ချိတ်ဆွဲရန်စာတန်း: News-Microsoft-Warns-Scams-JobsInYangon
လိမ်လည်သူများအသုံးပြုလျှက်ရှိနေတဲ့ နောက်ဆုံးပေါ်နည်းလမ်းများကို Microsoft မှ အသုံးပြုသူများအား သတိပေးခဲ့
မကြာသေးမှီက Microsoft မှ သူတို့ရဲ့ Windows Operating System များကို အသုံးပြု၍ ငွေကြေးလိမ်လည်မှုများကို ပြုလုပ်နေသူများရဲ့ နည်းလမ်းအချို့ကို အသုံးပြုသူများထံသို့ အသိပေးကြေငြာချက်တစ်ရပ် ပြုလုပ်ပေးခဲ့ပါတယ်။ ကုမ္ပဏီရဲ့အဆိုအရ Tech-support သတိပေးချက် အတုများမှတဆင့် ရာဇဝတ်မှုကျူးလွန်သူများဟာ Cyber Attack များကို ပြုလုပ်လျှက်ရှိနေပြီး အသုံးပြုသူများရဲ့ ကိုယ်ရေးအချက်အလက်များနဲ့ Credit Card Detail များကို ပေးအပ်လာစေရန် လှည့်ဖျားလျှက်ရှိနေပါတယ်။
Cyber ရာဇဝတ်မှုကျူးလွန်သူများမှ နောက်ဆုံးပေါ်အသုံးပြုနေတဲ့ အဆိုပါနည်းလမ်းကတော့ computer screen ပေါ်တွင် ရုတ်တရက် pop-up window တစ်ခုကိုပေါ်လာစေပြီး PC ဟာ တိုက်ခိုက်မှုခံနေရကြောင်းနှင့် ခေါ်ဆိုလိုက်ပါက Call center အတုတစ်ခုသို့ ရောက်ရှိသွားမည့် Tech-support ဖုန်းနံပါတ်များကို ဖော်ပြထားခြင်းပဲဖြစ်ပါတယ်။ အဆိုပါနေရာသို့ တယ်လီဖုန်းခေါ်ဆိုလိုက်သည်နှင့် အသုံးပြုသူများကို အမှန်တကယ်လိုအပ်မှုမရှိတဲ့ ကူညီမှုများအတွက် ငွေကြေးလိမ်လည်တောင်းခံမှုများကို ပြုလုပ်လျှက်ရှိနေကြောင်း သိရှိရပါတယ်။
Microsoft Digital Crimes Unit Asia တွင် Assistant General Counsel, Regional Lead အဖြစ် တာဝန်ထမ်းဆောင်လျှက်ရှိတဲ့ Mary Jo Schrade ရဲ့ blog post တစ်ခုတွင် ရေးသားထားချက်အရ “Tech-support ဟန်ဆောင်၍ လိမ်လည်မှုများဟာ ယခင်ကကဲ့သို့ ရုတ်တရက်ဖုန်းခေါ်ဆို၍ အကြောင်ရိုက်ခြင်းများမှ ပိုမိုရှုပ်ထွေးပြီး အစစ်နဲ့ပိုမိုတူလာတဲ့နည်းလမ်းများဖြစ်တဲ့ professional ဆန်တဲ့ပုံစံပေါက်သော pop-up များကိုအသုံးပြုကာ User များက သူတို့ရဲ့ call center အတုများထံသို့ အလိုအလျှောက် ဆက်သွယ်လာကြစေရန်အတွက် စီမံပြုလုပ်လာကြပြီဖြစ်ပါတယ်။” ဟူ၍ ရေးသားထားခဲ့ပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။