Jobs In Myanmar
Load...

Marketing နဲ့ HR တို့ အတူတကွ ပူးပေါင်းလုပ်ဆောင်ပြီး လုပ်ငန်းအမှတ်တံဆိပ်ကို ပိုမိုတိုးတက်မှုရှိစေရန် ဆောင်ရွက်ခြင်း

by www.jobsinyangon.com


ချိတ်ဆွဲရန်စာတန်း: Knowledge-Employer-Brand-Success-JobsinYangon



Marketing နဲ့ HR တို့ အတူတကွ ပူးပေါင်းလုပ်ဆောင်ပြီး လုပ်ငန်းအမှတ်တံဆိပ်ကို ပိုမိုတိုးတက်မှုရှိစေရန် ဆောင်ရွက်ခြင်း

 

စာဖတ်သူပရိသတ်များခင်ဗျာ။ ကျွန်တော်တို့ရဲ့ www.jobsinyngon.com ကနေနှုတ်ခွန်းဆက်သလိုက်ပါတယ်။ ဒီကနေ့မှာတော့ HR နဲ့ Marketing ကဏ္ဍနှစ်ခုတို့ အတူတကွ ပူးပေါင်းလုပ်ဆောင်မှုသာရှိခဲ့မယ်ဆိုရင် ရရှိလာနိုင်မယ့် အကျိုးရလာဒ် များအကြောင်းကို တင်ဆက်ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ 

၁။ Multimedia နဲ့ multichannel နည်းဗျူဟာများကို ဖန်တီးပါ။ 

HR က ထူးချွန် (စွမ်းဆောင်ရည်) ကောင်းမွန်သောသူများကို သိရှိထားပါတယ်။ Marketing ကဏ္ဍကတော့ ဝန်ထမ်းခေါ်ယူနေတဲ့အကြောင်းကို လူအများသိရှိနိုင်စေရန် ပြုလုပ်နိုင်မယ့် လမ်းကြောင်း (channel) များနဲ့ နည်းလမ်း (method) များကို သိရှိထားကြပါတယ်။ ဒီဌာန (၂) ခုဟာ အတူတကွ ပူးပေါင်းလုပ်ဆောင်ကြပြီး candidate (ဝန်ထမ်းလောင်းလျာ) များထံသို့ ရောက်ရှိနိုင်စေရန်အတွက် အကောင်းဆုံးနည်းဗျူဟာများကို သတ်မှတ်ရေးဆွဲကာ ဆုံးဖြတ်ကြရမှာဖြစ်ပါတယ်. 

၂။ Build Personas 

Marketing ကဏ္ဍဟာ buyer personas များကို သတ်မှတ်ဖော်ဆောင်ပြီး potential customer (ဖောက်သည်ဖြစ်လာနိုင်သူ) များရဲ့  အဓိကကျတဲ့ အမူအကျင့်တွေကို ဖော်ထုတ်ခြင်းနဲ့ အလားတူ၊ အရေးပါတဲ့၊ ထူးချွန်တဲ့သူ (Key talent) များကို ဆွဲဆောင်နိုင်ဖို့အတွက်ကိုလည်း HR အနေနဲ့ သူတို့ဆွဲဆောင်၊ ခေါ်ယူလိုတဲ့သူများရဲ့ persona များကို သတ်မှတ်ဖော်ထုတ်ရမှာဖြစ်ပါတယ်။ ဒီအရာ ၂ခုအကြားမှာ “ကျွန်ုပ်တို့ အနေနဲ့ အပြိုင်အဆိုင်များအကြားတွင် တစ်မူထူးခြားမှု ရှိနေစေရန် ဘယ်လိုလုပ်ဆောင်ကြမလဲ?” “Talent ရှိသူများအနေနဲ့ ကျွန်ုပ်တို့ရဲ့ organization တွင် အစိတ်အပိုင်းတစ်ခုအနေနဲ့ ပါဝင်ပူးပေါင်းလာကြပြီး အချိန်ကြာမြင့်စွာ တာဝန်ထမ်းဆောင်လိုလာကြဖို့အတွက် ဘာတွေကိုလုပ်ဆောင်ရမလဲ?” အစရှိတဲ့ မှန်ကန်တဲ့ မေးခွန်းတွေကိုမေးမြန်းနိုင်ဖို့ သတ်မှတ်ဖော်ထုတ်ခြင်းအပါအဝင် ကိစ္စရပ်အတော်များများတွင် တူညီတဲ့အချက်များရှိနေပါတယ်။ 

၃။ Storytelling ပြုလုပ်ရာတွင် ပူးပေါင်းဆောင်ရွက်ပါ။ 

စာရေးသူကတော့ employer brand တစ်ခုကို ထိရောက်မှုအရှိဆုံးတိုင်းတာနိုင်မယ့် လုပ်ဆောင်ချက်ဟာ ဝန်ထမ်းများရဲ့ brand တစ်ခုအကြောင်း ပြောဆိုနိုင်ခြင်းစွမ်းရည်ပဲ ဖြစ်တယ်လို့ ယုံကြည်ပါတယ်။ ထို့အပြင် brand messaging ဟာလည်း ဝန်ထမ်းများ၊ ဝန်ထမ်းခေါ်ယူသူများနဲ့ marketing ကဏ္ဍရှိသူများအကြား အစဉ်မပြတ်ရှိနေရမှာ ဖြစ်ပါတယ်။ Marketing ကဏ္ဍကတော့ ဒီ message များကို စီမံခန့်ခွဲရမယ့် အဓိကနေရာမှာ တာဝန်ယူထားရမှာဖြစ်တဲ့အပြင် သင့်တော်တဲ့ အကြောင်းအရာတွေကို ပြောပြနိုင်စေရန်အတွက် ဖော်ထုတ်သတ်မှတ်ခြင်းနဲ့ ဆက်သွယ်မှုပြုခြင်းတို့ကို ပြုလုပ်ရာတွင်လည်း ကူညီပေးနိုင်ပါတယ်။ 

၎။ ပြောဆိုရန်နည်းလမ်းများကို ကူညီရှာဖွေပေးခြင်း 

သင့်ရဲ့ brand story အကြောင်းကို ပြောဆိုနိုင်ရန်အတွက် နည်းလမ်းများစွာရှိနေပါတယ်။ ဒီအရာတွေကို marketing သမားများကလွဲရင် ဘယ်သူကပိုပြီးသိနိုင်ဦးမှာလဲ? HR နဲ့ ဝန်ထမ်းခေါ်ယူမှုအပိုင်းကသူများကို မှန်ကန်တဲ့ channel များကို အသုံးပြုပြီး ရည်ရွယ်ထားတဲ့ talent တွေ ရှိနေတဲ့နေရာများသို့ ရောက်ရှိနိုင်အောင်ကူညီပေးခြင်းနဲ့ ဒီနည်းလမ်းတွေကို ပိုမိုထိရောက်မှုရှိစေရန် ဘယ်လိုအသုံးပြုရမလဲဆိုတာတွေအပေါ် ကူညီပေးခြင်းဟာ ရေရှည်တွင် အကျိုးရလာဒ်များကိုဖြစ်ထွန်းနိုင်စေပါတယ်။ ထို့အပြင် (အထူးသဖြင့်) business-to-business ကုမ္ပဏီများအတွက် LinkedIn ဟာ ဖောက်သည်များနဲ့ရော ဝန်ထမ်းများဖြစ်လာနိုင်တဲ့သူများနဲ့ပါ ထိတွေ့မှုရှိနိုင်စေဖို့အတွက် အဓိကကျတဲ့ channel တစ်ခုပဲဖြစ်ပါတယ်။ ကုမ္ပဏီတစ်ခုရဲ့ LinkedIn page များကို ဘယ်လိုအသုံးပြုကြမလဲ/ စီမံကြမလဲဆိုတာကို marketing နဲ့ ဝန်ထမ်းခေါ်ယူရေးဌာနမှသူများက အတူတကွ ပူးပေါင်းလုပ်ဆောင်ပြီး စီမံသင့်ပါတယ်။ 

၅။ အောင်မြင်မှု (ရလာဒ်) များကို တိုင်းတာခြင်း

Employer brand တစ်ခုကို အစပျိုးလိုက်တဲ့အခါ အောင်မြင်မှုများကို လေ့လာစောင့်ကြည့်ခြင်းဟာလည်း လက်ရှိမှာ ရှိနေတဲ့ ဈေးကွက်ဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုများရဲ့ တိုးချဲ့မှုတစ်ရပ်ဖြစ်လာနိုင်ပါတယ်။ “အကောင်းဆုံးလုပ်ငန်းရှင်” အဆင့်သတ်မှတ်ချက်များနဲ့ ဆုများကိုလေ့လာစောင့်ကြည့်ခြင်း၊ social media engagement များ၊ ဝန်ထမ်းများရဲ့ သူတို့ရဲ့ brand အကြောင်းကို အခြားသူများအားပြန်လည်ပြောဆိုနိုင်မှုစွမ်းရည် အစရှိသည်တို့ဟာ အောင်မြင်မှုကိုတိုင်းတာရန် ထိရောက်မှုအရှိဆုံးနည်းလမ်းများပဲဖြစ်ပါတယ်။ စိတ်ဝင်စားဖွယ်ကောင်းတာက ကျွန်ုပ်တို့ရဲ့လေ့လာမှုများအရ ဈေးကွက်စွမ်းဆောင်ရည်နဲ့ ဝန်ထမ်းခေါ်ယူရာတွင် ထိရောက်မှုရှိခြင်းတို့အကြား မြင့်မားသောဆက်စပ်မှုများရှိနေသော်လည်း Organization များရဲ့ 16% ခန့်ကသာ Glassdoor ရဲ့ အဆင့်သတ်မှတ်ချက်များကို လေ့လာစောင့်ကြည့်ခြင်းပြုကြပါတယ်။ 

မှန်ကန်သင့်တော်တဲ့ ထူးချွန်တဲ့သူများကို ဆွဲဆောင်ရခြင်းဟာ ဖောက်သည်အသစ်များကို ဆွဲဆောင်ရခြင်းကဲ့သို့ပင် အရေးပါတဲ့အရာတစ်ခုပဲဖြစ်ပါတယ်။ ခိုင်မာကြံ့ခိုင်တဲ့ employer brand တစ်ခုကို တည်ဆောက်ခြင်းဟာ Organization တိုင်းထားရှိရမယ့် Brand strategy ရဲ့ တစိတ်တပိုင်းဖြစ်နေသင့်ပါတယ်။ ဒါကြောင့် နောင်အခါများတွင် HR ဌာနဘက်က အကူအညီတောင်းလာခဲ့သည်ရှိသော် နားထောင်ပေးလိုက်ပါ။ ကြိုတင်စီမံကာကွယ်သည့်အနေနဲ့ ချက်ချင်းပဲ ပူးပေါင်းပါဝင်ဆောင်ရွက်လိုက်ပါ။ သင့်ကုမ္ပဏီရဲ့ အပြိုင်အဆိုင်များအကြားတွင် အားသာမှုရရှိရေးဟာ ဒီအချက်အပေါ်တွင် များစွာမူတည်နေပါတယ်။ 

 

ဒီ Article လေးဟာ စာဖတ်သူပရိတ်သတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Ve Ve Soft Drinks Factory

Ve Ve Soft Drinks Factory

..The Green Circle Co., Ltd,a food and beverage company was founded in 1997. Green Circle engages in manufacturing, marketing, Sale, and distribution. The company comprises beverages such as soft drin...
Show the postings (6)
Phee Int'l Shipping Myanmar Ltd

Phee Int'l Shipping Myanmar Ltd

MISSION: To provide all our customers an integrated one-stop platform to simplify their logistics management and carter to their total cargo and lifestyle logistics needs. VISION: To be the P...
Show the postings (50)
Ongo Myanmar

Ongo Myanmar

Ongo digital payment services are now available in Myanmar through the Ongo Mobile Money App!Ronoc Asia was incorporated in July 2015 when Ronoc, an international investment and advisory firm (founded...
Show the postings (1)
Shwe Set Kyar Ko Tint Wai Group Of Co.,Ltd

Shwe Set Kyar Ko Tint Wai Group Of Co.,Ltd


Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS