ချိတ်ဆွဲရန်စာတန်း: News-Netflix-Show-TikTok-JobsInYangon
Netflix မှ နောက်ထပ်ထွက်ရှိလာမည့် Reality Show တစ်ခုအတွက် TikTok ကြယ်ပွင့်များနှင့် သဘောတူညီချက်များ ပြုလုပ်ခဲ့
Netflix မှ နောက်ထပ်ထွက်ရှိဖို့ စီစဉ်လျှက်ရှိတဲ့ reality စီးရီးတစ်ခုအတွက် ယခုအခါ Social Media Influencer များအား ချဉ်းကပ်လျှက်ရှိကြောင်း သိရှိရပါတယ်။ သတင်းများအရ အဆိုပါ အမည်မတပ်ရသေးသော TV show တွင် အဓိက TikTok ကြယ်ပွင့်များ စုဝေးဖွဲ့စည်းထားသော Hype House ရဲ့ အဖွဲ့ဝင်များရဲ့ အကြောင်းကို ရိုက်ကူးတင်ဆက်သွားမှာဖြစ်ပါတယ်။ Variety မှ သတင်းတစ်ပုဒ်အရ “ အဆိုပါ စီးရီးဟာ ကမ္ဘာ့အကျော်ကြားဆုံး Social Media ကြယ်ပွင့်များကို ဗဟိုပြု၍ ရိုက်ကူးသွားမှာဖြစ်ကြောင်း” သိရှိခဲ့ရပါတယ်။
လက်ရှိအနေနဲ့တော့ - Kouvr Annon, Nikita Dragun, Sienna Mae Gomez, Chase Hudson, Larri Merritt, Thomas Petrou, Alex Warren နဲ့ Jack Wright တို့ ပါဝင်လာမှာဖြစ်ပြီး အဆိုပါ show အား ဆက်လက်ရိုက်ကူးဖို့ရှိလာသည်နဲ့အမျှ အခြားသောသူများအနေနဲ့လည်း ပါဝင်လာနိုင်ဖို့ မျှော်လင့်နိုင်ပါတယ်။
Hype House ကို မသိသေးသူများအဖို့ Hype House ရဲ့ အကြောင်း အနည်းငယ်ရှင်းပြရမည်ဆိုပါလျှင် - သူတို့ရဲ့ TikTok အကောင့်ဟာ follower ပေါင်း သန်း ၂၀ ကျော်ရှိပြီး Instagram အကောင့်တွင်တော့ follower ပေါင်း သန်း ၆ သန်းခန့်ရှိနေပါတယ်။ ဒါဟာ Hype House အဖွဲ့ဝင်များနဲ့ သူတို့ရဲ့ကိုယ်ပိုင် ပရိသတ်များကို ထည့်သွင်းတွက်ချက်ထားခြင်းမရှိသေးပါဘူး။ Hype House ရဲ့ အဖွဲ့ဝင်တစ်ဦးချင်းစီတိုင်းတွင်လည်း follower ပေါင်း ၈ သန်းခန့် ရှိနေပါသေးတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် ဗဟုသုတတိုးစေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။