Jobs In Myanmar
Load...

Supervisor တစ်ဦး၏ လုပ်ငန်းတာဝန်များ

by www.jobsinyangon.com


ချိတ်ဆွဲရန်စာတန်း: Knowledge-Supervisor-Roles-Responsibilities-JobsinYangon



Supervisor တစ်ဦး၏ လုပ်ငန်းတာဝန်များ
 
Supervisor တစ်ဦးသည် စက်ရုံအလုပ်ရုံစီမံခန့်ခွဲမှုတွင် အရေးကြီးသောအခန်းကဏ္ဍမှာပါဝင်နေပါသည်။ ကြီးကြပ်ကြည့်ရှု ခြင်းဆိုသည်မှာ စက်ရုံအလုပ်ရုံအဆင့်တွင် အလုပ်လုပ်နေသော လက်အောက်ငယ်သားများကိုကြီးကြပ်ရခြင်းဖြစ်ပါသည်။ Supervisor တစ်ဦးသည် စီမံခန့်ခွဲမှုအဖွဲ့၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ရှေ့တန်းမန်နေဂျာများ၏ရာထူးနေရာကိုရရှိထားခြင်း ဖြစ်ပါသည်။ သူသည် ကုန်ထုတ်လုပ်မှုတိုးတက်စေရန် အကူအညီအထောက်အပံ့ပေးနိုင်ရန်အတွက် များစွာသောလုပ်ဆောင် ချက်များကို လုပ်ကိုင်ဆောင်ရွက်ရသူတစ်ဦးဖြစ်ပါသည်။ ထို့ကြောင့် supervisor များသည် အလုပ်အမှုဆောင်အဆင့်တွင် အရေးပါသောအခန်းကဏ္ဍတွင်ရှိသော တစ်မျိုးတည်းသောမန်နေဂျာများဖြစ်သည်ဟုလည်းခေါ်ဆိုနိုင်ပါသည်။ အချို့သော အ တွေးအခေါ်ဒဿနပညာရှင်တို့သည် supervisor များကို အလုပ်သမားများဟုခေါ်ဆိုကြသလို အချို့သောဒဿနပညာရှင်များ ကမူ ထိုသူတို့အားမန်နေဂျာများဟုလည်းခေါ်ဆိုကြပါသည်။ အမှန်တကယ်တန်းတွင်မူ သူ့အား မန်နေဂျာ သို့မဟုတ် လုပ်ငန်း လုပ်ဆောင်ရေးမန်နေဂျာဟု ခေါ်တွင်သင့်ပါသည်။ သူရဲ့အဓိကတာဝန်မှာ လက်တွေ့လုပ်ငန်းဆောင်ရွက်သည့်အဆင့်တွင် အလုပ်သမားများကိုစီမံခန့်ခွဲဖို့ရန်အတွက်ဖြစ်ပါသည်။ 
 
Supervisor တစ်ဦးသည် တစ်ချိန်တည်းမှာပင် အောက်ပါအရာများကဲ့သို ကွဲပြားများပြားသော အခန်းကဏ္ဍများကို ထမ်း ဆောင်နေရခြင်းဖြစ်ပါသည်။ 
 
၁။ စီမံမှုများပြုလုပ်သူအနေဖြင့် - Supervisor တစ်ဦးသည် စက်ရုံတစ်ခုအတွင်းရှိ နေ့စဉ်လုပ်ငန်းအစီအစဉ်များကိုရေး ဆွဲမှုများပြုလုပ်ရပါသည်။ တစ်ချိန်တည်းမှာပင် သူသည် များစွာသောအလုပ်သမားများကို သူတို့၏စွမ်းဆောင်ရည်များ အပေါ်မူတည်၍ အလုပ်တာဝန်များခွဲဝေသတ်မှတ်ပေးရပါသည်။ 
 
၂။ မန်နေဂျာတစ်ဦးအနေနှင့် - Supervisor များသည် လုပ်ငန်းတစ်ခု၏စီမံခန့်ခွဲမှုအဖွဲ့၏ အစိတ်အပိုင်းတစ်ခုဖြစ်သည် ဟုဆိုလိုနိုင်ပါသည်။ သူသည်တကယ်တမ်းတွင်တော့ လုပ်ငန်းလုပ်ဆောင်ရေးမန်နေဂျာတစ်ဦးဖြစ်ပါသည်။ 
 
၃။ လမ်းညွှန်ပြသသူနှင့် ဦးဆောင်သူအနေနှင့် - စက်ရုံအလုပ်ရုံ Supervisor များသည် အလုပ်သမားများကိုဦးဆောင် ကာ သူတို့၏နေ့စဉ်လုပ်ငန်းတာဝန်များကိုလုပ်ဆောင်ရာတွင် လမ်းညွှန်ပြသမှုပေးရပါသည်။ တစ်ကယ်တမ်းတွင် သူ သည် ထိုသူတို့အားပြောဆိုခြင်းအားဖြင့်လှုံ့ဆော်မှုပေးသူတစ်ဦးအနေဖြင့်ဆောင်ရွက်ပေးနေပါသည်။ 
 
၎။ ဖြန်ဖြေပေးသူတစ်ဦးအနေဖြင့် - Supervisor တစ်ဦးအားစီမံခန့်ခွဲသူများနှင့်အလုပ်သမားတို့အကြားဆက်သွယ်ပေး နေသော တွယ်ချိတ်ကလေးတစ်ခုဟုလည်းခေါ်ဝေါ်ကြပါသည်။ သူသည်စီမံခန့်ခွဲသူအနေနှင့်ရော အလုပ်သမားတစ်ဦး အနေနှင့်ပါ ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်ပါသည်။ 
 
၅။ စစ်ဆေးကြည့်ရှုရသူတစ်ဦးအနေဖြင့် - Supervisor တစ်ဦး၏ အရေးကြီးသောအခန်းကဏ္ဍတစ်ခုမှာ စက်ရုံအလုပ်ရုံ တစ်ခုအတွင်းတွင် စည်းကမ်းလိုက်နာမှုရှိစေရန် ပြဌာန်းအကောင်အထည်ဖော်ဖို့ဖြစ်ပါသည်။ ထိုအရာကိုလုပ်ဆောင်ရန် မှာ အချိန်ဇယားနှင့်တိုက်ဆိုင်ပြီး အလုပ်ပြီးမြောက်မှုအခြေအနေအားစစ်ဆေးခြင်း၊ လုပ်ငန်းစွမ်းဆောင်ရည်များကိုပုံမှန် အချိန်အပိုင်းအခြားအလိုက်မှတ်တမ်းတင်မှုများပြုလုပ်ပြီး ထိုအရာများနှင့်လွဲချော်နေသောအရာများကိုအစီအရင်ခံစာ တင်ခြင်းတို့ပါဝင်ပါသည်။ သူသည် အလုပ်သမားများမှ အလုပ်ချိန်အတွင်းလိုက်နာရန်စည်းမျဉ်းစည်းကမ်းများကိုလည်း ချမှတ်ပေးနိုင်ပါသည်။ 
 
၆။ အတိုင်အပင်ခံတစ်ဦးအနေဖြင့် - Supervisor တစ်ဦးသည် အလုပ်သမားများ၏ ပြဿနာများတွင် အတိုင်အပင်ခံ တစ်ဦး၏ အခန်းကဏ္ဍမှပါဝင်နေရသည်ဖြစ်ပါသည်။ သူသည် အလုပ်သမားများနှင့် ကောင်းမွန်သောဆက်ဆံရေးများကို တည်ဆောက်နိုင်ရန်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်မှုရှိလာစေရန်အတွက် ထိုကဲ့သို့သောအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက် ရန်လိုအပ်ပါသည်။ ဒီကဲ့သို့ပြုလုပ်ရန်မှာ မကျေနပ်ချက်များကို နားထောင်ပေးရုံနှင့်ပင်မပြီးပဲ အဆိုပါမကျေနပ်ချက်များ ကို ဝန်ထမ်းများစိတ်ကျေနပ်မှုရရှိစေရန်အတွက် ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်ပါသည်။ 
 
ထို့ကြောင့် ထိရောက်ပြီးအကျိုးသက်ရောက်မှုရှိသောကြီးကြပ်ကြည့်ရှုခြင်းသည် ပိုမိုကောင်းမွန်သော လုပ်ငန်းလုပ်ဆောင် ချက်၊ ကောင်းမွန်သောလူသားအချင်းချင်းဆက်ဆံရေးများတည်ဆောက်ရန်၊ ဖော်ရွေပျူဌာမှုရှိပြီး ပူးပေါင်းပါဝင်ဆောင်ရွက်မှု ရှိသောပတ်ဝန်းကျင်တစ်ခုတည်ဆောက်ရန်တို့ကိုဖြစ်ပေါ်လာစေရန်အတွက် ကူညီပေးနိုင်သည်ဟု ကျွန်ုပ်တို့မှပြောကြားနိုင် ပါသည်။ ထိုအကြောင်းအရာကိစ္စများအားလုံးသည် ကုန်ထုတ်လုပ်မှုစွမ်းအားတိုးတက်စေဖို့ရာအတွက် အကူအညီပေးလျက်ရှိ ပါသည်။ 
 
ဒီ Article လေးဟာ စာဖတ်သူပရိတ်သတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com

Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Phee Int'l Shipping Myanmar Ltd

Phee Int'l Shipping Myanmar Ltd

MISSION: To provide all our customers an integrated one-stop platform to simplify their logistics management and carter to their total cargo and lifestyle logistics needs. VISION: To be the P...
Show the postings (50)
FORUM8 YANGON Co.,Ltd.

FORUM8 YANGON Co.,Ltd.

Sales/Office work, Engineering workFORUM8 exerts its force primarily on the development/marketing of software that support civil engineering design, analysis, architectural design, etc. and lately the...
Show the postings (1)
Trust Venture Partners Co., Ltd

Trust Venture Partners Co., Ltd

To contribute to the development of the Myanmar economy by helping Myanmar companies access the capital markets to achieve their growth objectives To provide one-stop service to international compani...
Show the postings (45)
La Pyae Wun Co.,Ltd

La Pyae Wun Co.,Ltd

Our company vision is to develop our work efforts in real estate managements and construction. In which we solely believe that the key to success is having a goal and effectively working everyday to r...
Show the postings (11)
Titan Pest Management Co. Ltd.

Titan Pest Management Co. Ltd.

...Titan Pest is a full-services pest management company operating in Yangon since 2016 and specializing in urban pest management solutions. It is a subsidiary of the highly successful Killem Pest Pte...
Show the postings (1)

Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS