ချိတ်ဆွဲရန်စာတန်း: News-Panasonic-Batteries-Tesla-JobsInYangon
Panasonic မှ Next Generation Tesla ဘက်ထရီများကို ၂၀၂၃ ခုနှစ်တွင်စတင်၍ အများအပြားထုတ်လုပ်သွားရန်ရှိနေ
Panasonic ဟာ လက်ရှိဘက်ထရီများထက် စွမ်းအင်ပါဝင်မှု (၅) ဆ ပိုမိုမြင့်မားသော next-generation lithium-ion battery များကို Tesla အတွက် ၂၀၂၃ ခုနှစ်အစောပိုင်းမှစတင်၍ အများအပြားထုတ်လုပ်သွားရန်ရှိနေတယ်လို့ Nikkei Asia မှ သတင်းတစ်ပုဒ်အရ သိရှိရပါတယ်။
အဆိုပါ ဘက်ထရီများကို အဓိကအားဖြင့် Tesla အတွက်ထုတ်လုပ်သွားမှာဖြစ်သော်လည်း Panasonic ရဲ့ executive member တစ်ဦးရဲ့ပြောကြားချက်အရ အခြားသောကုမ္ပဏီများသို့လည်း ထုတ်လုပ်တင်ပို့သွားရန်ရှိနေတယ်လို့ သိရှိရပါတယ်။ အဆိုပါဘက်ထရီအသစ်များဟာ လျှပ်စစ်ကားများရဲ့မောင်းနှင်နိုင်မည့်အကွာအဝေးကို ပိုမိုမြှင့်တင်ပေးနိုင်မှာဖြစ်သလို ၎င်းတို့ကိုပိုမို၍ဈေးနှုန်းသက်သာစွာဖြင့် ထုတ်လုပ်ရောင်းချ၍ရနိုင်စေမှာလည်းဖြစ်တယ်လို့ သိရှိရပါတယ်။
အဆိုပါ Next-generation battery cell များကို Tesla က စက်တင်ဘာလ ၂၀၂၀ ခုနှစ်တွင် ကျင်းပခဲ့သော high profile event တစ်ခုတွင် အသေးစိတ်ပြောကြားခဲ့ပြီး ကုမ္ပဏီရဲ့ CEO ဖြစ်သူ Elon Musk ကတော့ အဆိုပါ battery cell များဟာ (၆) ဆခန့် ပိုမိုစွမ်းအားကောင်းမွန်ပြီး cost per kWh ကို ၁၄ ရာခိုင်နှုန်းအထိ လျှော့ချပေးသွားနိုင်မှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။