Jobs In Myanmar
Load...

လွယ်ကူစွာ CV တင်ဖို့ ၁၀ မိနစ်သာလိုပါတယ်


ချိတ်ဆွဲရန်စာတန်း: Jobs Vacancy Work Blog



ကျွန်တော်တို့ JobsInYangon ဟာအခုဆိုရင် အလုပ်ရှာဖွေသူများ အတွက် အလုပ်လျှောက်လွှာရေးသား ရာမှာ ပိုမိုအဆင်ပြေပြီးကောင်းမွန်တဲ့ CV တစ်ဆောင်ဖြစ်လာအောင် နဲ့ ပိုမိုကောင်းမွန်တဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေကို ရရှိလာနိုင်စေဖို့ရာ CV ရေးသားနည်း လမ်းညွှန် ကို ကျွန်တော်တို့ရဲ့အင်တာနက် စာမျက်နှာ မှာမိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။

JobsInYangon.com စာမျက်နှာကို အွန်လိုင်းအလုပ်အကိုင် ရှာဖွေရေး စာမျက်နှာ အဖြစ် စတင်လွှင့်တင်ခဲ့ ပြီးနောက်မှာ ကျွန်တော်တို့တွေဟာ ထောင်ပေါင်းများစွာလှ တဲ့ ပြည်တွင်း အလုပ်အကိုင်ရှာဖွေသူများ နဲ့အခြားသောနေရာဒေသ အသီးသီးမှ စိတ်ဝင်စားမှုတွေ ကိုရရှိခဲ့တဲ့အတွက် အထူးပဲ ကျေးဇူးတင်ရှိပါတယ်။

 

အလုပ်ရှာဖွေသူများရဲ့အသက်မွေးမှုဘဝများ ကို ပိုမိုလွယ်ကူစေအောင် အလုပ်လျှောက်လွှာများ ကို JobsInYangon သို့ ပေးပို့ စေဖို့ တိုက်တွန်းနှိုးဆော်ခဲ့ပြီး လက်ခံ ရရှိခဲ့တဲ့ အလုပ်လျှောက်လွှာ (CV) များ ကိုလည်းမူရင်းအချက်အလက် များမပျက်ယွင်းစေဘဲ သက်ဆိုင်ရာအလုပ်အတွေ့အကြုံ ပညာအရည်အချင်း အလိုက်ပြန်လည် စီစဉ်ထားရှိပြီး ကျွန်တော်တို့ JobsInYangon ရဲ့ လုပ်ငန်းရှင်များ(၀န်ထမ်းခန့်အပ်သူများ) အတွက် လိုအပ်ချက် အလိုက် သင့်တော်တဲ့ လုပ်သားတွေကိုရှာဖွေရာမှာ အကောင်းဆုံးဖြစ်အောင် ဝန်ဆောင် မှု ပေးခဲ့ပါတယ်။ ကျွန်တော် တို့ မှ လုပ်လျှောက်လွှာတွေကို ပြန်လည် စီစဉ် မွမ်းမံရသလဲ ဆိုတဲ့အချက် ကိုလည်းပြန်လည်ရှင်းလင်းလိုပါတယ်။ ကျောင်းပြီးကာစ ဘွဲ့ရလူငယ် အချို့  နဲ့ အလုပ်အတွေ့ကြုံနည်း သူအချို့ မှ တင်လိုက်တဲ့ CV များမှာ ပါဝင်တဲ့အချက်အလက်တွေဟာ အလုပ်နဲ့ ပတ်သက်ဆက်နွယ်မှု မရှိတဲ့ ဖော်ပြ ချက်မျိုးတွေ အပြင် အကြောင်းအရာများမှာလည်း ကျစ်လစ်စွာဖွဲ့စည်းပုံ အားနည်းမှုမျိုးတွေကြောင့် အလုပ် အကိုင် အခွင့်အရေးများကို လက်လွှတ်ဆုံးရှုံးနိုင်တာကြောင့်ပါ။ ထို့အပြင်လူတစ်ဦးချင်းစီမှ တင်လိုက်တဲ့အလုပ် လျှောက်လွှာများဟာ လည်း style ကိုယ်စီ format ကိုယ်စီ ဖြစ်တာကြောင့် အခုဆိုရင် CV တင်ရာမှာတသတ် မတ်တည်းတူညီမှု ရှိအောင် အပြင် CV များကိုသက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းရှင်များ မှ ရှာဖွေရာတွင် ပိုမိုလွယ်ကူစေအောင် JobsInYangon မု ရိုးရှင်းလွယ်ကူသော CV ဖန်တီး ခြင်းကို အလုပ်ရှာသူညီအစ်ကို မောင်နှမများ အတွက် မိတ်ဆက်လိုက်ပါပြီ။ Mobile ဖုန်းများကိုအသုံးပြုပြီး အလုပ်ရှာဖွေ ခြင်းတွေတိုးတက် လာတာနဲ့အမျှ Mobile ဖုန်းအသုံးပြုပြီး CV လျှောက်လွှာ တင်လိုသူများ နဲ့ ရေးသားဖန်တီးလို သူများအတွက် လည်း မကြာမီမှာ ပြုလုပ်လာနိုင်တော့မှာ ဖြစ်ပါတယ်။


