Jobs In Myanmar
Load...

ဝန်ထမ်းရေးရာစီမံခန့်ခွဲမှု၏လုပ်ငန်းစဉ်များ

by www.jobsinyangon.com


ချိတ်ဆွဲရန်စာတန်း: Knowledge-HumanResource-Management-HR-JobsinYangon



ဝန်ထမ်းရေးရာစီမံခန့်ခွဲမှု၏လုပ်ငန်းစဉ်များ

 

အဖွဲ့အစည်းတစ်ခုချင်းစီတိုင်းဟာ ရည်မှန်းချက်(Vision)တစ်ခုကို နားလည်သဘောပေါက်ဖို့အတွက် ရည်ရွယ်ပြီးလုပ်ကိုင် နေကြတာဖြစ်ပါတယ်။ အဲဒီကိစ္စကို အကောင်အထည်ဖော်ဆောင်ရွက်ဖို့အတွက် နည်းဗျူဟာတွေဖန်တီးပြီး အဲ့ဒီနည်းဗျူတာတွေအတိုင်း လိုက်နာအကောင်အထည်ဖော်ဖို့ကိုတော့ HR ဌာနမှ ဆောင်ရွက်ရပါတယ်။ ဒီလိုနည်းဗျူဟာတွေ ဖန်တီးခြင်းဟာ လုပ်ငန်းစဉ်တွေ အများကြီးအပေါ် မှာ အခြေခံပြီး နည်းဗျူဟာတွေရဲ့ အသုံးဝင်အကျိုးသက်ရောက်မှုကတော့ အဲ့ဒီလုပ်ငန်းစဉ်တွေရဲ့ အသေးစိတ် တိကျတဲ့ဒီဇိုင်းအပေါ်မှာ မူတည်နေပြန်ပါတယ်။ဘယ်အရာတွေကြောင့် ဒီလုပ်ငန်းစဉ်တွေ ရှိဖို့လိုအပ်နေရတာလဲ။ ဒီဆောင်းပါးကို ဆက်လက်ဖတ်ရှု့ပြီး လေ့လာလိုက်ရအောင်။

အောက်ပါလုပ်ငန်းစဉ်တွေကတော့ HR လုပ်ငန်းစဉ်တွေဘဲဖြစ်ပါတယ်။

၁။ ဝန်ထမ်းရေးရာ အစီအစဉ်ဆွဲခြင်း (ဝန်ထမ်းရှာဖွေခြင်း၊ ရွေးချယ်ခြင်း၊ ခန့်အပ်ခြင်း၊ လေ့ကျင့်ပေးခြင်း၊ ခြုံငုံသုံးသပ်ခြင်း၊ အသားကျအောင်ပြုလုပ်ခြင်း၊ အရည်အချင်းသတ်မှတ်ခြင်း၊ ရာထူးတိုးခြင်း နှင့် အလုပ်တာဝန်မှ ရပ်စဲခြင်း)

၂။ ဝန်ထမ်းလစာပေးချေခြင်း၊ အကျိုးအမြတ်စီမံခန့်ခွဲခြင်း

၃။ စွမ်းဆောင်ရည်ပိုင်းဆိုင်ရာ စီမံခန့်ခွဲမှု

၎။ ဝန်ထမ်းရေးရာ ဆက်ဆံမှု

အခြားအရာများမှလွဲ၍ ဤလုပ်ငန်းစဉ်အားလုံးကို ကောင်းမွန်စွာဒီဇိုင်းရေးဆွဲခြင်းဟာ အဲဒီလုပ်ငန်းစဉ် တစ်ခုချင်းစီရဲ့ ဆက်နွယ်မှုဒီဂရီအပေါ်မှာ မူတည်နေပါတယ်။ ဆိုလိုသည်မှာ လုပ်ငန်းစဉ်တစ်ခုချင်းစီ ဟာ အခြားတစ်ခုနဲ့ ဆက်နွယ်နေပါတယ်။ ဝန်ထမ်းရေးရာအစီအစဉ်ဆွဲခြင်းမှ စတင်ပြီး အဆင့်တစ်ဆင့်ချင်းစီမှာ ဆက်တိုက်တန်ဖိုးပေါင်းထည့်မှုတွေ ရှိနေပါတယ်။ ဥပမာပေးရမယ်ဆိုရင်တော့ Infosys လိုအဖွဲ့အစည်းမျိုးရဲ့ PMS (စွမ်းဆောင်ရည်စီမံခန့်ခွဲမှုစနစ်) ဟာ Walmart လိုအဖွဲ့အစည်းမျိုးနဲ့ မတူညီနိုင်ပါဘူး။ လုပ်ငန်းစဉ်တစ်ခုချင်းစီကို လေ့လာကြည့်ရအောင်။

ဝန်ထမ်းရေးရာ အစီအစဉ်ဆွဲခြင်း  -  ယေဘုယျအားဖြင့် ဝန်ထမ်းရေးရာ အစီအစဉ်ဆွဲခြင်းကို လူတွေကိုခန့်မှန်းခြင်း လုပ်ငန်းစဉ်တစ်ခုအဖြစ် မှတ်ယူကြပါတယ်။ အဲဒီလို မှတ်ယူခြင်းက မှန်ကန်ပေ မယ့် မပြည့်စုံသေးပါ။ ၎င်းမှာ အရည်အချင်းသတ်မှတ်ခြင်း၊ ရာထူးတိုးခြင်း နဲ့ တာဝန်မှရပ်စဲခြင်းတို့ လည်း ပါဝင်ပါသေးတယ်။

ဝန်ထမ်းရှာဖွေခြင်း  - ဒီလုပ်ငန်းစဉ်က သတ်မှတ်ချက်တွေနဲ့ ကိုက်ညီတဲ့ ဝန်ထမ်းတွေကိုဆွဲဆောင် နိုင်ဖို့ဖြစ်ပါတယ်။

ရွေးချယ်ခြင်း           - စစ်ထုတ်တဲ့ အဆင့်ဖြစ်ပါတယ်။ အရည်အချင်း၊ ကျွမ်းကျင်မှု နဲ့ အလားအလာကောင်းတဲ့ ရှိတဲ့ အလုပ်လျှောက်သူတွေကို ရွေးထုတ်ဖို့ရည်ရွယ်ပါတယ်။

ခန့်အပ်ခြင်း                      -  အလုပ်ရရှိတဲ့ ဝန်ထမ်းကိုဆုံးဖြတ် ရွေးချယ်ရတာဘဲဖြစ်ပါတယ်။

လေ့ကျင့်ပေးခြင်း နဲ့ တိုးတက်မှု   - ခန့်အပ်ပြီးတဲ့ ဝန်ထမ်းကို ကျွမ်းကျင်မှုနဲ့ စွမ်းဆောင်ရည်မြှင့်တင်ပေးနိုင်ဖို့ အတွက် ရည်ရွယ်တဲ့လုပ်ငန်းစဉ်ဖြစ်ပါတယ်။

ဝန်ထမ်းလစာပေးချေခြင်းနှင့် အကျိုးအမြတ် စီမံခန့်ခွဲခြင်း - ဒီလုပ်ငန်းစဉ်ကတော့ ရက်အလိုက်၊နာရီ အလိုက် လစာပေးချေမှု၊ မက်လုံးပေးဆွဲဆောင်မှုတွေ၊ လစာအပြင်အခြားအကျိုးခံစားခွင့်တွေ နဲ့ ကြိုသုံးငွေထုတ်ယူမှုတွေ အစရှိတာတွေကို ဆုံးဖြတ်သတ်မှတ်ခြင်းဘဲဖြစ်ပါတယ်။ ဘယ်အလုပ်မှာမဆို ငွေကြေးက အဓိကတွန်းအားပေးတဲ့ အရာဖြစ်တာမို့ ဒီလုပ်ငန်းစဉ်ကအရေးကြီး ပါတယ်။ အလုပ်ကြိုးစားပြီး စွမ်းဆောင်ရည်မြင့်မားတဲ့ ဝန်ထမ်းတွေဟာ လစာငွေတိုးမြှင့်ပေးမှုတွေ၊ ပိုကောင်းတဲ့ ဝင်ငွေနဲ့ အပိုဆုကြေးငွေတွေကို အလိုရှိကြပါတယ်။

စွမ်းဆောင်ရည်ပိုင်းဆိုင်ရာ စီမံခန့်ခွဲမှု - ဒီလုပ်ငန်းစဉ်ဟာ အဖွဲ့အစည်းအနေနဲ့ ဝန်ထမ်းတွေကို လေ့ကျင့်ပေးတဲ့အခါ၊ စိတ်ဓါတ်ခွန်အားပေးတဲ့ အခါတွေမှာနဲ့ ဆုချီးမြှင့်မှုတွေပြုလုပ်တဲ့အခါမှာ အထောက်အကူပြုဖို့ ရည်ရွယ်ပါတယ်။ အဖွဲ့အစည်းရဲ့ရည်မှန်းချက်တွေကို အောင်မြင်စွာအကောင် အထည်ဖော်တဲ့နေရာမှာ အထောက်အကူပြုဖို့လည်း ရည်ရွယ်ပါတယ်။ ဒီလုပ်ငန်းစဉ်မှာ ဝန်ထမ်းတွေ သာမကဘဲ ဌာနတွေ၊ ထုတ်ကုန်၊ ဝန်ဆောင်မှု သို့မဟုတ် သုံးစွဲသူဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက် တွေကို ထိန်းညှိဖို့နဲ့ အဲ့ဒီလုပ်ငန်းတွေမှာ တန်ဖိုးမြှင့်တင်ပေးဖို့အတွက် လုပ်ဆောင်ချက်တွေလည်း ပါဝင်ပါတယ်။

ယနေ့ခေတ်မှာတော့  မန်နေဂျာတွေအနေနဲ့ ဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည်တွေကိုအကဲဖြတ်ဖို့ နဲ့ သူတို့ရဲ့ မွမ်းမံသင်တန်းနဲ့ တိုးတက်မှုဆိုင်ရာလိုအပ်ချက်တွေကို လေ့လာစမ်းစစ်နိုင်ဖို့အတွက် လိုအပ် တဲ့ အချက်အလက်တွေကို မှတ်သားပေးထားနိုင်တဲ့ အလိုအလျောက် စွမ်းဆောင်ရည်စီမံခန့်ခွဲမှုစနစ် (Automated PMS) တွေ ရှိနေပြီဖြစ်ပါတယ်။

ဝန်ထမ်းရေးရာဆက်ဆံမှု  - အထူးသဖြင့် ပြိုင်ဆိုင်မှုပြင်းထန်တဲ့ လုပ်ငန်းအမျိုးအစားတွေမှာ ဝန်ထမ်း တွေကို ထိန်းသိမ်းထားနိုင်ရေးဟာ အဖွဲ့အစည်းတွေအတွက် စိတ်အနှောင့်အယှက်ဖြစ်စရာ ကိစ္စတစ်ခု ဖြစ်ပါတယ်။ လူတစ်ယောက်အတွက် အဖွဲ့အစည်းတစ်ခုမှာဆက်နေဖို့ သို့မဟုတ် ထွက်သွားဖို့ရာအတွက် အကြောင်းပြချက်တွေ အများကြီးရှိနေနိုင်ပေမယ့် အချို့အချက်တွေကတော့ ကျွန်တော်တို့ရဲ့ ထိန်းချုပ်နိုင်တဲ့ အချက်တွေဘဲ ဖြစ်ပါတယ်။

ဝန်ထမ်းရေးရာ ဆက်ဆံမှုမှာ အလုပ်သမားဥပဒေနှင့် ဆက်ဆံရေးများ ၊ လုပ်ငန်းခွင်၊ ဝန်ထမ်းကျန်းမာရေးနှင့် လုံခြုံမှု၊ ဝန်ထမ်းအကြားပဋိပက္ခဖြစ်မှု စီမံခန့်ခွဲရေး ၊ လုပ်ငန်းခွင်ဘဝ၏ အရည်အသွေး၊ ဝန်ထမ်းနစ်နာကြေး၊ ဝန်ထမ်းများ၏ ကျန်းမာရေးနှင့် အထောက်အပံ့ပေးရေး အစီအစဉ်များ နှင့် အလုပ်အကိုင်ဆိုင်ရာ စိတ်ဖိစီမှုများနှင့်ပတ်သက်ပြီး အကြံပေးမှုများ ပါဝင်ပါတယ်။  ဝန်ထမ်းထိန်းသိမ်းရေးဆိုင်ရာ အချက်အလက်(Hygiene Factor) တစ်ခုဖြစ်တဲ့ ငွေကြေးမှလွဲ၍ အထက်ဖော်ပြပါ အကြောင်းအရာအားလုံးဟာ ဝန်ထမ်းရေးရာဆက်ဆံမှုအတွက် အရေးကြီးတဲ့ အကြောင်းအရာတွေဘဲ ဖြစ်ပါတယ်။
ဖော်ပြပါ လုပ်ငန်းစဉ်အားလုံးဟာ HR နည်းဗျူဟာတွေ ရှင်သန်ရပ်တည်ဖို့နဲ့ အောင်မြင်ဖို့အတွက် အရေးကြီးတဲ့ လုပ်ငန်းစဉ်တွေ ဖြစ်ကြပါတယ်။ ဘယ်လုပ်ငန်းစဉ်မှ တစ်ခုတည်း သီးသန့်ဆောင်ရွက်လို့ မရနိုင်ပါဘူး။ တူညီတဲ့ အရာတွေကြားမှာ လိုက်လျော ညီတွေဖြစ်မှုနဲ့ စည်းလုံးမှုကောင်းကောင်း ရှိဖို့ မဖြစ်မနေ လိုအပ်ပါတယ်။

 

ဒီ Article လေးဟာ စာဖတ်သူပရိတ်သတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Koe Koe Tech IT Social Enterprise

Koe Koe Tech IT Social Enterprise

Myanmar is exceptional among developing countries in that it appears poised to completely leapfrog feature phones and go straight to smartphones. Android smartphones in distribution in Myanmar already...
Show the postings (20)
Phee Int'l Shipping Myanmar Ltd

Phee Int'l Shipping Myanmar Ltd

MISSION: To provide all our customers an integrated one-stop platform to simplify their logistics management and carter to their total cargo and lifestyle logistics needs. VISION: To be the P...
Show the postings (8)
GMO-Z.comACE Co.,Ltd.

GMO-Z.comACE Co.,Ltd.

Our mission is to contribute to the society by enriching the Internet experiences, creating new Internet cultures and industries, and bringing smiles and inspiration to our customers..GMO-Z.comACE, jo...
Show the postings (9)
Myanmar Unilink Co., Ltd

Myanmar Unilink Co., Ltd

Our Company aspires to achieve the largest broadband access network and integrated content services provider. Promoting physical, mental, and spiritual satisfaction of all employees, while promoting a...
Show the postings (4)
IMYANMARHOUSE CO.,LTD.

IMYANMARHOUSE CO.,LTD.

.We publish monthly property magazines since May 2015 and 13 property related books so far.iMyanmarHouse.com is the market leader of Myanmar Real Estate online platform that connects buyers, real esta...
Show the postings (11)

Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS