Jobs In Myanmar
Load...

အရောင်းစက်ဝန်း (Sale Cycle) ကို စီမံခန့်ခွဲခြင်း

by www.jobsinyangon.com


ချိတ်ဆွဲရန်စာတန်း: Knowledge-SalesCycle-Sales-HR-JobsinYangon



အရောင်းစက်ဝန်း (Sale Cycle) ကို စီမံခန့်ခွဲခြင်း
 
အရောင်းစက်ဝန်း (Sale Cycle) ဆိုတာက ဘာလဲ? 
 
အရောင်းစက်ဝန်း (Sale Cycle) ဆိုသည်မှာ ထုတ်ကုန်ပစ္စည်းများကို အသုံးပြုသူများ ၏ လက်ထဲကို ရောက်ရှိစေနိုင်ဖို့ ကူညီပေးတဲ့ လုပ်ငန်းစဉ်အမျိုးမျိုးကို ရည်ညွှန်းပါတယ်။ သုံးစွဲသူတွေဟာ ထုတ်ကုန်ပစ္စည်းသူတို့လက်ထဲကို ရောက်မလာခင် အထိ လုပ်ဆောင်ချက်တွေကို အစီအစဉ်အလိုက် ဖြတ်သန်းကြရပါတယ်။ အဲ့ဒီလုပ် ဆောင်ချက်တွေဟာ အရောင်းစက်ဝန်းရဲ့ အစိတ်အပိုင်းတစ်ခုဘဲ ဖြစ်ပါတယ်။
 
အရောင်းစက်ဝန်း (Sale Cycle) တစ်ခုမှာ အောက်ပါအဆင့်တွေ ပါဝင်ပါတယ်။
 
၁။ သုံးစွဲသူဖြစ်လာနိုင်ချေရှိသူတွေ(Prospects) ကို သတ်မှတ်ခြင်း။
- အရောင်းစက်ဝန်း(Sale Cycle)ရဲ့ ပထမအဆင့်ကတော့ သုံးစွဲသူဖြစ်လာနိုင် ချေရှိသူတွေပါဝင်တဲ့ စာရင်းတစ်ခု ပြုလုပ်ခြင်းဘဲဖြစ်ပါတယ်။
- သင်ရရှိနိုင်တဲ့ အချက်အလက်တွေကို တတ်နိုင်သလောက်များများစုဆောင်းပါ။ သုံးစွဲသူဖြစ်လာနိုင်ချေရှိသူတွေကို ပုံဖော်ကြည့်ဖို့နဲ့ သူတို့နဲ့သက်ဆိုင်တဲ့ သတင်း အချက်အလက်တွေကို စုဆောင်းဖို့အတွက် သင့်ရဲ့အဖွဲ့ဝင်တွေကို ဈေးတွေ၊ဈေးဝယ်စင်တာတွေ နှင့် စားသောက်ဆိုင်တွေကို သွားရောက်ကြည့်ရှု့ ခိုင်းပါ။
- အရောင်းနေရာ (ဆိုင်)တွေကို ဗျူဟာမြောက်နေရာတွေမှာ ထားခြင်းဟာလည်း သုံးစွဲသူဖြစ်လာနိုင်ချေရှိသူတွေကို ဖိတ်ခေါ်ရာရောက်ပါတယ်။
- အရောင်းသမားတစ်ယောက်ဟာ သူ့ရဲ့အချိန်အများစုကို ရုံးခန်းရဲ့ပြင်ပမှာဘဲ လူတွေနဲ့တွေ့ဆုံရင်းကုန်ဆုံးသင့်ပါတယ်။ သင်တတ်နိုင်သလောက် လူများများနဲ့ တွေ့ဆုံစကားပြောပါ။
- သုံးစွဲသူဖြစ်လာနိုင်ချေရှိသူတွေကို ပိုပြီးသိရှိနားလည်နိုင်ဖို့အတွက် သူတို့ကြား မှာ မေးခွန်းတွေဖြန့်ဝေပေးပါ။
 
၂။ တွေ့ဆုံမှုတွေ ပြုလုပ်ပါ။
- နောက်တစ်ဆင့်ကတော့ သင့်ရဲ့ထုတ်ကုန်နဲ့ထုတ်ကုန်ရဲ့ ကမ်းလှမ်းချက်တွေကို လူတွေသိအောင် ပြုလုပ်ဖို့ဘဲ ဖြစ်ပါတယ်။
- လူတွေနဲ့ သိရှိရင်းနှီးနေဖို့ ကြိုးစားပါ။ သူတို့ကို ဖုန်းဆက်ပြီး တွေ့ဆုံမှုတွေ ပြုလုပ်ဖို့ ကြိုးစားပါ။
- တွေ့ဆုံမှုတွေကို သင်အဆင်ပြေနိုင်မယ့် အချိန်၊နေရာတွေမှာဘဲ ဦးစားပေးပြီး မစီစဉ်ပါနဲ့။
- သုံးစွဲသူရဲ့ နေရပ်လိပ်စာကို ရယူပါ။ သုံးစွဲသူတွေအနေနဲ့ သင့်ရဲ့ထုတ်ကုန်နဲ့ ၎င်းရဲ့ အကျိုးအမြတ်(အားသာချက်)တွေအကြောင်းကို ကြိုတင်သိရှိထားဖို့အ တွက် သင့်တော်တဲ့အချက်အလက်တွေပါဝင်တဲ့ လက်ကမ်းစာစောင်တွေ မျှဝေပါ။ 
- ဈေးကွက်ဖော်ဆောင်သူ(Marketer) တွေဟာ သူတို့ရဲ့ ထုတ်ကုန်တွေ၊ဝန် ဆောင်မှုတွေ အကြောင်းကို သုံးစွဲသူတွေကို ပြောပြဖို့အတွက် ကြိုတင်အကြောင်း မကြားဘဲ ဖုန်းဆက်(Cold Calls) တာတွေ အပေါ်မှာလည်း မှီခိုကြပါတယ်။ တွေ့ဆုံမှုတစ်ခု စီစဉ်ဖို့အတွက် လူတစ်ယောက်ရဲ့ ဘဝကို အနှောင့်အယှက်ပေးနေတာမျိုးလည်း မပြုလုပ်မိပါစေနဲ့။ 
- ဖုန်းကနေ တဆင့်ပြောနေချိန်မှာ သင့်မှာ အရောင်းစကား(Pitch) နဲ့ပတ်သက်ပြီး လည်း ဂရုပြုပါ။ စကားကို စိတ်ဝင်စားစရာကောင်းအောင်ပြောဆိုပါ။ မလိုအပ်တာတွေကို အကြာကြီးပြောနေမိတာမျိုး(လေကြောရှည်တာမျိုး) မဖြစ် ပါစေနဲ့။
 
၃။သင့်ရဲ့ သုံးစွဲသူကို ကောင်းကောင်းသိအောင်ပြုလုပ်ထားပါ။
- သင့်အနေနဲ့ သင့်ရဲ့ သုံးစွဲသူ (ဖောက်သည်)နဲ့ မတွေ့ခင်မှာ သူ့ရဲ့အကြောင်း တစ်ခုခုကို သိထားခြင်းက အထောက်အကူပြုနိုင်ပါတယ်။
- Fackbook ၊ Orkut ၊ Linked in ၊ twitter နဲ့ အခြားသော လူမှုကွန်ရက်ဆိုက်တ် တွေကနေတဆင့် သင့်ဖောက်သည်နဲ့ ပတ်သက်တဲ့ အချက်အလက်အချို့ကို ရယူနိုင်ဖို့ ကြိုးစားပါ။ ဒီ လူမှုကွန်ရက်ဆိုက်တ် တွေဟာ သင့်ရဲ့ အရောင်းစကား ကိုပြင်ဆင်တဲ့ နေရာမှာ အထောက်အကူပြုနိုင်တဲ့ သတင်းအချက်အလက်အချို့ သေချာပေါက်ပေးနိုင်ပါတယ်။
- သုံးစွဲသူရဲ့ လိုအပ်ချက်တွေ နဲ့ ထုတ်ကုန်ဆီကနေ မျှော်လင့်ထားတဲ့ အချက်တွေ ကို နားလည်ထားပါ။ သုံးစွဲသူအနေနဲ့ ထုတ်ကုန်တစ်ခုကို ဝယ်ယူနိုင်ချေရှိ ၊ မရှိ ကို စစ်ဆေးပါ။ တစ်လဝင်ငွေ Rs 10000/-.(မြန်မာငွေ ၁၈၈,၀၀၀ ခန့်) သာ ရှိတဲ့ သူတစ်ယောက်ကို အဲယားကွန်းရောင်းဖို့ ကြိုးစားတာက အဓိပ္ပါယ်မရှိပါဘူး။ သုံးစွဲသူရဲ့ နောက်ကြောင်းရာဇဝင်ကို ပိုပြီးသိရှိဖို့ ကြိုးစားပါ။
 
၎။ ဖောက်သည်အတွက် ဖြေရှင်းနည်းတွေ သတ်မှတ်ပေးပါ။
- သုံးစွဲသူတွေအတွက် သင့်လျော်မှုရှိအရှိဆုံး ရွေးချယ်စရာကို အကြံပြုပါ။ အရောင်းကိုယ်စားလှယ်တစ်ယောက်ဟာ သူ့ရဲ့သုံးစွဲသူတွေကို ဘယ်တော့မှ မလိမ်ရပါဘူး။ သင့်ထုတ်ကုန်က အမှန်တကယ်ဆောင်ရွက်ပေးနိုင်တဲ့ အရာတွေကိုသာ ပြောပြပါ။
- မဟုတ်မမှန်တဲ့ ကတိပြုမှုတွေ ပြုလုပ်ခြင်းက ပရော်ဖက်ရှင်နယ်မဆန်ပါဘူး။ သုံးစွဲသူနဲ့ အတူထိုင်ပြီး သူ့အတွက် အကောင်းဆုံးဖြစ်မယ့်နည်းလမ်းတွေတဲ့ ကူညီပေးပါ။ သင့်ရဲ့ ရည်မှန်းချက် နဲ့ ခံစားခွင့်တွေအတွက်ဘဲ အမြဲတမ်းတွေး မနေပါနဲ့။ သုံးစွဲသူရဲ့ ရှု့ထောင့်ကနေလည်း စဉ်းစားပေးပါ။ သုံးစွဲသူအတွက် မသင့်တော်ဘူးလို့ သင်ကိုယ်တိုင်ခံစားရတဲ့ အရာတစ်ခု ဝယ်ယူဖို့မတိုက်တွန်း ပါနဲ့။
 
၅။ ရေးသားထားတဲ့ အဆိုပြုချက်/မှတ်တမ်းမှတ်ရာ 
- သုံးစွဲသူဟာ ထုတ်ကုန်တစ်ခုကို ရွေးချယ်ပြီးတာနဲ့ အဆိုပြုထားတဲ့ နှုန်းထားတွေ၊ အခြားလိုအပ်တဲ့ သတ်မှတ်ချက်တွေပါဝင်တဲ့ အဆိုပြုချက်တစ်ခုပေးပါ။
 
၆။ ညှိနှိုင်းဆွေးနွေးမှု လုပ်ငန်းစဉ်
- အရောင်းအဝယ်ကိစ္စရပ်တွေမှာ ညှိနှိုင်းမှုတွေလုပ်လို့ ရသင့်ပါတယ်။ အရမ်း တင်းကျပ်တာမျိုး မဖြစ်ပါစေနဲ့။ ပွင့်ပွင့်လင်းလင်း ညှိနှိုင်းဆွေးနွေးပါ။
- သုံးစွဲသူတွေ အနေနဲ့ အသေးစိတ်အချက်အလက်တွေကအစ အားလုံးကို သိထားသင့်ပါတယ်။ သုံးစွဲသူတွေ စိတ်ကျေနပ်မှုပိုမို ရရှိစေဖို့အတွက် သူ့တို့အတွက် အကောင်းဆုံးဖြစ်မယ့် သဘောတူညီချက်တွေ ပြုလုပ်ပေးသင့်ပါတယ်။
- အရောင်းပရော်ဖက်ရှင်နယ်တစ်ယောက်ဟာ သတ်မှတ်ချက်တွေကို နှစ်ဖက်စလုံး  လက်ခံသဘောတူပြီးတာနဲ့ တပြိုင်နက် အရောင်းအဝယ်အတွက် ညှိနှိုင်းမှုကို အမြန်ဆုံးအပြီးသတ်နိုင်ဖို့ ကြိုးစားသင့်ပါတယ်။
 
၇။ ရောင်းချပြီးနောက် ဝန်ဆောင်မှုများ
- သုံးစွဲသူတွေအနေနဲ့ သင့်ရဲ့ဝန်ဆောင်မှုနဲ့ပတ်သက်ပြီး စိတ်ကျေနပ်မှုရှိကြောင်း သေချာပါစေ။
- သုံးစွဲသူရဲ့ လိုအပ်ချက်(တောင်းဆိုချက်) တွေအားလုံးကို ဖြည့်ဆည်းပေးနိုင်မှု ရှိ၊မရှိ သိရအောင် ပြုလုပ်ပါ။
- အရောင်းအဝယ်ပြုလုပ်ပြီးလျှင်တောင်မှ သုံးစွဲသူနဲ့ ဆက်လက်ဆက်သွယ်နေပါ။
 
ဒီ Article လေးဟာ စာဖတ်သူပရိတ်သတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com

Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


EPCM Myanmar Co., Ltd.

EPCM Myanmar Co., Ltd.

.We seek to be the leading customer oriented Construction , Mechanical and Electrical Equipment & services for our Professionalism, Quality, Cost Efficiency and Timely Delivery. .To provide the highe...
Show the postings (11)
Recyglo Co., Ltd.

Recyglo Co., Ltd.

Vision To become a leading waste management solution platform in Southeast Asia that produces zero waste and zero carbon footprint. Mission To process material in a safe, non-hazardous manner wi...
Show the postings (10)
Elabram Systems CO., LTD.

Elabram Systems CO., LTD.

Our in-depth understanding of our customers' requirements allow us to deliver quality solutions and maintain long-term relationship. Elabram believes in integrity and effective management with an empo...
Show the postings (5)
Honour Friend Co.ltd

Honour Friend Co.ltd

..Honour Friend Co.ltd....
Show the postings (2)

Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS