ချိတ်ဆွဲရန်စာတန်း: News-Nintendo-Semiconductor-Shortage-JobsInYangon
Semi-conductor များ မလုံလောက်မှုပြဿနာကြောင့် ထုတ်လုပ်ရေးပိုင်းတွင် အခက်အခဲများရှိလာနိုင်ကြောင်း Nintendo ကုမ္ပဏီရဲ့ အကြီးအကဲမှသတိပေးခဲ့
VGC မှ ဖော်ပြထားသောသတင်းတစ်ပုဒ်အရ Nintendo ကုမ္ပဏီအကြီးအကဲဖြစ်သူ Mr Furukawa မှ ဖော်ပြပါ ကမ္ဘာလုံးဆိုင်ရာ semiconductor မလုံလောက်မှုပြဿနာကြောင့် PS5, Xbox Series X/S, graphics cards များနဲ့ အခြားသော လျှပ်စစ်ပစ္စည်းများထုတ်လုပ်ရေးတွင် အခက်ကြုံနေရခြင်းအား Nikkei Asia သတင်းဌာနနှင့် တွေ့ဆုံရာတွင် ပြောကြားသွားခဲ့ပါတယ်။
“ကျွန်တော်တို့အနေနဲ့ Switch များကို ထုတ်လုပ်နိုင်ဖို့လိုအပ်တဲ့ ပါဝင်ပစ္စည်းများကို ယခင်ကရယူနိုင်ခဲ့ပါတယ်။ သို့ပေမယ့် ဂျပန်နိုင်ငံနဲ့အခြားနိုင်ငံများတွင် ယခုနှစ်အစပိုင်းလောက်မှစတင်ပြီး ဝယ်လိုအားဟာအဆမတန်မြင့်တက်လာခဲ့တဲ့အတွက် အနာဂါတ်ကာလများ၌ ကုန်သည်အချို့ထံတွင် ကုန်ပစ္စည်းရှားပါးလာမှုပြဿနာများရှိလာနိုင်ပါတယ်။” “ယခုအချိန်မှာတော့ ဒီအရာနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ဘယ်လိုကိုင်တွယ်ဖြေရှင်းသွားမလဲဆိုတာကို ပြောဖို့ ခက်ခဲလွန်းပါတယ်၊ ဒါပေမယ့် အချို့သောအခြေအနေများတွင် မှာယူမှုအားလုံးအတွက် လုံလောက်စွာပြင်ဆင်ထုတ်လုပ်ပေးနိုင်စွမ်းမရှိတာမျိုး ဖြစ်လာနိုင်ပါတယ်။” ဟူ၍ Mr Furukawa မှ ပြောကြားသွားခဲ့ပါတယ်။
အထူးသဖြင့် COVID-19 ကပ်ရောဂါကာလအတွင်းတွင် console များအားမှာယူမှုမြင့်တက်လာခဲ့တာကြောင့် Nintendo ဟာ အမှာစာများအားပြည့်မှီအောင်ဖြည့်ဆည်းပေးနိုင်ရန် အတော်ပင်ရုန်းကန်ခဲ့ရပြီး Nintendo Switch မလုံလောက်မှုများနဲ့လည်း ရင်ဆိုင်ခဲ့ရပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် ဗဟုသုတတိုးစေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။