ချိတ်ဆွဲရန်စာတန်း: News-NASA-SpaceX-ElonMusk-JobsInYangon
NASA နှင့် SpaceX တို့မှ အာကာသလုံခြုံရေးအတွက် သဘောတူညီချက်တစ်ခုကို လက်မှတ်ရေးထိုးခဲ့
Reuters သတင်းဌာနမှ သတင်းတစ်ပုဒ်အရ NASA မှ မတ်လ ၁၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့တဲ့ ကြေငြာချက်တစ်ခုတွင် ဘီလျံနာ Elon Musk ရဲ့ SpaceX ကုမ္ပဏီနှင့် ၎င်းတို့အကြား လွှတ်တင်ထားသည့် Satellite ဂြိုလ်တုများ အချင်းချင်းတိုက်မိခြင်းများကို ရှောင်ရှားနိုင်ရန် အားထုတ်ကြိုးပမ်းသွားရန်အတွက် သဘောတူညီချက်တစ်ခုကိုရေးထိုးခဲ့ကြောင်း သိရှိခဲ့ရပါတယ်။
အဆိုပါသဘောတူညီချက်ကြောင့် NASA နှင့် Starlink, SpaceX ရဲ့ အာကာသအင်တာနက်ရင်းနှီးမြှုပ်နှံမှုများအကြား အချက်အလက်များမျှဝေပေးခြင်းကို ပိုမိုချောမွေ့လာစေရန်ရည်ရွယ်ပြီး ၂ ဖက်စလုံးမှ သူတို့ရဲ့ အာကာသယာဉ်များနှင့် ကမ္ဘာပတ်လမ်းကြောင်းအတွင်းရှိ အပိုင်းအစများရဲ့ တည်နေရာများကို ပြည့်ပြည့်ဝဝ သိရှိလာစေနိုင်မှာ ဖြစ်ပါတယ်။
လက်ရှိတာဝန်ထမ်းဆောင်နေဆဲ NASA ရဲ့ အကြီးအမှူးဖြစ်တဲ့ Steve Jurczyk မှ တော့ “စီးပွားဖြစ်ကုမ္ပဏီများမှ Satellite များကို ပိုမို၍ လွှင့်တင်လာသည်နှင့်အမျှ ကျွန်ုပ်တို့အနေနဲ့ ဆက်သွယ်မှုများ၊ ဆက်ဆံရေးများ၊ ဒေတာအချက်အလက်များ လွှဲပြောင်းမျှဝေခြင်းနှင့် အကောင်းဆုံးလုပ်ဆောင်ချက်များကို တည်ထောင် မြှင့်တင်ပြီး လုံခြုံ၍အန္တရာယ်ကင်းစင်သော အာကာသပတ်ဝန်းကျင်တစ်ခုဖြစ်စေရန်အတွက် သေချာစွာလုပ်ဆောင်သွားကြဖို့အတွက်ဟာ အရေးကြီးလှပါတယ်။” ဟူ၍ ပြောကြားသွားခဲ့ပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် ဗဟုသုတတိုးစေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။