ချိတ်ဆွဲရန်စာတန်း: News-REvil-Ransomware-Acer-JobsInYangon
REvil ransomware အဖွဲ့က Acer ထံမှ အမေရိကန်ဒေါ်လာ သန်း ၅၀ အားခြိမ်းခြောက်၍တောင်းခံခဲ့
REvil ransomware အဖွဲ့ဟာ ယခုဆိုရင်တော့ နောက်ထပ်ငါးကြီးကြီးတစ်ကောင်ကို ဖမ်းမိလိုက်ပါပြီ။ ထိုင်ဝမ်ကွန်ပြူတာထုတ်လုပ်သူကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Acer သို့ပစ်မှတ်ထားပြီး ransomware တိုက်ခိုက်မှုမှတဆင့် အမေရိကန်ဒေါ်လာ သန်း ၅၀ ကို ခြိမ်းခြောက်၍တောင်းခံနေပြီပဲဖြစ်ပါတယ်။
Acer ဘက်မှ ကိုယ်စားလှယ်တစ်ဦးနှင့် အဆိုပါ hacking အဖွဲ့တို့အကြားပြုလုပ်ခဲ့တဲ့ ပြောဆိုမှုများအရ အဆိုပါပမာဏကို လာမည့်ဗုဒ္ဓဟူးနေ့မတိုင်ခင်ပေးမည်ဆိုပါက ဖော်ပြပါပမာဏကို ၂၀% လျှော့ပေးသွားမှာဖြစ်ပြီး အကယ်၍ နောက်ထပ် ၈ ရက်အကြာတွင်မှ မည်သည့်တုန့်ပြန်မှုမျိုးကိုမှ ပြုလုပ်ခြင်းမရှိခဲ့ရင်တော့ အမေရိကန်ဒေါ်လာသန်း ၁၀၀ အထိ တိုးမြင့်လာနိုင်ဖွယ်ရှိကြောင်း ဖော်ပြထားခဲ့ပါတယ်။
REvil group ရဲ့ “leaks” site ပေါ်တွင် Acer ရဲ့ ဒေတာများကို စာရင်းပြုစု၍လေလံတင်ရင်စာရင်းတွင်လည်း သူတို့မှထည့်သွင်းထားခဲ့ပြီး တင်ထားတဲ့ နမူနာဖိုင်တစ်ခုတွင် Customer များရဲ့ ဒေတာအချက်အလက်အပြည့်အစုံနှင့် အကောင့်နံပါတ်များ၊ credit limit များအထိကို တစိတ်တပိုင်းဖော်ပြထားလျှက်ရှိနေပြီး Acer ဘက်မှတော့ ထိုအရာနှင့်ပတ်သက်၍ ဖြေရှင်းချက်တစ်စုံတစ်ရာကို ပေးထားခြင်းမရှိသေးပါဘူး။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် ဗဟုသုတတိုးစေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။