ချိတ်ဆွဲရန်စာတန်း: News-OnlineLeaks-OnePlus8T-Smartphone-JobsInYangon
သတင်းများအရ OCT 14 ရက်နေ့တွင်ထွက်ရှိလာနိုင်သည့် OnePlus 8T အကြောင်း နောက်ဆုံးပေါ် leak များ
နည်းပညာရူးသွပ်သူအများစုအကြိုက်ဆုံး smartphone တစ်ခုဖြစ်တဲ့ OnePlus 8T ဟာ ဒီနှစ်အောက်တိုဘာလ ၁၄ရက်နေ့မှာ ထွက်ရှိလာတော့မှာဖြစ်တဲ့အကြောင်း ကောလဟာလတွေ ပျံ့နှံ့နေခဲ့တာကြာပြီဖြစ်ပါတယ်။ ဒီ ကောလဟာလတွေအရ အဆိုပါဖုန်းဟာ ဒီဇိုင်းပိုင်းအရ Nord နဲ့ ဆင်တူမှာဖြစ်ပြီး 48-megapixel Sony IMX689 sensor primary lens, 16-megapixel ultra-wide sensor, 5-megapixel macro lens အသစ်နဲ့အတူ 2-megapixel depth sensor/portrait lens အစရှိတဲ့ ကင်မရာ ၄လုံးပါဝင်တဲ့ setup နဲ့ ထွက်ရှိလာမှာဖြစ်ပါတယ်။
ထို့အပြင် အဆိုပါဖုန်းဟာ 128GB နဲ့ 256GB အမျိုးအစား ၂ မျိုးထွက်ရှိလာနိုင်ပြီး 8GB နဲ့ 12GB RAM အသီးသီး ပါဝင်လာမှာပဲဖြစ်ပါတယ်။ Processor အနေနဲ့ကတော့ Snapdragon 865/ 865+ အမျိုးအစား processor များကိုအသုံးပြုသွားနိုင်ဖွယ်ရာရှိနေပြီး Display အနေနဲ့ကတော့ 90Hz refresh rate ရှိသော ဖုန်းဖြစ်တဲ့ OnePlus 8 နဲ့ နှိုင်းယှဉ်လျှင် ပိုမိုကောင်းမွန်မှုရှိစေမယ့် 120Hz refresh rate ရှိတဲ့ display ကိုအသုံးပြုသွားမှာ ဖြစ်တယ်လို့ သိရှိရပါတယ်။ ထို့အပြင် ဖုန်းအား 0% မှ 100% အထိကို ၃၉မိနစ်အတွင်း အားအပြည့်သွင်းပေးနိုင် မယ့် 65W Warp charge တစ်ခုလဲ ပါဝင်လာမှာဖြစ်ပြီး USB Type-C ports များကို အသုံးပြုသွားမှာဖြစ်ကာ battery capacity အနေနဲ့ကတော့ 4500mAh ပမာဏရှိတဲ့ battery များကို အသုံးပြုသွားမှာဖြစ်တယ်လို့ ပေါက်ကြားမှုများအရ သိရှိခဲ့ရပါတယ်။
ဈေးနှုန်းများအရတော့ နောက်ဆုံးသိရှိရချက်များအရ 8GB/ 128GB ဖုန်းအတွက် ယူရိုငွေ ၆၉၉ (ဒေါ်လာ ၈၁၅ခန့်) နဲ့ 12GB/ 256GB ဖုန်းအတွက် ယူရိုငွေ ၇၉၉ (ဒေါ်လာ ၉၃၀) ခန့်ကျသင့်မှာဖြစ်တယ်လို့ သိရှိခဲ့ရပါတယ်။
ဒီဆောင်းပါးလေးဟာ စာဖတ်သူပရိသတ်တို့အတွက် ဗဟုသုတတိုးစေလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။