ချိတ်ဆွဲရန်စာတန်း: News-Microsoft-Shutdown-LinkiedIn-China-JobsInYangon
Microsoft မှ တရုတ်နိုင်ငံအတွင်းတွင် LinkedIn website ကို ပိတ်သိမ်းတော့မည်ဖြစ်ကြောင်း ကြေငြာချက်ထုတ်ပြန်
တရုတ်နိုင်ငံအာဏာပိုင်များရဲ့ အင်တာနက်အသုံးပြုမှုအပေါ် တင်းကြပ်မှုများပိုမိုများပြားလာတဲ့အတွက် အောက်တိုဘာလ ၁၄ ရက်နေ့တွင် Microsoft မှ တရုတ်နိုင်ငံအတွင်းရှိ ၎င်းတို့ပိုင် LinkedIn ရဲ့ local version ကို ပိတ်သိမ်းမှုပြုလုပ်သွားတော့မည်ဖြစ်ကြောင်း ကြေငြာချက်ထုတ်ပြန်ခဲ့ပါတယ်။
Censorship ပြုလုပ်ရာ၌ ကမ္ဘာပေါ်တွင် တင်းကြပ်မှုအရှိဆုံးဖြစ်တဲ့ တရုတ်နိုင်ငံအတွင်းတွင် LinkedIn ဟာ လက်ရှိအချိန်အထိ တရုတ်နိုင်ငံအတွင်းတွင် ဆက်လက်၍ operate ပြုလုပ်နိုင်နေတဲ့ တစ်ခုတည်းသော အမေရိကန်အခြေစိုက် social network platform တစ်ခုဖြစ်ပါတယ်။ အခြားသော social media platform များနဲ့ website များဖြစ်တဲ့ Twitter နဲ့ Facebook တို့ကိုတော့ တရုတ်နိုင်ငံအတွင်းတွင် တားမြစ်မှုများ ပြုလုပ်ထားသည်မှာ ဆယ်စုနှစ်တစ်ခုခန့်ကြာမြင့်ခဲ့ပြီဖြစ်ပြီး Google ကတော့ ၎င်းတို့ရဲ့ operate ပြုလုပ်နေမှုများကို ၂၀၁၀ ခုနှစ်မှစ၍ ရပ်ဆိုင်းခဲ့ပါတယ်။
Microsoft ရဲ့ ပြောကြားချက်အရ “၎င်းတို့ဟာ LinkedIn ကို တရုတ်နိုင်ငံအတွင်း operate ပြုလုပ်ဖို့ ပိုမိုခက်ခဲလာပြီး လိုက်နာရမည့် စည်းကမ်းချက်များ သိသိသာသာကို ပိုမိုများပြားလာသည့်အတွက်” ရပ်နားလိုက်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ သိရှိရပြီး ထိုအစား Microsoft မှ LinkedIn ကဲ့သို့ social media လုပ်ဆောင်ချက်များ ပါဝင်မှာမဟုတ်တဲ့ InJobs လို့အမည်ပေးထားတဲ့ အလုပ်အကိုင်ရှာဖွေရေး site တစ်ခုကို တရုတ်နိုင်ငံတွင် launch ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။