ချိတ်ဆွဲရန်စာတန်း: OnlineAssessment-Jobs-Interview-Selection-JobsInYangon
အင်တာဗျုးတစ်ခုသွားဖြေခဲ့တုန်းက ရေးဖြေလိုမျိုး၊ IQ test တွေကို ဖြေခဲ့ရဖူးခဲ့ပါသလား။ ဒါမှမဟုတ် အဲ့ဒီ မေးခွန်းတွေကို အစမ်းဖြေကြည့်ချင်ပါသလား။ ဒါဆိုရင်တော့ အခုတင်ထားတဲ့ လင်ခ့်လေးကို နှိပ်ပြီးတော့ အဲ့ဒီထဲမှာ အစမ်းဖြေကြည့်လို့ရပါပြီ။
များသောအားဖြင့် ကျွန်တော်တို့အနေနဲ့ အခုလို ability test တွေကို အလုပ်ခန့်အပ်မှုမတိုင်ခင်မှာဖြစ်စေ၊ ဒါမှမဟုတ်၊အလုပ်ခွင်ထဲမှာ ရာထူးမတိုးခင်လိုမျိုးဖြစ်စေ ဖြေရတတ်လေ့ရှိပါတယ်။ အဲ့ဒီ မေးခွန်းတွေကို ကြိုတင်ဖြေကြည့်ထားခြင်းအားဖြင့် တကယ်ဖြေရတဲ့အခါမျိုးမှာ အစိမ်းသတ်သတ်မဖြစ်တော့ပဲနဲ့ ရင်းနှီးမှုကိုရစေမှာဖြစ်ပါတယ်။
မေးခွန်းတွေကို ဖြေဆိုဖို့အတွက် သင့်အနေနဲ့ registration လုပ်တာတွေ၊ ဘာမှလိုအပ်မှာမဟုတ်သလို၊ သင့်ရဲ့ ရလဒ်ကိုလည်း ဖြေပြီးတာနဲ့ ချက်ချင်းသိရှိနိုင်မှာဖြစ်ပါတယ်။ သင့်ရဲ့ အဖြေတွေ အချက်အလက်တွေကိုလည်း သိမ်းဆည်းထားခြင်းမျိုးရှိမှာမဟုတ်ပဲနဲ့ သင့်အနေနဲ့ annonymous အနေနဲ့ပဲ ရှိမှာဖြစ်ပါတယ်။
ပွဲမဝင်ခင် အပြင်ကကျင်းပဆိုသလိုပဲ တကယ်မဖြေရခင်မှာ အပြင်မှာ စမ်းဖြေရင်းနဲ့ သင့်ရဲ့ test score ဘယ်လောက်ရမလဲဆိုတာကို စမ်းသပ်ကြည့်လိုက်ရအောင်။
ဒီလင့်ခ့်ကို နှိပ်ပြီးသွားရောက်ဖြေဆိုနိုင်ပါတယ်။
ဖြေရမယ့် အဓိကမေးခွန်းခေါင်းစဉ်ကတော့ ၃ ခုပါ။
ပထမတစ်ခုကတော့ သင်္ချာဥာဏ်ကိုစတဲ့ မေးခွန်းပုံစံပါ။ သင့်အနေနဲ့ ဂဏန်းတွေနဲ့ ဘယ်လောက်ရင်းနှီးလဲ၊ ဂဏန်းတွေကို ဘယ်လိုဆက်စပ်တွေးခေါ်နိုင်သလဲဆိုတာကို အဓိကစစ်မယ့် မေးခွန်းပါ။ ဒုတိယတစ်ခုကတော့ သင့်ရဲ့ ဝေါဟာရတွေအပေါ်မှာ စစ်ဆေးတာဖြစ်ပြီးတော့ သင့်အနေနဲ့ မေးခွန်းတွေကို ဆက်စပ်စဉ်းစားရမှာဖြစ်ပြီး တတိယတစ်ခုကတော့ ဂဏန်းတွေရယ်၊ ဝေါဟာရတွေရယ် ပူးပေါင်းထားမယ့် မေးခွန်းတွေပဲဖြစ်ပါတယ်။
ဒီ Article လေးဟာ စာဖတ်သူပရိတ်သတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။