Jobs In Myanmar
Load...

ARM ကို Nvidia မှ ဝယ်ယူခြင်းအား Qualcomm မှ ကန့်ကွက်လိုကြောင်း ကြေငြာခဲ့ 

by www.jobsinyangon.com


ချိတ်ဆွဲရန်စာတန်း: News-Qualcomm-Disagrees-Nvidia-ARM-JobsInYangon



ARM ကို Nvidia မှ ဝယ်ယူခြင်းအား Qualcomm မှ ကန့်ကွက်လိုကြောင်း ကြေငြာခဲ့ 

 

U.S. chip ထုတ်လုပ်သူကုမ္ပဏီတစ်ခုဖြစ်တဲ့ Qualcomm ဟာ ကမ္ဘာတစ်လွှားရှိ စည်းကမ်းကြပ်မတ်သူများကို Nvidia ရဲ့ British chip designer ARM ကို ဝယ်ယူခြင်းအား ကန့်ကွက်လိုကြောင်းပြောဆိုသွားခဲ့ပါတယ်။ Qualcomm ဟာ Federal Trade Commission, The European Commission, The U.K.’s Competition and Markets Authority နဲ့ China’s State Administration for Market Regulation တို့အား ဆက်သွယ်ခဲ့ပြီး လက်ရှိမှာ ဂျပန်နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ SoftBank မှ ပိုင်ဆိုင်ထားတဲ့ ARM ကို Nvidia မှ ဝယ်ယူခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့အကျိုးဆက်တွေအကြောင်းကို ပြောကြားသွားခဲ့တယ်လို့ CNBC သတင်းများအရ သိရှိခဲ့ရပါတယ်။ 

FTC မှ စစ်ဆေးမှုများကို ပြုလုပ်ခဲ့ရာမှာ ဒုတိယအဆင့်သို့ ရောက်ရှိလာခဲ့ပြီဖြစ်ပြီး သူတို့မှ SoftBank, Nvidia နဲ့ ARM တို့အား ပိုမို၍အသေးစိတ်ကျသောအချက်အလက်များကို ပေးအပ်လာရန်အတွက် တောင်းဆိုထားခဲ့ပါတယ်။ ဒုတိယအဆင့်အတွင်းမှာ FTC အနေနဲ့ ဆုံးဖြတ်ချက်ချမှတ်နိုင်ဖို့အတွက် အသုံးဝင်နိုင်တဲ့အချက်အလက်တွေရှိနေသည့် အခြားကုမ္ပဏီများနှင့်လည်းဆက်သွယ်၍ ဆောင်ရွက်သွားဖို့ရှိကြောင်းကိုလည်း FTC မှ ထပ်လောင်းပြောကြားသွားခဲ့ပါတယ်။ 

Nvidia ကတော့ စည်းကမ်းကြပ်မတ်သူများအနေနဲ့ ARM ကို သူတို့မှဝယ်ယူခြင်းကြောင့် ရရှိလာနိုင်မယ့် အကျိုးရလာဒ်များကို တွေ့မြင်နိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း CNBC သို့ ပြောဆိုသွားခဲ့ပြီး ARM ကတော့ အဆိုပါအကြောင်းအရာနဲ့ပတ်သက်၍ မှတ်ချက်ပေးဖို ငြင်းဆိုခဲ့ကာ SoftBank ကတော့ CNBC ရဲ့ မှတ်ချက်တစ်စုံတစ်ရာပေးဖို့ တောင်းဆိုမှုကို ပြန်လည်တုန့်ပြန်မှုပြုလုပ်ခဲ့ခြင်းမရှိခဲ့ပါဘူး။ 

 

ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် ဗဟုသုတတိုးစေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ 
ကျေးဇူးတင်လျှက် 
www.jobsinyangon.com


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Asahi Loi Hein Co., Ltd.

Asahi Loi Hein Co., Ltd.

.Asahi Loi Hein Co., Ltd. is a Joint Venture company one of the leading soft drinks manufacturer which head office in Yangon and factories in Mandalay and Yangon. Asahi Loi Hein Company Ltd., is a gr...
Show the postings (1)
KM Terminal and Logistics Limited

KM Terminal and Logistics Limited

VISION To be the leading Asia based logistics service provider. MISSION With our home base in Asia and a strong focus on China, we deliver the best logistics solutions to make our customers succe...
Show the postings (10)
Talent and Technology Co.,Ltd

Talent and Technology Co.,Ltd

Vision - Access to electricity is fundamental for productive lives. All people in Myanmar should have access to and affordable and reliable electricity supply. Mission - Reduce poverty and imp...
Show the postings (10)
Fourteen Star Network Co., Ltd.

Fourteen Star Network Co., Ltd.

“To Be The Best Service Leader for Medical Devices” .Fourteen Star Network Company (FSN) has founded in 2004 in Myanmar. FSN distributes medical devices and equipment. FSN has mostly provided ima...
Show the postings (22)
International Travel Asia Co., Ltd.

International Travel Asia Co., Ltd.

.International Travel Asia Co.,Ltd....
Show the postings (3)

Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS