Jobs In Myanmar
Load...

online မှာ အလုပ်လျှောက်တဲ့အခါ CV ဘယ်လိုဖြည့်ကြမလဲ"

by Sithu


ချိတ်ဆွဲရန်စာတန်း: Online CV Cover Letter Qualification Evidence Contact Address



“online မှာ အလုပ်လျှောက်တဲ့အခါ CV ဘယ်လိုဖြည့်ကြမလဲ" ဆိုတဲ့ ဒီခေါင်းစဉ်အောက်မှာ -

မိမိ ရဲ့ CV ကို အထင်ကြီးစေဖို့ ဘယ်လိုဖန်တီးမလဲ။

ကိုယ့်အရည်အချင်းကို ဘယ်လိုသတ်မှတ်သင့်သလဲ။

သက်သေအထောက်အထား စုံလင်အောင် ဘယ်လို တင်ပြမလဲ။

ရည်ညွှန်းစာ (Cover Letter) နှင့်အတူ တွဲလျှောက်ပါ။

ဆက်သွယ်ရန်လိပ်စာ အမှန်ပေးပါ။  စတဲ့ အချက်တွေပါဝင်ပါတယ်။

CV တစ်စောင်ဖြည့်တဲ့အခါမှာ ကိုယ့်ရဲ့ CV ကို ကြည့်လိုက်တာနဲ့ အထင်ကြီးအောင် ဖန်တီးရပါမယ်။ Online ကနေ ဆက်သွယ် လျှောက်ထားတော့မယ်ဆိုရင် မိမိကိုယ်ကို အကောင်းဆုံး ဖြစ်အောင် ပြင်ဆင်တင်ပြရပါမယ်။  ဘာလို့လဲ့ဆိုတော့ website တွေကနေ CV တင်တာပဲဖြစ်ဖြစ်၊ အလုပ်လျှောက်တာပဲဖြစ်ဖြစ် အဲ့ဒါတွေက ကိုယ့်ကို မမြင်တွေ့နိုင်ပဲ ကိုယ့်ကိုယ်စား ဖြစ်တဲ့ CV ကို ကြည့်ပြီး ပထမဆုံး ထင်မြင်ချက်ကို ရယူရမှာဖြစ်လို့ပါ။ ကိုယ်က ကောင်းကောင်းပြင်ဆင်ထားရင် ကိုယ့်အပေါ်ကို မမြင်ခင်ကတည်းက အထင်ကြီးလေးစားမှုတွေ ရလာမှာပါ။

 ကျန်တဲ့ အချက်တွေကို ဆက်ပြီးရှင်းပြပေးပါ့မယ်။ ဒါကတော့ "ကိုယ့်အရည်အချင်းကို ဘယ်လိုသတ်မှတ်သင့်သလဲ" ပေါ့။ အလုပ်လျှောက်သူအများစုက ကိုယ့်အရည်အချင်းကို သတ်မှတ်တဲ့ နေရာမှာ ကိုယ်သင်ကြားခဲ့ရတဲ့ ကျောင်းပညာရေး (formal education) အပေါ်မူတည်ပြီး သတ်မှတ်လေ့ရှိကြပါတယ်။ ဒီသတ်မှတ်ချက်က ကျွန်တော်တို့ နိုင်ငံအခြေအနေနဲ့ နှိုင်းယှဉ်ရင် လွဲမှားတဲ့ အယူအဆ (wrong concept) တစ်ခုဖြစ်လာနိုင်ပါတယ်။ ပြီတော့ကိုယ်က သိထားသင့်တာက ကိုယ့်အရည်အချင်းဆိုတာ ကျောင်းပညာရေးအပြင်၊ ကျောင်းပြင်ပကနေရတဲ့ အတတ်ပညာ၊ အသိပညာတွေပါ ထည့်သွင်းဖော်ပြဖို့ လိုအပ်တယ်ဆိုတာပါ။

ဒီလိုဖော်ပြတဲ့နေရာမှာ ကိုယ်ရခဲ့တဲ့ အတွေ့အကြုံတွေ၊ ဗဟုသုတတွေ၊ အတတ်ပညာတွေ၊ အသိပညာတွေအပြင် ကိုယ်သွားဖူးတဲ့နေရာ၊ တက်ခဲ့တဲ့ သင်တန်း၊ အလုပ်ရုံဆွေးနွေးပွဲ စတာတွေပါ ဖော်ပြရပါမယ်။

ဒါဆိုရင်တော့ CV မှာ ကိုယ့်အရည်အချင်းကို သတ်မှတ်ဖော်ပြတဲ့အခါ ကျောင်းပညာရေးအပြင် ဘာတွေကို ထပ်ပေါင်းထည့်ပြီး ဖော်ပြရမလဲဆိုတာ သိလောက်ပါပြီ။

နောက်တစ်ချက်ကတော့ သက်သေအထောက်အထား စုံလင်စွာ တင်ပြနိုင်ဖို့ပါ။ သက်သေ အထောက်အထားလို့ ဆိုတဲ့နေရာမှာ ကိုယ် CV မှာဖြည့်စွက်ထားတဲ့  အကြောင်းအရာတွေ မှန်ကန်မှု ရှိတယ်ဆိုတာကို ပြနိုင်တဲ့ Certificate တွေအပြင် အကျင့်စာရိတ္တထောက်ခံစာ နဲ့ ယခင်အလုပ်တွေက ပေးတဲ့ ထောက်ခံစာ (recomendation letter) တွေကလည်း အရေးကြီးပါတယ်။ လူကို မတွေ့ရပဲ Online ကနေလျှောက်တဲ့သူတွေအတွက် ပိုအရေးကြီးပါတယ်။

နောက်တစ်ခုက ရည်ညွှန်းစာ (Cover Letter) နှင့်အတူ တွဲလျှောက် ဖို့ပါ။ ဘယ်လို ရာထူးကိုပဲလျှောက်လျှောက် အလုပ်တစ်ခုလျှောက်တော့မယ်ဆိုရင် လျှောက်တဲ့လူက လျှောက်လွှာတစ်စောင်ကို ရေးဖို့လိုအပ်ပါတယ်။ အဲ့ဒီစာထဲမှာ ကိုယ့်ကိုကိုယ် မိတ်ဆက်တဲ့  အကြောင်း၊ ဒီစာကိုဘာကြောင့်ရေးရသလဲဆိုတဲ့ အကြောင်းတွေကို ထည့်သွင်းရေးသားရပါမယ်။ ကိုယ့်ရဲ့ အတွေ့အကြုံ သို့မဟုတ် စွမ်းရည်တစ်ချို့ကို ဖော်ပြပြီး ကိုယ်က လုပ်ငန်းရှင်နှင့် personally  တွေ့ဖို့ အခွင့်အလမ်းကို တောင်းဆိုတဲ့ အချက်တွေကို ဖော်ပြရမှာဖြစ်ပါသည်။ တစ်ချို့က Cover Letter ကို ပြီးစလွယ် ရေးတတ်တယ်။ တစ်ချို့ကြတော့ ရေးရကောင်းမှန်းတောင် မသိဘူး။ အမှန်တကယ်တော့ ဒီရည်ညွှန်းစာ (Cover Letter) က ကိုယ့်ရဲ့ ကျွမ်းကျင်မှုနဲ့ ခံယူချက်ပါပဲ။ အလုပ်ခန့်မယ့်သူက အလုပ်လျှောက်သူတွေရဲ့ သူတို့အလုပ်အပေါ်ထားတဲ့ သဘောထားကို သိချင်တဲ့အခါ ဒီ Cover Letter ကို အရင်ကြည့်တတ်ကြပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ Cover Letter ကို အကောင်းဆုံး ပြင်ဆင်ထားရပါမယ်။

ဒီတစ်ခုက ပိုအရေးကြီးပါတယ်။ ဒါကတော့ CV မှာ လိပ်စာအမှန်ထည့်ဖို့အရမ်းကို အရေးကြီးပါတယ်။ အခုဆို တွေ့နေရတာက CV တင်တယ်။ ဖုန်းနံပါတ်အမှားတွေဖြည့်ထားတယ်။ နာမည်၊ဖုန်းနံပါတ်တို့၊ အီးမေလ်းတို့၊ လိပ်စာတို့ဆိုတာ အရမ်းကိုအရေးကြီးတဲ့အတွက် မိမိရဲ့ career အတွက် မှန်ကန်တိကျတဲ့ contact ကိုလည်း ဖြည့်ပေးရပါမယ်။

 အခု ကျွန်တော်ရှင်းပြခဲ့တာတွေက “online မှာ အလုပ်လျှောက်တဲ့အခါ CV ဘယ်လိုဖြည့်ကြမလဲ" ဆိုတဲ့ အချက်တွေပါ။ အခုဒီအချက်တွေကို မှတ်သာထားပြီး Online မှတဆင့် အလုပ်အကိုင်များကို  ရရှိပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

www.jobless.com.mm


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Cadian Myanmar

Cadian Myanmar

.with enjoy at Team Work. We Cadian Myanmar Co., Ltd have mainly draw the scaffolding Design by Auto CAD 2D and 3D. . To prevent accident and safety management guidance to the customer,we supply all ...
Show the postings (3)
SOE MYINT & SONS Stainless Steel Trading Co., Ltd.

SOE MYINT & SONS Stainless Steel Trading Co., Ltd.

Ve Ve Soft Drinks Factory

Ve Ve Soft Drinks Factory

..The Green Circle Co., Ltd,a food and beverage company was founded in 1997. Green Circle engages in manufacturing, marketing, Sale, and distribution. The company comprises beverages such as soft drin...
Show the postings (6)
Young Investment Group

Young Investment Group

.WE ARE WELL ESTABLISH AND WORKING TOGETHER WITH MANY DIFFERENT NATIONALS THAT WILL LET YOU FEEL AS YOUR HOMEOUR COMPANY IS A LEADING INTERNATIONAL PRIVATE COMPANY IN MYANMAR. DOING 9 BIG SECTORS OF B...
Show the postings (14)
M9 Public Co., Ltd.

M9 Public Co., Ltd.

M9 Public Co., Ltd.’s 21st Century Vision is ‘’To be the best distributor for promoting customer living standards by offering high quality and modern products, together with great customer servi...
Show the postings (11)

Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS