ချိတ်ဆွဲရန်စာတန်း: News-WhatsApp-New-Version-JobsInYangon
WhatsApp ဗားရှင်းအသစ်တွင် အသုံးပြုနေသူများအနေနဲ့ ဓါတ်ပုံနှင့် ဗီဒီယိုဖိုင်များကို အရည်အသွေးလျော့သွားခြင်းမရှိပဲ ပေးပို့နိုင်တော့မည်
နောက်ထပ်ထွက်ရှိလာတော့မည့် WhatsApp version အသစ်တွင် ပုံများနှင့် ဗီဒီယိုဖိုင်များရဲ့ ဖိုင်အရွယ်အစားကို ချုံ့ပစ်ခြင်းအား အသုံးပြုသူများအနေနဲ့ ပိုမို၍ ထိန်းချုပ်လို့ရလာနိုင်တော့မှာဖြစ်ကြောင်းကို The Verge မှ သတင်းတစ်ပုဒ်အရ သိရှိရပါတယ်
WABetaInfo မှရရှိခဲ့တဲ့ အချက်အလက်များအရ လက်ရှိတွင် WhatsApp android app အတွက် အဆိုပါလုပ်ဆောင်ချက်များကို စတင်ရေးဆွဲလျှက်ရှိနေပြီဖြစ်ပြီး ဓါတ်ပုံများနှင့် ဗီဒီယိုဖိုင်များကို ပေးပို့ရာတွင် Auto, Best Quality နှင့် Data Saver ဟူ၍ ရွေးချယ်စရာ ၃ မျိုး ရှိလာတော့မှာပဲဖြစ်ပါတယ်။
Data Saver ကို ရွေးချယ်ခဲ့ပါက အင်တာနက်မြန်နှုန်းများနှေးကွေးနေတဲ့အခါ (သို့) ဒေတာပမာဏကန့်သတ်ချက်များ ရှိနေတဲ့အခါတွင် ထိုအရာများကို စိတ်ပူနေစရာမလိုပဲ ဓါတ်ပုံများကို ဒေတာပမာဏ အနည်းဆုံးဖြင့် ပေးပို့၍ ရနိုင်မှာဖြစ်သလို Best Quality ကို ရွေးချယ်ထားခဲ့ပါက အလိုအလျှောက် ဖိုင်အရွယ်အစားချုံ့ပေးခြင်းကို ရှောင်ရှား၍ တတ်နိုင်သမျှ အကောင်းဆုံးအရည်အသွေးရှိတဲ့ ဓါတ်ပုံများနဲ့ ဗီဒီယိုဖိုင်များကို ပေးပို့၍ ရနိုင်တော့မှာဖြစ်တယ်လို့ WhatsApp မှ ကြေငြာထားခဲ့ပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။