ချိတ်ဆွဲရန်စာတန်း: Knowledge-IT-Netflix-General-JobsinYangon
Netflix ဟာ ဥရောပနိုင်ငံများတွင် ဒေတာပို့လွှတ်မှုမြန်နှုန်းကို တစ်ဖန်ပြန်လည်မြှင့်တင်ခဲ့ပါတယ်။
အင်တာနက်လိုင်းများကြပ်တည်းမှုကိုဖြေလျှော့နိုင်ရန် ဗီဒိုယိုများကို အွန်လိုင်းပေါ်မှကြည့်ရှုခြင်း (streaming) အတွက် အရည်အသွေးများကို လျှော့ချမည်ဟု Netflix မှ မတ်လအတွင်းက ကြေငြာခဲ့ပါတယ်။ ယခုအခါတွင်မူ တဖြည်းဖြည်း မူလ resolution သို့ပြန်လည်ရောက်ရှိလာနေပြီ ဖြစ်ပါတယ်။
မတ်လအတွင်းက Netflix ဟာ ဥရောပနိုင်ငံများအဖွဲ့ (European Union) ရဲ့တောင်းဆိုမှုကို ကြားနာခဲ့ပြီးနောက် HD ဗီဒီယိုများကို ယာယီရပ်ဆိုင်းခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ပြန့်ပွားလျက်ရှိသည့်ကာလအတွင်း လူများဟာ Netflix ကိုပိုမိုကြည့်ရှုလာကြသည့်အတွက် Netfix မှပို့လွှတ်ခဲ့သော ဒေတာပမာဏဟာ သိသိသာသာကို မြင့်တက်သွားခဲ့ပါတယ်။ ၎င်းဟာ EMEA region အတွင်း Youtube, http နှင့် BitTorrent တို့ပြီးလျှင် စတုတ္ထအကြီးဆုံး အင်တာနက်မှတစ်ဆင့် ရုပ်ရှင်ထုတ်လုပ်သူကုမ္ပဏီဖြစ်လာခဲ့ပါတယ်။ ယခင်နှစ်မှ အင်တာနက်ဒေတာပေးပို့မှုပမာဏရှယ်ယာ ၆.၀၉% မှ ၇.၆၉% သို့ရောက်ရှိခဲ့ပါတယ်။ နှစ်လအပြီး တွင်မူ ထိုအခြေအနေမှ ၎င်း platform ရဲ့ မူလအခြေအနေသို့ ပြန်လည်ရောက်ရှိခဲ့ပြီးနောက် resolution အပြည့်သို့ ပြန်လည်ပြောင်းလဲလိုက်ပါတယ်။ သို့သော်လည်း HD အရည်အသွေးကို တော့ မည်သည့်နေရာတွင်မှ ရရှိနိုင်ဦးမည်မဟုတ်ပါ။ Netflix ဟာ ဈေးကွက်အခြေအနေအရ တန်ပြန်တုန့်ပြန်မှုများပြုလုပ်လျက်ရှိပြီး ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ရေးလုပ်ဆောင်ချက်များ ကို စတင်ပြုလုပ်လျက်ရှိတဲ့နိုင်ငံများတွင်သာ အဆိုပါကန့်သတ်ချက်များကို ဖြေလျှော့ပေးသွားမှာဖြစ်ပါတယ်။
ဒီဆောင်းပါးလေးဟာ စာဖတ်သူပရိတ်သတ်တို့ကို ဗဟုသုတတိုးစေလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။