ကျွန်တော်တို့မိတ်ဆက်ထားတဲ့ CV ရေးသားနည်းအသစ် အကြောင်းကိုပြောကြရအောင်။ အလုပ်အကိုင် အခွင့်အလမ်း တွေကို ရရှိ ဖို့ ရာ CV တစ်ဆောင်ကို ရေးသားတည်ဆောက်ဖို့အတွက် ၁၀ မိနစ် စာအချိန်ပေးရုံ နဲ့တင် အမြင်တင့်တယ်ရိုးရှင်းပြီး သေသပ်တဲ့ အလုပ်လျှောက်လွှာ တစ်ဆောင်ကိုရရှိမှာ ဖြစ်ပါတယ်။ မိမိကြိုက် နှစ်သက်ရာ CV ဒီဇိုင်းပုံစံကိုလည်း ရွေးချယ် သိမ်းဆည်း နိုင်ပြီး Print ထုတ်နိုင်သည့် အပြင် ဖြည့်စွက်ထားတဲ့ အချက်အလက်များကို လည်းအချိန်မရွေး ပြန်လည်ပြင်ဆင်နိုင်မှာဖြစ်ပါတယ်။ Cover Letter ရေးသားရာမှာ လည်း တစ်ကြိမ်ရေးသားရုံနဲ့ မိမိတို့ ရဲ့ Account မှာ သိမ်းဆည်းထားနိုင်ပြီး အလုပ်လျှောက်ထားမှုတိုင်း အတွက် အသင့် ပြန်လည် အသုံးပြုနိုင်မှာပါ။

 

မြန်မာနိုင်ငံ မှ အလုပ်ရှာဖွေသူ အပေါင်းမှ www.jobsinyangon.com  ကိုသွားရောက်ပြီး အလုပ်အကိုင် များကိုရှာဖွေ လျှောက်ထား နိုင်ပါပြီ။ အလုပ်လျှောက်ထားမှုတိုင်းဟာ လည်း ပြည်တွင်း ပြည်ပ လုပ်ငန်းရှင်များ ဆီသို့ မည်သည့်အချက်အလက်ကို မျှပြန်လည်ရေးသား နေစရာမလို တော့ပဲ Mouse Click တစ်ချက်နှိပ်ရုံ မျှဖြင့် တိုက်ရိုက် ရောက်ရှိသွား မှာဖြစ်ပါတယ်။ လွယ်ကူတယ် ဆိုတာကတော့ အရမ်းပါဘဲ။
အခုပဲ www.jobsinyangon.com ကိုသွားရောက်ပြီး “ Create new CV “ ဆိုတဲ့ ခလုပ်လေးကို နှိပ်ပြီး ညွှန်ကြားချက်ပါ အချက်များအတိုင်း လိုက်လုပ်ကြည့်ပြီး Telenor, Ooredoo, Nestle အစရှိတဲ့ ကုမ္ပဏီကြီး တွေမှာ အလုပ်ရနိုင်ကြဖို့အတွက် တိုက်တွန်းနှိုးဆော်လိုက်ပါတယ်ခင်ဗျား။

 

အလုပ်ရှာဖွေခြင်းမှာကံကောင်းကြပါစေလို့ဆုမွန်ကောင်းပို့သလျှက်
JobsInYangon Team


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Supreme Group Of Companies

Supreme Group Of Companies

Our Mission To deliver Professional Services that meet and exceed Clients expectations. To maintain a high level of professional Standing and Integrity that is above reproach. To establish a mutual...
Show the postings (26)
ACECOOK MYANMAR CO.,LTD.

ACECOOK MYANMAR CO.,LTD.

HANA အသင့်စားရှမ်းခေါက်ဆွဲဟာ ဆီဖြင့်ကြော်ထားခြင်းမဟုတ်သော Non-Fried ဆန်ခေါက်ဆ...
Show the postings (13)
Sumitomo Mitsui Construction Co,.Ltd.

Sumitomo Mitsui Construction Co,.Ltd.

..To respond to widespread expectations toward the collective abilities of its merging partners to enhance social and living infrastructures, Sumitomo Mitsui Construction Co.,Ltd. (SMC) was born on Ap...
Show the postings (6)
V Net - Mandalay Internet Service Provider

V Net - Mandalay Internet Service Provider

Vision and Mission Call us rebels, but we strongly believe every home and business in Myanmar should have fast, affordable and reliable access to the internet. No compromise, no barriers, no fuss.So ...
Show the postings (33)
Cadian Myanmar

Cadian Myanmar

.with enjoy at Team Work. We Cadian Myanmar Co., Ltd have mainly draw the scaffolding Design by Auto CAD 2D and 3D. . To prevent accident and safety management guidance to the customer,we supply all ...
Show the postings (3)

Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS