ချိတ်ဆွဲရန်စာတန်း: News-Microsoft-Edge-Deadline-JobsInYangon
အသုံးပြုသူများအနေဖြင့် Internet Explorer ကို ဆက်လက်အသုံးပြုနိုင်ခွင့်ရှိမည့် နောက်ဆုံးရက်ကို Microsoft မှ ကြေငြာ
Internet Explorer web browser အား ဂျွန်လ ၁၅ ရက်နေ့၊ ၂၀၂၂ ခုနှစ်နောက်ဆုံးထား၍ ပိတ်သိမ်းသွားမှာဖြစ်ကြောင်း Microsoft မှ ကြေငြာလိုက်ပြီပဲဖြစ်ပါတယ်။
“Windows 10 ပေါ်ရှိ Internet Explorer ရဲ့ အနာဂါတ်ဟာ Microsoft Edge တွင်ရှိနေပါတယ်လို့ ဒီနေရာကနေ ကျွန်ုပ်တို့က ကြေငြာပေးချင်ပါတယ်။” ဟူ၍ Microsoft Edge ရဲ့ Program Manager ဖြစ်သူ Sean Lyndersay မှ ၂၀၂၁ ခုနှစ်၊ မေလ ၂၄ ရက်နေ့က blog post တစ်ခုတွင် ကြေငြာခဲ့ပါတယ်။ “Microsoft Edge ဟာ ပိုမိုမြန်ဆန်ပြီး၊ ပိုမို၍လုံခြုံမှုရှိသည်သာမက၊ Internet Explorer နှင့် နှိုင်းစာလိုက်ပါက ပိုမို၍ခေတ်မှီသော browsing experience ကို ပေးစွမ်းနိုင်မှာဖြစ်တဲ့အပြင် အဓိကပြဿနာတစ်ခုဖြစ်တဲ့ ဟောင်းနွမ်းနေပြီဖြစ်သော legacy website များနှင့် application များနှင့်ပါ တွဲဖက်အသုံးပြုနိုင်စွမ်းလည်းရှိနေပါတယ်။”
Microsoft Edge ဆိုသည်မှာ Windows 10 နှင့် Xbox One တို့အတွင်း ၂၀၁၅ ခုနှစ်အတွင် Microsoft မှ ထည့်သွင်းပေးခဲ့သော web browser အသစ်တစ်ခုဖြစ်ပါတယ်။ ယခုအခါ Microsoft မှ Internet Explorer web browser ကို ပိတ်သိမ်းတော့မှာဖြစ်ပေမယ့်လည်း Edge တွင် “IE mode” ပါဝင်လာမှာဖြစ်တဲ့အတွက် အသုံးပြုသူများအနေနဲ့ Internet Explorer အပေါ် အခြေခံထားတဲ့ website များနှင့် app များကို Edge မှ တဆင့် တိုက်ရိုက်ဝင်ရောက်ကြည့်ရှုနိုင်ဦးမှာဖြစ်ပါတယ်။ Microsoft ဟာ အဆိုပါ Internet Explorer mode ကို Microsoft Edge တွင် ၂၀၂၉ ခုနှစ်အထိ ဆက်လက်၍ support ပြုလုပ်ပေးသွားဖို့ကိုလည်း ကတိပြုခဲ့ပါသေးတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် ဗဟုသုတတိုးစေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။