိုသူမှကမ်းလှမ်းမှသာ လက်ကိုသေချာညင်သာစွာဆွဲကိုင်နှုတ်ဆက်ပါ။ eye-contact အားလည်းလွဲရှောင်ခြင်းမပြုလုပ်မိစေရန် ဂရုပြုပါ။ ကိုယ်ကိုတည့်မတ်စွာ ထိုင်ပြီးလက်ကိုပေါင်ပေါ်တင် ထားပါ။မိမိ Ph အားလည်း silent လုပ်ထားပါ (Ph vibration ဟာလည်းအနှောင့်အယှက်ဖြစ်စေနိုင်လို့ ပါ)။ စကားပြောဆိုရာတွင်လည်း မိမိအသံကို ကြည်လင်ပြတ်သား စွာပြောဆိုရန်အားထုတ်ပါ။

 

ရှင်းလင်းပါဝန်ခံပါ


အင်တာဗျူးချိန်အတွင်း မိမိအားဖြေဆိုရန်ခက်ခဲသည့် မေးခွန်းများ အကျွမ်းတဝင်မရှိသော အရာများ ပါဝင်လာပါက ရိုးသားစွာဝန်ခံပါ ထိုသို့သောမေးခွန်းများအတွက် မိမိမှကြိုးစားသင်ယူလိုကြောင်း သို့ အချိန်တိုအတွင်းလေ့လာ နိုင်မည်ဟုယုံကြည်ကြောင်း ပြောဆိုပါ။ မိမိCVမှာပါဝင်သည့်အချက်အလက် အလိုက်များအတွက် မိမိအကြာင်းကိုမေးမြန်းရာတွင် (သို့) မိတ်ဆက်ရာတွင်ပြည့်စုံစွာရှင်းလင်းပါ။ မိမိရဲ့ အလုပ်အတွေ့အကြုံ အသင်းအဖွဲ့လိုက်ဆောင်ရွက်မှုများ နဲ့ ဖြတ်ကျော်ခဲ့ရတဲ့အခက်အခဲများ အတွက်မေးခွန်းများ မေးမြန်းလာပါကဖြစ်စဉ်အလိုက် ပြန်ပြောင်းညွှန်းဆိုပြောဆိုပါ။ သည်လိုမေးခွန်း များဟာအင်တာဗျူးသူတစ်ယောက် အတွက်အလုပ်ခေါ်ဆိုရာမှာ အရေးပါတဲ့ကဏ္ဍမှပါဝင်တဲ့ အတွက် အင်တာဗျူးဖြေသူဟာလည်း မိမိရဲ့အရည်အချင်းအပြင် presenation skill ကိုပါပြသရာရောက်တယ် ဆိုတာကိုဂရုပြုပါ။

 

မေးမြန်းပါ

အင်တာဗျူးမေးသူမှမေးခွန်းမေးရန် ကမ်းလှမ်းလာပါကမေးခွန်းမေးရန်တွန့်ဆုတ်ခြင်း မေးရန်မေးခွန်း များမရှိပါဟုမပြောဆိုမိစေရန်အထူးအလေးထားတိုက်တွန်းလိုပါတယ်။ မိမိ၏အင်တာဗျူးကိုအကြောင်း
ပြန်မည့်ရက်၊ company၏ ဖွဲ့စည်းပုံရာထူးများနှင့်အင်တာဗျူးသူ၏အမည်၊မိမိလုပ်ဆောင်ရမည့်အလုပ် တာဝန်များ၊ရုံးချိန်နှင့်ရုံးပိတ်ရက်များ အကြောင်းကိုမေးမြန်းနိုင်ပါတယ်။ မေးခွန်းများကိုလည်း ၅ခုထက် မပိုအောင်သတိပြုစေလိုပြီး ၃ခုထက်မနည်းအောင်လည်းဂရုပြုစေလိုပါတယ် အကယ်၍မိမိမေးမြန်းလို သည်များကိုအင်တာဗျူးသူမှဖြေကြားခဲ့ပြီး ဖြစ်ပါကမိမိမေးလိုသည်များကို အင်တာဗျူးသူမှပြည့်စုံစွာ ရှင်းလင်းခဲ့ပြီးဖြစ်တာကြောင့်မေးရန်အနည်းငယ်သာရှိပါတယ်လို့လည်းဖြေကြားနိုင်ပါတယ်။  အထူးဂရု ပြုရန်မှာကြားလိုသည်မှာမိမိအား ပေးမည့်လုပ်ခလစာအားမေးမြန်းခြင်းမပြုစေရန်ဖြစ်ပြီး အင်တာဗျူး သူမှကမ်းလှမ်းမှသာမေးမြန်းညှိနှိုင်းမှုကိုပြုလုပ်ပါ။ လစာနှင့်ပတ်သက်၍အင်တာဗျူးသူမှ မေးမြန်းကမ်း လှမ်းခြင်းမပြုလျှင်သင့်အား ဒုတိယအကြိမ်အင်တာဗျူးအတွက် ကမ်းလှမ်းလာသောအချိန်အတွက်ပြန် လည်စောင့်ဆိုင်းပါ။ ဒုတိယအကြိမ်အင်တာဗျူးမှာ အလုပ်ခေါ်သူများဟာလစာအတွက် ကမ်းလှမ်းချိန် လည်းဖြစ်လေ့ရှိပြီး ယင်းအချိန်မှသာညှိနှိုင်းမှုကိုပြုလုပ်ပါ။

ကျေးဇူးတင်စကားဆိုပါ


အင်တာဗျူးပြီးဆုံးချိန်မှာ အင်တာဗျူးသူမှအင်တာဗျူးပြီးဆုံးပြီဟု ပြောဆိုချိန်ရောက်မှသာညင်သာစွာ ထပါ။ eye-contact ပြုလုပ်ပြီး မိမိအားအင်တာဗျူးသည့်အချိန်နှင့်အခွင့်အရေးပေးသည့် အတွက် ကျေးဇူးတင်ရှိကြောင်းကိုပြောဆိုပါ။
 

JobsInYangon Fan များ Interview တွင် ကံကောင်းပါစေ

 


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Titan Pest Management Co. Ltd.

Titan Pest Management Co. Ltd.

...Titan Pest is a full-services pest management company operating in Yangon since 2016 and specializing in urban pest management solutions. It is a subsidiary of the highly successful Killem Pest Pte...
Show the postings (1)
Fair Deal Co., Ltd

Fair Deal Co., Ltd

..Fair Deal Co., Ltd ....
Show the postings (1)
Imedia International (Myanmar) Co., Ltd.

Imedia International (Myanmar) Co., Ltd.

Myanmar First Asia Group

Myanmar First Asia Group

The Myanmar First Asia is Group of companies focused in Marketing and Distribution of Gems & Jewellery, Lubricant, Coach and bus , Food and Beverages founded in 2008. Myanmar First Asia is striving to...
Show the postings (8)
PRO 1 Myanmar Co., Ltd.

PRO 1 Myanmar Co., Ltd.

The tagline of our company is "One place, Get All" because we have established a reputation as the leading warehouse style DIY store in Yangon and Mandalay. The products we sell are building hardware,...
Show the postings (14)

Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS