ချိတ်ဆွဲရန်စာတန်း: News-Nvidia-Supercomputer-COVID-JobsInYangon
Microsoft က Surface Laptop Go: laptop အသစ်ကို မိတ်ဆက်ပြသခဲ့
Reuters သတင်းဌာနရဲ့အဆိုအရ - အမေရိကန် chip ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Nvidia က သူတို့ဟာ ဗြိတိန်ရဲ့ စွမ်းအားအကောင်းဆုံး supercomputer တစ်လုံးကို တည်ဆောက်လျှက်ရှိတယ်လို့ပြောကြားသွားခဲ့ပါတယ်။ ထိုအရာက artificial intelligence ကိုအသုံးပြုကာ သုသေသနပညာရှင်များကို COVID-19 ကိစ္စအပါအဝင် ခက်ခဲတဲ့ ဆေးပညာရပ်ဆိုင်ရာ စိန်ခေါ်မှုတွေကိုကူညီဖြေရှင်းပေးသွားနိုင်လိမ့်မယ်လို့ သိရှိရပါတယ်။ COVID-19 virus ကာကွယ်ဆေးထုတ်လုပ်ဖို့ ကြိုးပမ်းလျှက်ရှိတဲ့ ဆေးကုမ္ပဏီ ၂ခုဖြစ်တဲ့ GSK နဲ့ AstraZeneca တို့ဟာတော့ အဆိုပါ supercomputer ကို ပထမဦးဆုံးအသုံးချခွင့်ရမယ့် ဆေးကုမ္ပဏီ ၂ ခုဖြစ်လာနိုင်ဖွယ်ရှိနေပါတယ်။
အဆိုပါ Cambridge-1 ကွန်ပြူတာကို ဒီနှစ်အကုန်ခန့်တွင် ဗြိတိန်နိုင်ငံ၊ Cambridge ပြည်နယ်တွင် စတင်၍ အသုံးပြုနိုင်တော့မှာဖြစ်ပြီး 400 petaflops AI performance ကို ပေးစွမ်းနိုင်တဲ့ NVIDIA DGX SuperPOD system အသုံးပြုထားပါတယ်ဟူ၍ Nvidia က ပြီးခဲ့တဲ့တနင်္လာနေ့က ပြောကြားသွားခဲ့ပါတယ်။
Nvidia ကိုတည်ထောင်သူနဲ့ CEO ဖြစ်သူ Jensen Huang က သူ့ရဲ့ GPU Technology Conference တွင် မိန့်ခွန်းအနေနဲ့ပြောကြားခဲ့ရာတွင် “ဒီ Cambridge-1 supercomputer ဟာ ဗြိတိန်နိုင်ငံရဲ့ တီထွင်ဆန်းသစ်မှု များအတွက် အချက်အခြာကျတဲ့နေရာတစ်ခုအနေနဲ့ ဆောင်ရွက်ပေးနိုင်မှာဖြစ်ပြီး နိုင်ငံအတွင်းရှိ အရေးပါတဲ့ ကျန်းမာရေးနဲ့ ဆေးဝါးရှာဖွေ သုသေသနပညာရှင်များအတွက် ပိုမို၍အလုပ်ပြီးမြောက်မှုတွေ ရှိလာစေမှာဖြစ်ပါ တယ်” ဟူ၍ ပြောကြားသွားခဲ့ပါတယ်။
ဒီဆောင်းပါးလေးဟာ စာဖတ်သူပရိသတ်တို့အတွက် ဗဟုသုတတိုးစေလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။