ချိတ်ဆွဲရန်စာတန်း: News-Nintendo-Switch-OLED-JobsInYangon
အောက်တိုဘာလ ၈ ရက်နေ့တွင် Nintendo Switch OLED Model ကို ရောင်းချပေးသွားမှာဖြစ်ကြောင်း Nintendo မှ အတိအလင်းကြေငြာ
Nintendo Switch Pro အသစ် ထွက်ရှိလာမည့်အကြောင်း ကောလဟာလများ၊ သတင်းများ များစွာထွက်ရှိခဲ့ပြီး လပေါင်းများစွာကြာမြင့်ပြီးနောက် Nintendo မှ နောက်ထပ်ထွက်ရှိလာတော့မည့် Nintendo Switch OLED Model ရဲ့အကြောင်းကို ဇူလိုင်လ ၆ ရက်နေ့က အတိအလင်းကြေငြာလိုက်ပြီပဲဖြစ်ပါတယ်။
အဆိုပါ Nintendo Switch OLED Model ကို ကန်ဒေါ်လာ ၃၄၉.၉၉ ဖြင့် အောက်တိုဘာလ ၈ ရက်နေ့တွင် စတင်၍ ရောင်းချပေးသွားမှာဖြစ်ပြီး ၎င်းတွင် သာမန် Nintendo Switch များတွင်ထည့်သွင်းထားသည့် LCD screen အစား OLED screen ကို ထည့်သွင်းပေးထားပြီး ဖန်သားပြင်အရွယ်အစားအရ သာမာန် Nintendo Switch များရဲ့ ၆.၂ လက်မ မျက်နှာပြင်နှင့် Switch Lite ရဲ့ 5.5 လက်မ မျက်နှာပြင်တို့အစား ၇ လက်မရှိတဲ့ ဖန်သားမျက်နှာပြင်ကို ထည့်သွင်းထုတ်လုပ်သွားမှာဖြစ်တယ်လို့ Ars Technica မှ သတင်းတစ်ပုဒ်အရ သိရှိရပါတယ်။
ဒါ့အပြင် အခြားသော တိုးချဲ့မှုများဖြစ်တဲ့ ယခင်က Switch Model များတွင် ပါဝင်ခဲ့သည့် သေးငယ်သော ဒေါက်တစ်ခုအစား Device တစ်ခုလုံးကို ထောက်ပံ့ပေးနိုင်ပြီး ချိန်ညှိ၍ရနိုင်မည့် ခိုင်မာတဲ့ဒေါက်တစ်ခုပါဝင်လာခြင်း၊ Memory ပမာဏကို 32 GB မှ 64GB သို့ တိုးမြှင့်ပေးထားခြင်းတို့နှင့်အတူ ပိုမိုကောင်းမွန်တဲ့အသံစနစ်ကိုလည်း ထည့်သွင်းပေးထားမှာဖြစ်ပြီး ဘက်ထရီသက်တမ်းအနေနဲ့ကတော့ ယခင်အသုံးပြုလျှက်ရှိနေတဲ့ Switch Model များအတိုင်း ၄.၅ မှ ၉ နာရီအကြား အသုံးပြုနိုင်မှာဖြစ်ပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။