Jobs In Myanmar
Load...

ကြိုးမဲ့အင်တာနက်များရဲ့ အားသာချက်နှင့် အားနည်းချက်များ

by www.jobsinyangon.com


ချိတ်ဆွဲရန်စာတန်း: Knowledge-Wireless-Internet-Pro&Cons-JobsInYangon



ကြိုးမဲ့အင်တာနက်များရဲ့ အားသာချက်နှင့် အားနည်းချက်များ

 

လိုင်စင်ရ (သို့) လိုင်စင်မှတ်ပုံမတင်ထားသည့် spectrum (ရောင်စဉ်) များကိုအသုံးပြုထားသည့် ကြိုးမဲ့အင်တာနက်ဟာလွန်ခဲ့တဲ့နှစ်များစွာကတည်းကရှိနေပြီးသားဖြစ်ပါတယ်။ 

ဒီနည်းပညာဟာယခင်အချိန်များကထက် သိသိသာသာကိုတိုးတက်လာခဲ့ပြီး တိုတောင်းသော အကွာ အဝေးများတွင် 1000 Mbps (သို့) ထို့ထက်ပိုမိုရရှိဖို့မှာဖြစ်နိုင်ပါတယ်။ ၎င်းက သင့်ရဲ့ကုမ္ပဏီကို အင်တာနက်ရရှိစေရန်အတွက် ကုန်ကျစားရိတ်နည်းပါးသောကနဦးတပ်ဆင်ခရှိပြီး ရွှေ့ပြောင်းရ လွယ်ကူစေသော်လည်း သူတို့ထံတွင်ရရှိနိုင်တဲ့ bandwidth ပမာဏဟာ အကန့်အသတ်ရှိနေပြီး လုံခြုံရေးဆိုင်ရာအန္တရာယ်ရှိမှုများဟာ သင့်ကိုအခြားတစ်ခုကိုရွေးချယ်ဖို့ပိုမိုတိုက်တွန်းနေမှာဖြစ်ပါ တယ်။ 

အားသာချက် # ၁: ကနဦးကုန်ကျစားရိတ် 
ကြိုးမဲ့ကွန်ယက်များဟာ Fiber ကွန်ယက်တပ်ဆင်ထားခြင်းမရှိတဲ့နေရာများတွင် ကနဦးတပ်ဆင်ခ ကြီးမြင့်ခြင်းကိုဖြေရှင်းနိုင်မည့်နည်းလမ်းတစ်ရပ်ဖြစ်ပါတယ်။ ကြိုးမဲ့ကွန်ယက်များဟာ Fiber ကဲ့သို့ အကျယ်ချဲ့ကာတပ်ဆင်ရန်မလိုအပ်သည့်အတွက် တပ်ဆင်ခဟာ မရှိသလောက်နည်းပါးပါတယ်။ ကာလတိုဖြေရှင်းချက်တစ်ရပ်အနေနဲ့တော့ သင်ဟာ အင်တာနာတိုင်နဲ့ ထိုအင်တာနာတိုင်နဲ့ချိတ် ဆက်မယ့် network access တစ်ခုသာလိုအပ်တဲ့အတွက် ကြိုးမဲ့အင်တာနက်ဟာ သင့်ကုမ္ပဏီ အတွက်အကောင်းဆုံးရွေးချယ်မှုတစ်ရပ်ဖြစ်နိုင်ပါတယ်။ 

အားသာချက် # ၂: တပ်ဆင်ရမြန်ဆန်ခြင်း 
ကြိုးမဲ့အင်တာနက်ချိတ်ဆက်မှုတစ်ခုအတွက်ဆိုပါက အင်တာနာသာရှိနေမယ်ဆိုရင် အင်တာနက် ကွန်နက်ရှင်ကို တစ်ရက်အတွင်းတပ်ဆင်နိုင်မှာဖြစ်ပါတယ်။ မြေတူးရခြင်းများလည်းလိုအပ်မှာ မဟုတ်သလို အခြားသော third party များဖြစ်တဲ့ ဖုန်းကုမ္ပဏီ (သို့) ဖိုင်ဘာအင်တာနက်ဝန်ဆောင် မှုပေးတဲ့ကုမ္ပဏီများကိုလည်းအားကိုးနေရန်လိုအပ်မှာမဟုတ်ပါဘူး။ Downtown Washington DC townhouse တွင်နေထိုင်တဲ့ ကျွန်ုပ်တို့ရဲ့ customer တစ်ဦးကို 100 Mbps ကြိုးမဲ့အင်တာနက် အား တစ်ပတ်အတွင်းတပ်ဆင်ပေးခဲ့ဖူးပါတယ်။ 

အားသာချက် # ၃: Hot Spot များ 
သင့်ရဲ့လုပ်ငန်းအမျိုးအစားပေါ်မူတည်ပြီး သင့် customer များကို သင့်ရဲ့အင်တာနက်ကွန်ယက် အတွင်း hotspot များသို့ဝင်ရောက်နိုင်စေဖို့လုပ်ဆောင်ထားခြင်းဟာ ကောင်းမွန်တဲ့အကျိုးကျေးဇူး တစ်ရပ်ဖြစ်နိုင်ပါတယ်။ ဒီအရာကသင့်ရဲ့ဝန်ထမ်းတွေအသုံးပြုနေတဲ့ကွန်ယက်နဲ့မတူတဲ့ သီးခြားကွန် ယက်တစ်ခုဖြစ်နေသင့်ပါတယ်။ ထိုသို့လုပ်ဆောင်ထားခြင်းအားဖြင့် သင့်ရဲ့ရုံးတွင်းအင်တာနက်သုံးစွဲ မှုများကိုအနည်းငယ်ပိုမိုပြီးလုံခြုံမှုရှိစေမှာပါ။ 

အားနည်းချက် #၁: လိုင်းဆွဲအား 
ကြိုးမဲ့အင်တာနက်များရဲ့အကြီးမားဆုံးပြဿနာတစ်ရပ်ကတော့လွှင့်ထုတ်ပေးနေတဲ့နေရာမှဝေးကွာ လာတာနဲ့အမျှလိုင်းဆွဲအားများဟာကျဆင်းလာတတ်တာပဲဖြစ်ပါတယ်။ Fiber optic များကတော့ ဒီပြဿနာကို ကြိုးဖြင့်တပ်ဆင်ထားတဲ့ network ကိုအသုံးပြုထားသည့်အတွက် ဖြစ်ပေါ်စေမှာမ ဟုတ်ပါဘူး။ ကြိုးမဲ့အင်တာနက်များတွင်တော့ သူတို့ရဲ့အကောင်းဆုံးအနေအထားမှာပင် သင့်ကုမ္ပ ဏီကို Fiber optic များနဲ့နှိုင်းစာလျှင်တူညီတဲ့မြန်နှုန်းကိုပေးစွမ်းနိုင်မှာမဟုတ်ပါဘူး။ 

အားနည်းချက် #၂: လုံခြုံရေး 
ကြိုးမဲ့အင်တာနက်များတွင်လုံခြုံမှုရှိစေရန်ပြုလုပ်ရခြင်းဟာ Fiber optic ကွန်ယက်များတွင်လုံခြုံ မှုရှိစေရန်ပြုလုပ်ရခြင်းထက်ပိုမိုပြီးခက်ခဲပါတယ်။ Fiber optic ကေဘယ်လ်များသို့ဝင်ရောက်နိုင် ရန်အတွက်မှာ ကြိုးကိုဖြတ်တောက်နိုင်မှသာဖြစ်နိုင်မှာဖြစ်သော်လည်း သင့်တော်စွာကျွမ်းကျင်မှုရှိ တဲ့သူတို့ဟာ ကြိုးမဲ့ကွန်ယက်တစ်ခုအတွင်းသို့ဝင်ရောက်နိုင်ကြမှာဖြစ်တဲ့အပြင် ထိုသူများကိုခြေရာ ခံနိုင်မယ့်နည်းလမ်းများမှာလည်းအကန့်အသတ်ရှိနေပြန်ပါတယ်။ လိုင်စင်ခွင့်ပြုချက်ရရှိထားတဲ့ spectrum များကိုအသုံးပြုနေတဲ့အခါမှာဖောက်ထွင်းဝင်ရောက်နိုင်ဖို့အတွက်ပိုမိုခက်ခဲသော်လည်း wi-fi ကိုအသုံးပြုနေပါက အခြားသူများလက်ထဲသို့ရောက်မသွားစေရန်ကာကွယ်ရမည့်ဒေတာများ ထက် သာမန်အသုံးပြုနေကျ ပေးပို့မှုများတွင်ပိုမိုပြီး လုံခြုံရေးကျိုးပေါက်မှုများဖြစ်ပွားနိုင်ခြေရှိနေ ပါတယ်။ 

အကယ်၍သင့်ရဲ့လုပ်ငန်းတစ်ခုအတွက်လုံခြုံမှုရှိသောကွန်ယက်တစ်ခုကိုထိန်းသိမ်းထားနိုင်ဖို့မှာ လွန်စွာအရေးကြီးတဲ့အချက်တစ်ခုဖြစ်နေပါက ကြိုးမဲ့အင်တာနက်ချိတ်ဆက်မှုများ (အထူးသဖြင့် လိုင်စင်မှတ်ပုံတင်မရထားသည့် specture များကိုအသုံးပြုခြင်း) ဟာ သင့်အတွက်ကောင်းမွန်တဲ့ ရွေးချယ်မှုတစ်ခုဖြစ်နိုင်မှာမဟုတ်ပါဘူး။ 

 

ဒီဆောင်းပါးလေးဟာ စာဖတ်သူပရိတ်သတ်တို့ကို ဗဟုသုတတိုးစေလိမ့်မယ်လို့မျှော်လင့်ပါတယ်။ 
ကျေးဇူးတင်လျက်
www.jobsinyangon.com


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


VPower Group Holdings Limited

VPower Group Holdings Limited

We provide career development and attractive remuneration package and fringe benefits to the right candidates.VPower Group are one of the world's leading large gen-set system integration providers and...
Show the postings (2)
Fourteen Star Network Co., Ltd.

Fourteen Star Network Co., Ltd.

“To Be The Best Service Leader for Medical Devices” .Fourteen Star Network Company (FSN) has founded in 2004 in Myanmar. FSN distributes medical devices and equipment. FSN has mostly provided ima...
Show the postings (22)
Nilar Group Of Companies

Nilar Group Of Companies

VISION Our Road-map starts with our mission, which is enduring. It declares our purpose as a company and serves as the standard against which we weigh our actions and decisions. • To provide our b...
Show the postings (28)
Honour Friend Co.ltd

Honour Friend Co.ltd

..Honour Friend Co.ltd....
Show the postings (2)
Lan Thit Innovation Co., Ltd

Lan Thit Innovation Co., Ltd

..We, as Lan Thit Innovation Technology, provide services like recruiting, outsourcing and brand marketing to our clients. We also assist the jobseekers in finding the right opportunity for them. We ...
Show the postings (37)

Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS