ချိတ်ဆွဲရန်စာတန်း: News-Riot-Entartainment-Division
Riot မှ ၎င်းတို့ရဲ့ Entertainment ဌာနခွဲ အသစ်အတွက် Netflix တွင် အလုပ်လုပ်ခဲ့ဖူးတဲ့ Executive တစ်ဦးကို ခေါ်ယူခဲ့
Riot မှ Netflix Executive ဟောင်းတစ်ဦးကို သူတို့ရဲ့ Entertainment ဌာနခွဲအသစ်အတွက် ခေါ်ယူဌားရမ်းမှုပြုလုပ်ခဲ့ကြောင်း IGN မှ သတင်းတစ်ပုဒ်အရ သိရှိရပါတယ်။
အဆိုပါ Brian Wright အမည်ရတဲ့ Netflix Executive ဟောင်းတစ်ဦးကို Riot ရဲ့ Chief Content Officer အနေနဲ့ ဌားရမ်းခေါ်ယူမှုပြုလုပ်လိုက်တာဖြစ်ပြီး Wright ဟာ Riot Entertainment ရဲ့ မူပိုင်ရုပ်ရှင်၊ TV နဲ့ animation project များကို ဖန်တီးပြုလုပ်ရန် ကူညီပေးရမှာဖြစ်ပါတယ်။ ဒါ့အပြင် Riot Games ရဲ့ အဆိုအရ Wright ဟာ Gaming နဲ့ Entertainment လုပ်ငန်းနယ်ပယ် (၂) ခုကို ပေါင်းကူးပေးနိုင်မယ့် တံတားတစ်ခုဖြစ်လာစေရန် ကြိုးစားအားထုတ်သွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။
Netflix တွင် Wright ဟာ ၎င်းတို့ရဲ့ မူပိုင် content များဖြစ်တဲ့ Stranger Things, 13 Reasons Why နဲ့ အခြားသော ရုပ်ရှင်၊ ဇာတ်လမ်းများကို Platform ပေါ်သို့ ဆောင်ကြဉ်းပေးနိုင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ Wight က Riot Games သို့ ရောက်ရှိလာရခြင်းဟာ အလွန်ပျော်ရွှင်ဖွယ်ကောင်းတယ်လို့ ပြောကြားခဲ့သလို “ကမ္ဘာတစ်ဝှမ်းရှိ Player များနဲ့ Fan များအတွက် စိတ်ဝင်စားဖွယ်ကောင်းတဲ့ ဇာတ်လမ်းများကို ဆောင်ကြဉ်းပေးနိုင်ဖို့ ကြိုးစားသွားပါမယ်” ဟူ၍ ပြောကြားခဲ့ပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။