Jobs In Myanmar
Load...

အလုပ်အကိုင်ရှာဖွေသူများအတွက် အွန်လိုင်းအလုပ်အကိုင်ရှာဖွေရေး ( www.jobsinyangon.com) မှတဆင့် အလုပ်သစ်ရှာဖွေခြင်း၏ အားသာချက်များ

by JobsInYangon.com


ချိတ်ဆွဲရန်စာတန်း: Online Job Search



အွန်လိုင်းအလုပ်အကိုင်ရှာဖွေရေး(Job Portal)တွေဟာ အလုပ်အကိုင်သစ်ရှာဖွေတဲ့ပုံစံကိုပြောင်းခဲစေခဲ့ပြီ ဖြစ်ပါတယ်။ ယနေ့ခေတ်မှာတော့ အလုပ်အကိုင်ရှာဖွေလိုသူတွေဟာ မိမိတို့အတွက် အသက်မွေးဝမ်း ကျောင်းဆိုင်ရာအခွင့်အလမ်းတွေကို သက်တောင့်သက်သာ(လွယ်ကူစွာ) ရှာဖွေနိုင်နေပြီဖြစ်ပါတယ်။သူတို့ ဟာ  အွန်လိုင်းအလုပ်အကိုင်ရှာဖွေရေးဆိုက်တ်(Site)တွေကို အသုံးပြုပြီး  သူတို့ရဲ့အသက်မွေးဝမ်း ကျောင်းကိုဖန်တီးတည်ဆောက်ရာလမ်းကြောင်းမှာ အသင့်တော်ဆုံးဖြစ်တဲ့အလုပ်အကိုင်တွေကိုရှာဖွေနိုင် ပါတယ်။ အင်တာနက်ရဲ့ ကူညီထောက်ပံ့ပေးမှုကြောင့် အွန်လိုင်းအလုပ်အကိုင်ရှာဖွေရေးတွေဟာ လူတစ် ယောက်ရဲ့ အလုပ်သစ်ရှာဖွေရေးနဲ့ စီးပွါးရေးလုပ်ငန်းတွေရဲ့ ဝန်ထမ်းငှားရမ်းရေးလုပ်ငန်းစဉ်ကို ကောင်းစွာ အထောက်အကူပြုမြှင့်တင်ပေးနိုင်ပါတယ်။ အကျိုးဆက်အနေနဲ့ယနေ့ခေတ်မှာ အလုပ်အကိုင် တစ်ခုရှာဖွေ ရရှိဖို့အတွက် ပိုမိုလွယ်ကူမြန်ဆန်လာပါတယ်။ အွန်လိုင်းအလုပ်အကိုင်ရှာဖွေရေးတွေနဲ့ပါတ်သက်လို့ သင် ဒီထက်ပိုပြီး သိချင်ပါသလား။ ကျွန်တော်တို့ရဲ့ အောက်ပါဆောင်းပါးကိုဖတ်ကြည့်ပါ။ဤစမ်းသစ်တီထွင်မှု ကြောင့် သင့်အနေနဲ့ အံ့အားသင့်သွားပါလိမ့်မယ်။

အွန်လိုင်းအလုပ်အကိုင်ရှာဖွေရေး (Job Portal)ဆိုတာက ဘာလဲ။

Career Portals လို့လဲခေါ်တဲ့ အွန်လိုင်းအလုပ်အကိုင်ရှာဖွေရေး (Job Portal) ဆိုတာက ခေတ်မီလုပ် အကိုင်ရှာဖွေရေးဝက်ဘ်ဆိုက် ပုံစံတစ်မျိုးဘဲဖြစ်ပါတယ်။ အလုပ်အကိုင်ရှာဖွေသူတွေ အနေနဲ့ ဒီဆိုက်တ်(Site)တွေမှာ သူတို့ရဲ့အလုပ်လျှောက်လွှာတွေကို တင်ထားလို့ရပြီး သူတို့ရဲ့ Career လမ်း ကြောင်းနဲ့ကိုက်ညီတယ်လို့ ယူဆတဲ့အလုပ်ခေါ်တဲ့ပို့စ်(Post)တွေမှာ လျှောက်လွှာတင်လို့ရပါတယ်။ ထို့အတူ စီးပွါးရေးလုပ်ငန်းတွေအနေနဲ့လည်း အလုပ်လျှောက်သူတွေရဲ့ ကိုယ်ရေးအကျဉ်း(Resume)တွေ ကို ကြည့်ရှု့လို့ရနိုင်ပြီး မိမိတို့ရဲ့ အလုပ်အတွက် အရည်အချင်းပြည့်မီတဲ့ အလုပ်လျှောက်သူတွေကို ရှာဖွေ နိုင်ပါတယ်။ အွန်လိုင်းအလုပ်အကိုင်ရှာဖွေရေး (Job Portal)တွေဟာ စီးပွါးရေးလုပ်ငန်းတွေအတွက်လည်း သူတို့မှာ ရှိနေတဲ့ လစ်လပ်ရာထူး(အလုပ်အကိုင်အခွင့်အလမ်း)တွေကို စိတ်ဝင်စားသူအများအပြားဆီကို ရောက်ရှိစေနိုင်ပါသေးတယ်။

အွန်လိုင်းအလုပ်အကိုင်ရှာဖွေရေး (Job Portal)တွေရဲ့ အရေးပါမှုက ဘာလဲ။

အွန်လိုင်းမှာအလုပ်အကိုင်ရှာဖွေရခြင်းရဲ့ အဓိကအားသာချက်တွေထဲကတစ်ခုကတော့ အလုပ်အကိုင် အခွင့်အလမ်းပေါင်းများစွာရှိနေတာဘဲဖြစ်ပါတယ်။ အလုပ်အကိုင်ရှာဖွေသူတွေအနေနဲ့ နေရာမှာတင် အလုပ်တွေအများကြီးကို ရှာဖွေရေးစနစ်(Search Engine)မှတဆင့် လွယ်ကူစွာချိတ်ဆက်ရှာဖွေနိုင်ပါ တယ်။ဒါတင်မကသေးဘဲ ယနေ့ခေတ် အွန်လိုင်းအလုပ်အကိုင်ရှာဖွေရေး (Job Portal) အများစုမှာ အသုံးပြုသူတွေအတွက် ရှာဖွေတဲ့ရလာဒ်တွေကို ချုံ့ပေးနိုင်တဲ့ စစ်ထုတ်ရေးစနစ်(Filters)တွေလည်းပါရှိပါ သေးတယ်။ ဒီလုပ်ဆောင်ချက်(Feature)က အလုပ်အကိုင်ရှာဖွေသူတွေကို တိကျတဲ့ Career တစ်ခုကိုရွေး ချယ်ရာမှာ ပိုမိုလွယ်ကူစေနိုင်ပါတယ်။

ထို့အတူ အွန်လိုင်းအလုပ်အကိုင်ရှာဖွေရေးဆိုက်တ်တွေဟာ အလုပ်ရှင်တွေရဲ့ဝန်ထမ်းငှါးရမ်းတဲ့လုပ်ငန်းစဉ် ကိုလည်း ပိုမိုမြန်ဆန်စေပါတယ်။ ဝန်ထမ်းရှာနေတဲ့မန်နေဂျာတွေအတွက် အွန်လိုင်းမှာအလုပ်လျှောက်လွှာ တွေကို ကြည့်ရှု့စစ်ဆေးရတာဟာ ပရင့်တ်(Print)ထုတ်ထားတဲ့ ကိုယ်ရေးအကျဉ်း(အလုပ်လျှောက်လွှာ) တွေကိုဖတ်ရတာထပ်ပိုပြီး လွယ်ကူပါတယ်။ ထို့ကြောင့် အွန်လိုင်းအလုပ်အကိုင်ရှာဖွေရေးတွေဟာ အချိန်နဲ့ လုပ်အားစိုက်ထုတ်ရမှုကို လျော့ချပေးနိုင်ပါတယ်။။ ဤအချက်ကို ပိုမိုနားလည်နိုင်ဖို့အတွက်  “အလုပ်အကိုင် ရှာဖွေသူတွေအတွက် အွန်လိုင်းအလုပ်အကိုင်ရှာဖွေရေး(Job Portals) တွေကိုအသုံးပြုခြင်းရဲ့ ကောင်းကျိုးများ”  ဆိုတဲ့စာရင်းကို ကျွန်တော်တို့ဖန်တီးရေးသားခဲ့ပါတယ်။

အကုန်အကျသက်သာခြင်း

လူကိုယ်တိုင်အလုပ်လျှောက်လွှာတင်သွင်းခြင်းက သင့်ကိုငွေအကုန်အကျများစေပါသလား။ အစားအ သောက်နဲ့ သွားလာရေးအတွက်သာ မကဘဲ လူယုံကြည်လေးစားလောက်စရာ ပရော်ဖက်ရှင်နယ်ဆန်တဲ့ အဝတ်အစားအတွက်လည်း သင့်အနေနဲ့ငွေကြေးသုံးစွဲရဦးမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် သင့်အနေနဲ့ စိတ်ပူစရာမလိုတော့ပါဘူး။ အွန်လိုင်းအလုပ်အကိုင်ရှာဖွေရေး(Job Portals)တွေဟာ သင့်ကိုငွေကြေး အကုန်အကျမရှိဘဲနဲ့ အလုပ်တွေကိုရှာဖွေနိုင်ဖို့ ကူညီပေးနိုင်ပါတယ်။ သင့်အနေနဲ့ သင့်ရဲ့ကိုယ်ရေးအကျဉ်း (အလုပ်လျှောက်လွှာ)ကို အွန်လိုင်းမှာတင်ထားပြီး သင့်ရဲ့အနာဂါတ်အလုပ်ရှင်ဆီက ပြန်စာ(တုန့်ပြန်မှု)ကို စောင့်နေရုံပါဘဲ။

 

အလုပ်သစ်အတွက် ပုံမှန်သတင်းပေးမှု

ကောင်းမွန်တဲ့ အွန်လိုင်းအလုပ်အကိုင်ရှာဖွေရေး(Job Portals)တစ်ခုဟာ သင့်အတွက်အလုပ်အကိုင်အခွင့် အလမ်းအသစ်တွေရှိလာတဲ့အခါမှာ သင့်ကိုအသိပေးမှုတွေ ပြုလုပ်လေ့ရှိပါတယ်။ ဒီနည်းအားဖြင့် သင်ဟာ သင်လိုချင်တဲ့အလုပ်ကို လျှောက်ထားပြီး သင့်ရဲ့ Career ကိုစတင်ဖို့အတွက် အခွင့်အရေးကို ဘယ်တော့မှ လွတ်သွားမှာမဟုတ်ပါဘူး။ ထို့အတူ ပိုကောင်းတဲ့ရွေးချယ်စရာတွေရရှိနိုင်ဖို့အတွက် သင့်အနေနဲ့ ပိုစ့်(Post) တွေကို ရှာဖွေကြည့်ရှု့နိုင်ပါသေးတယ်။

ယုံကြည်စိတ်ချရခြင်း

သင့်အနေနဲ့ အွန်လိုင်းအလုပ်အကိုင်ရှာဖွေရေး(Job Portals)တစ်ခုမှာ စာရင်းသွင်း(Register)လိုက်ပြီဆို တာနဲ့ သင့်ရဲ့ စွမ်းရည်(Skills)တွေ၊ အောင်မြင်မှုတွေ(Achievement)တွေနဲ့ သင့်ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်(Personal Details) အားလုံးကို လုံခြုံစွာသီးသန့်သိမ်းဆည်းထားမှာဖြစ်ပါတယ်။ သင့် အနေနဲ့ သင့်ရဲ့ အချက်အလက်တွေကို လုပ်ငန်းရှင်အသစ်တစ်ယောက်နဲ့ မျှဝေဖို့ခွင့်ပြုတဲ့အခါမှလွဲ၍ အဆိုပါအချက်အလက်တွေအားလုံးကို လုံခြုံစွာသိမ်းဆည်းထားမှာဖြစ်ပါတယ်။ထို့အပြင် အွန်လိုင်းအလုပ် အကိုင်ရှာဖွေရေး (Job Portals)တွေဟာ သင့်ရဲ့ရှာဖွေရေးမှတ်တမ်း(Search History) ကိုလည်း လုံခြုံစွာ သိမ်းဆည်းထားမှာဖြစ်လို့ ရှာဖွေမှုတွေကို ဘယ်သူမှသိရှိခြင်းမရှိဘဲ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

၎။ အကျိုးသက်ရောက်မှုရှိခြင်း (အသုံးဝင်ခြင်း)

အွန်လိုင်းအလုပ်အကိုင်ရှာဖွေရေး(Job Portals)တွေဟာ အကျိုးသက်ရောက်မှုအရှိဆုံး အလုပ်ရှာဖွေမှုကိရိ ယာ (Job search tool) တွေဘဲဖြစ်ပါတယ်။ အွန်လိုင်းအလုပ်အကိုင်ရှာဖွေရေး(Job Portals)အသုံးပြုပြီး အလုပ်အကိုင်အသစ်တစ်ခုကို အားစိုက်ထုတ်စရာမလိုဘဲ လျှောက်ထားနိုင်မှာဖြစ်ပါတယ်။  ကျွန်ုပ်တို့ JobInYangon ရဲ့ အတွေ့အကြုံ့တွေအရ စီးပွါးရေးလုပ်ငန်းတွေဟာ ဝန်ထမ်းအသစ်တစ်ယောက်ခန့်အပ် ဖို့အတွက် ပျှမ်းမျှအားဖြင့် ၃၉ ရက်လောက်ကြာတတ်ပါတယ်။ သင်အလုပ်လုပ်ချင်တဲ့ စီးပွါးရေးလုပ်ငန်း တစ်ခုဆီကို ကိုယ်တိုင်သွားမယ့်အစား သင့်ရဲ့ကိုယ်ရေးအကျဉ်း(အလုပ်လျှောက်လွှာ)ကို အွန်လိုင်းမှ ပေးပို့ နိုင်ပါတယ်။ ထိုသို့ပေးပို့ပြီးပါက သင့်ရဲ့အနာဂါတ်အလုပ်ရှင်ဆီက ပြန်စာ(တုန့်ပြန်မှု)ကို အေးအေးဆေး ဆေးထိုင်စောင့်နေရုံပါဘဲ။

၅။ အလုပ်အကိုင်အခွင့်အလမ်းပိုမိုများပြားခြင်း

အွန်လိုင်းအလုပ်အကိုင်ရှာဖွေရေး(Career portals) တွေမှာ ထိပ်တန်းကုမ္ပဏီကြီးတွေဆီက ရွေးချယ်စရာ အလုပ်တွေကို ထောက်ပံ့ပေးထားပါတယ်။ ဆိုလိုသည်မှာ သင်လိုချင်တဲ့အလုပ်ကို ဘယ်အချိန်၊ ဘယ်နေရာမှာဘဲဖြစ်ဖြစ် ရှာဖွေနိုင်တဲ့အခွင့်အရေးကောင်းတစ်ခုသင့်မှာ ရှိနေပါတယ်။


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Ideal Future Co., Ltd.

Ideal Future Co., Ltd.

..Web Design and Development, Digital Marketing, Merchandising.Ideal Technology was founded by a group of young innovators in 2006. The company has been a successful company for many years in the fiel...
Show the postings (4)
Design Communications International Co, Ltd.

Design Communications International Co, Ltd.

..Design Communications International Co, Ltd.....
Show the postings (2)
Mya Kyar Khine Co., Ltd

Mya Kyar Khine Co., Ltd

..Mya Kyar Khine Company Limited was established in 1997 and started distributing Paul Mitchell Professional Hair Care Products (U.S.A) to the Myanmar market. Then, Depilève Waxing and Paraffin Produ...
Show the postings (5)
Host Link IT Solution

Host Link IT Solution

..Wireless Point to Point Connection Satellite Remote Site Installation and Maintenance Network Infrastructure Installation System and Design Implementation Hardware and Network Installation and M...
Show the postings (9)
RHENUS LOGISTICS

RHENUS LOGISTICS

..Rhenus Myanmar Limited is located in the heart of Yangon (formerly known as Rangoon). Prior to the relatively recent foundation of the new capital city Naypyidaw, Yangon was the seat of government. ...
Show the postings (2)

Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS