ချိတ်ဆွဲရန်စာတန်း: News-TeamXecuter-Bowser-Sententes40Months-JobsInYangon
Nintendo အပါအဝင် အခြားသော Game console များအတွက် hacking tool များကို ပြုလုပ်ရောင်းချခဲ့တဲ့အတွက် Team Xecuter ရဲ့ ခေါင်းဆောင်သူကို ထောင်ဒါဏ် လ (၄၀) ချမှတ်ခဲ့
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် အမေရိကန် Department of Justice မှ သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ထုတ်ဖော်ပြောကြားချက်အရ video game console များကို modify ပြုလုပ်နိုင်သည့် mod chip များကို ထုတ်လုပ်ရောင်းချလျှက်ရှိနေသော အဖွဲ့တစ်ခုရဲ့ ခေါင်းဆောင်ဖြစ်သူ Gary Bowser ကို ထောင်ဒါဏ် ၃ နှစ် ၄ လ ချမှတ်ခဲ့ကြောင်း သတင်းရရှိခဲ့ပါတယ်။
Bowser ဟာ Team Xecuter လို့ အမည်ရတဲ့ Nintendo Switch, Nintendo 3DS, NES Classic Edition, Sony PlayStation Classic နှင့် Microsoft Xbox တို့ရဲ့ hack များကို ပြုလုပ်ဖန်တီးတဲ့အဖွဲ့တစ်ခုတွင် ပါဝင်ပတ်သက်နေသူတစ်ဦးဖြစ်ပါတယ်။ သူဟာ သူ့ကို တရားစွဲဆိုမှုပြုလုပ်ထားတဲ့ စွဲချက် (၂) ခုအပေါ် အပြစ်ရှိကြောင်းဝန်ခံခဲ့ပြီး သက်ညှာစဉ်းစားပေးရန်အတွက် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလတွင် အသနားခံစာတင်သွင်းခဲ့ပြီး အဆိုပါ အသနားခံလျှောက်လဲမှုအရ သူဟာ အမေရိကန်တွင်ရှိသော Nintendo ရုံးချုပ်ကို ကန်ဒေါ်လာ ၄.၅ သန်း ပေးဆောင်ဖို့ သဘောတူညီခဲ့တယ်လို့ သိရှိရပါတယ်။
Bowser ကို Dominican Republic တွင် ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလတွင် ဖမ်းဆည်းနိုင်ခဲ့ပြီး အမေရိကသို့ လွှဲပြောင်းပေးအပ်ခြင်းကို ခံခဲ့ရကာ Nintendo မှ စွဲချက်တင်ထားတဲ့ တရားစွဲဆိုမှုအတွက်လည်း ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းတွင် ကန်ဒေါ်လာ ၁၀ သန်းကို ပေးဆောင်ခဲ့ရသေးတယ်လို့ သိရှိရပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။