Jobs In Myanmar
Load...

လူတို့၏အလားအလာများကိုထုတ်ဖော်ခြင်းနှင့် အားပေးကူညီခြင်းတို့ တွင် HR မန်နေဂျာများ၏ အခန်းကဏ္ဍ

by www.jobsinyangon.com


ချိတ်ဆွဲရန်စာတန်း: Knowledge-HumanResource-Management-HR-JobsinYangon



လူတို့၏အလားအလာများကိုထုတ်ဖော်ခြင်းနှင့် အားပေးကူညီခြင်းတို့ တွင် HR မန်နေဂျာများ၏ အခန်းကဏ္ဍ

 

ယနေ့အချိန်အထိတွင် ကျွန်ုပ်တို့ဟာ HR လုပ်ငန်းစဉ်များနှင့်ဆက်စပ်နေသည့်များစွာသောကိစ္စရပ်များတွင် HR မန်နေဂျာ များ၏ အခန်းကဏ္ဍကိုဆွေးနွေးတင်ပြခဲ့ပြီးဖြစ်ပါသည်။ ထိုကိစ္စရပ်များတွင် တိကျသောအသေးစိတ်ဖော်ပြမှုများထက် ယျေဘူယျအမြင်များနှင့် များစွာသောလုပ်ဆောင်ချက်များကို ရှင်းလင်းပြောကြားမှုပြုလုပ်ခြင်းကိုသာ အဓိကထားတာဖြစ် ပါတယ်။ 

ယခုဆောင်းပါးတွင် HR မန်နေဂျာတစ်ဦးမှလုပ်ဆောင်သင့်သည့်အရေးပါသောလုပ်ဆောင်ချက်အချို့ကို ဆွေးနွေးတင်ပြ သွားမှာဖြစ်ပြီး ထိုအရာများဟာ ဝန်ထမ်းများမှ သူတို့၏အလားအလာများအရ စွမ်းဆောင်ချက်များဆောင်ရွက်နိုင်စေရန် ပြုလုပ်ပေးခြင်းနှင့် ဝန်ထမ်းများအား စိတ်ကျေနပ်ဖွယ်အသက်မွေးဝမ်းကျောင်းကျွမ်းကျင်မှုများကို ရရှိစေရန်အတွက် အားပေးကူညီမှုပြုခြင်းတို့နှင့်ဆက်စပ်မှုရှိပါသည်။ အစောပိုင်းနှစ်ကာလများတွင် အဖွဲ့အစည်းဆိုင်ရာ အယူအဆများနှင့် လက်တွေ့ဆောင်ရွက်ချက်များသည် ဝန်ထမ်းများအား ကောင်းမွန်သောလစာပေးရန်နှင့် သူတို့အတွက်အကျိုးကျေးဇူးများ နှင့် အခြားသောအခွင့်အရေးများ ရရှိစေဖို့အတွက်သာဖြစ်ပါတယ်။ တစ်ဦးတစ်ယောက်ချင်းစီ၏ စိတ်ကျေနပ်မှုရရှိစေရန်နှင့် အလုပ်အပေါ် စိတ်ကျေနပ်မှုရှိစေရန်အတွက် နည်းလမ်းများအလွန်နည်းပါးပါသည်။ ဒီအရာဟာ ၁၉၇၀ခုနှစ်များ နှင့် ၁၉၈၀ ခုနှစ်များတွင် ကုန်ထုတ်လုပ်မှု၏အရေးပါအရာရောက်လာမှုကြောင့်ဖြစ်ပြီး လုပ်သားများကို ယနေ့ခေတ် HRM သီအိုရီများ နှင့် လက်တွေ့ လုပ်ဆောင်မှုများကဲ့သို့မမြင်ပဲ စက်ပစ္စည်းတစ်ခုအတွင်းရှိ စက်သွားများကဲ့သို့သာ ပြုမူဆက်ဆံကြတဲ့ အတွက်ဖြစ်ပါသည်။ 

ဝန်ဆောင်မှုကဏ္ဍများတိုးတက်လာသည်နှင့်အမျှ HRM ၏ ကိုင်းခွဲတစ်ခုဖြစ်သော SHRM (သို့) နည်းဗျူဟာကျကျ လူသားအရင်းအမြစ်စီမံခန့်ခွဲခြင်း (Strategic Human Resource Management) ဟာ ဝန်ထမ်းများ၏အထ္ထုပ္ပတ္တိများ ပြောင်းလဲလာသည်နှင့်အမျှ ပိုမိုကြီးထွားမှုရှိလာပြီး ထိုအတွေးအခေါ်ကို စီမံခန့်ခွဲမှုအတွေးအမြင်နည်းဗျူဟာများနှင့် ပေါင်း စပ်လိုက်သည့်အခါတွင် ဝန်ထမ်းများ၏အလားအလာများကိုထုတ်ဖော်ခြင်းနှင့် အားပေးကူညီခြင်းတို့ဟာ HR မန်နေဂျာ တိုင်းကြားနေရတဲ့ စကားလုံးများဖြစ်လာကြပါတော့တယ်။ 


ထိုဆင်တူသော ရည်ရွယ်ချက်နှစ်ခု၏ သီးခြားရှုထောင့်များ

အဆိုပါခေတ်စားနေသောအရာနှင့်အပြိုင်အဆိုင်ပင် လုပ်ငန်းအများစု၏ HR မန်နေဂျာများမှာ ယနေ့ခေတ်တွင် ထိုအရာများ အပေါ်၌ အာရုံစူးစိုက်လာကြပြီး အစဉ်အမြဲဝေဖန်မှုများကိုရှာဖွေနေပြီး တိုးတက်ရန် အကြံပြုချက်များနှင့် ဝန်ထမ်းများကို အထောက်အပံ့ပေးမှုများကိုပြုလုပ်လာကြပါသည်။ နိုင်ငံပေါင်းစုံမှလူများနှင့်ဖွဲ့စည်းထားသော ကုမ္ပဏီများတွင် အဖွဲ့ခေါင်း ဆောင်အဆင့်နှင့်အထက်ရှိသူဝန်ထမ်းများဟာ HR ဝန်ထမ်းများနှင့် တစ်ဦးချင်းတွေ့ဆုံမှုများကိုပြုလုပ်ရပြီး သူတို့အတွက် စိတ်ပူပင်ရစေတဲ့ကိစ္စများကို ပွင့်လင်းမြင်သာမှုရှိစွာ ဆွေးနွေးမှုများကို ပုံမှန်ပြုလုပ်ကြရပါတယ်။ အဆိုပါအစည်းအဝေးများ သည် ဝန်ထမ်းများကိုသူတို့ရဲ့စိတ်ပူပင်ရမှုတွေနဲ့ သူတို့ရဲ့အလုပ်တာဝန်၊ လုပ်ငန်း သို့မဟုတ် အဖွဲ့အစည်းအပေါ်တွင်ရှိနေနိုင် သောမကျေနပ်ချက်များကို ယျေဘူယျအားဖြင့် ထိကျစွာထုတ်ဖော်ပြောဆိုရန်အတွက် အခွင့်အရေးပေးခြင်းဖြစ်ပါသည်။ 

အဖွဲ့ဝင်များတွင် ဖော်ပြပါကိစ္စရပ်များကိုလုပ်ဆောင်ရန်နှင့် ဝန်ထမ်းများဟာသူတို့ရဲ့အလားအလာရှိသည့်အတိုင်းဆောင်ရွက် မှုများပြုလုပ်နိုင်စေရန်အတွက် လူထုမန်နေဂျာများပုံမှန်အားဖြင့်ထားရှိထားပါသည်။ ထို့အပြင် HR လုပ်ငန်းစဉ်များနှင့်အညီ မန်နေဂျာများမှ ကျွမ်းကျင်မှုအသေးများဖြစ်သည့် ပြောဆိုဆက်ဆံရေး၊ တစ်ကိုယ်ရည်ဆက်ဆံရေးနှင့် ဦးဆောင်ဦးရွက်ပြု နိုင်ရေးတို့အား အချိန်နှင့်တစ်ပြေးညီသင်တန်းများပို့ချပေးရမည်ဖြစ်ပါသည်။ Fidelity ကဲ့သို့သော များစွာသော အဖွဲ့ အစည်းများတွင် ဝန်ထမ်းများအား ဦးစီးဦးဆောင်မှု/ ခေါင်းဆောင်မှု ပြုလုပ်ရာတွင် တိုးတက်စေမည့် သင်တန်းများကို တက်ရောက်စေပြီး ဝန်ထမ်းများအကြားမှ ခေါင်းဆောင်ကောင်းများပေါ်ထွက်လာစေကာ ထိုသူတို့အား အနာဂါတ်မန်နေဂျာ များနှင့် CEO များအဖြစ် မွေးထုတ်နိုင်စေရန်အတွက် လုပ်ရိုးလုပ်စဉ်များကို သတ်မှတ်ပြဌာန်းထားလျှက်ရှိပါသည်။ ထို့ကြောင့် အဆိုပါ လူတို့ (ဝန်ထမ်းတို့) ၏အလားအလာများကိုထုတ်ဖော်ခြင်းနှင့် အလုပ်တာဝန်များပေးအပ်ခြင်းဟူသည့် ဆင်တူသောရည်ရွယ်ချက်နှစ်ခုတို့အား ဒီဥပမာနှင့်ကိုက်ညီမှုရှိစေပါသည်။ 

 

လက်တွေ့တွင် ဒီအရာကဘယ်လိုလုပ်ဆောင်နိုင်သလဲ

ဒီအရာက အခြေအနေတစ်ရပ်လုံးဟာ ဝန်ထမ်းများ၊ မန်နေဂျာများနှင့် HR ဝန်ထမ်းများဟာ ပျော်ရွှင်တဲ့မိသားစုကြီးတစ်ခုအ နေနဲ့ရှိနေတဲ့ နတ်ဘုံနတ်နန်းသဖွယ်ဆိုလိုတာတော့မဟုတ်ပါဘူး။ အခြားတစ်ဖက်တွင် လက်တွေ့အကျဆုံးသော အခြေအနေ များတွင် HR မန်နေဂျာများဟာ အဖွဲ့အစည်းတစ်ခုဆိုသည်မှာ သူတို့၏ကောင်းကျိုးပင်ဖြစ်ကြောင်း ကိစ္စရပ်များစွာနဲ့မကျေ နပ်မှုတွေကို စောဒကတက်မှုများ အချိန်တိုင်းပြုလုပ်နေမည့်အစား အကောင်းဖက်မှမြင်ကြည့်ပေးဖို့ရာအတွက် ဝန်ထမ်းများ ကိုနားချရသည့် ခက်ခဲသောအချိန်များနှင့်လဲ ရင်ဆိုင်ကြုံတွေ့ရနိုင်ပါသည်။ ဒီနေရာတွင် HR မန်နေဂျာများ၏ နားဝင်အောင် ပြောဆိုနိုင်မှု၊ ဉာဏ်အလင်းပေးနိုင်မှု၊ လိုအပ်ပါကအပြစ်ပေးပြီးဆုံးမနိုင်မှု စသည့်စွမ်းဆောင်ရည်များနှင့် ကိုယ်ရေကိုယ် သွေးများ ပေါ်လွင်လာမည်ဖြစ်ပြီး လူသားစီမံခန့်ခွဲမှုတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ရမည်ဖြစ်ပါသည်။ တစ်နည်းအားဖြင့် HR မန်နေဂျာတစ်ဦးဟာ ဝန်ထမ်းများအပေါ်လိုက်လျောခြင်းနှင့် အဖွဲ့အစည်းဆိုင်ရာလုပ်ပိုင်ခွင့် ပေးအပ် ထားမှုတို့အကြား သေးငယ်သောမျှခြေတွင် လျှောက်လှမ်းနေရမည်ဖြစ်ပါသည်။ ထို့ကြောင့် အထက်တွင်ဖော်ပြထားသော စွမ်းဆောင်ရည်များအပြင် ဝန်ထမ်းများအပေါ်တွင်အခြေခံပြီး မိမိအတွက်အသုံးဝင်မည့် ညီမျှခြင်းများကို ထည့်သွင်း အသုံးပြုကာ များစွာသောနည်းဗျူဟာများကို HR မန်နေဂျာများမှ အစဉ်အမြဲထုတ်နုတ်သုံးစွဲနေရခြင်းဖြစ်သည်ဟု ဆိုလို ပါသည်။ 

 

အဆုံးသတ်အမြင်များ 

အဆုံးတွင် လူတို့၏အလားအလာများကိုထုတ်ဖော်ခြင်းဆိုသည်မှာ ဝန်ထမ်းများ၏ ကိုယ်ရေကိုယ်သွေးများကို ထိုးထွင်း သိမြင်ခြင်းဖြစ်ပြီး ထိုသူတို့အား အဖွဲ့အစည်း၏လိုအပ်ချက်များနှင့်ကိုက်ညီမျှရှိစေရန်ပြုလုပ်ပေးခြင်းဖြစ်ပါသည်။ အထက် တွင် ဖော်ပြခဲ့သလိုပဲ ဝန်ထမ်းများနှင့် သူတို့ရဲ့စိတ်အားထက်သန်များ၊ ထိုသူတို့ဟာ ဘယ်လောက်အတိုင်းအတာအထိ အဖွဲ့အစည်းရဲ့ရည်ရွယ်ချက်တွေနဲ့ကိုက်ညီမှုရှိနေတယ်ဆိုတဲ့အချက်တွေကိုသိရှိနားလည်ခြင်းအားဖြင့် HR မန်နေဂျာများဟာ ခေတ်နှင့်အညီ စီမံခန့်ခွဲမှုဆိုင်ရာ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်မှုများအတွက် လူတို့၏ အလားအလာများကို ထုတ်ဖော်နိုင်ခြင်းကဲ့သို့သော အရေးကြီးတဲ့လုပ်ငန်းဆောင်တာများကိုဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ 

 

ဒီ Article လေးဟာ စာဖတ်သူပရိတ်သတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Trust Venture Partners Co., Ltd

Trust Venture Partners Co., Ltd

To contribute to the development of the Myanmar economy by helping Myanmar companies access the capital markets to achieve their growth objectives To provide one-stop service to international compani...
Show the postings (45)
MYANMAR PARA LIGHT LED & LIGHTING ACCESSORY CO.,LTD

MYANMAR PARA LIGHT LED & LIGHTING ACCESSORY CO.,LTD

Translator -Female -Chinese language (4 Skills) -Graduate UniversityMYANMAR YANG DING is Taiwanese LED manufacturing below at PARA LIGHT Group Our HQ at Taipei, Taiwan. The Myanmar factory i...
Show the postings (4)
PROQC INTERNATIONAL PVT. LTD.

PROQC INTERNATIONAL PVT. LTD.

To nurture the trust of our customers and our team through dynamic interactions, creative supply chain solutions, and integrated partnership The global quality solution, engineering, and consulting s...
Show the postings (3)
Lan Thit Innovation Co., Ltd

Lan Thit Innovation Co., Ltd

..We, as Lan Thit Innovation Technology, provide services like recruiting, outsourcing and brand marketing to our clients. We also assist the jobseekers in finding the right opportunity for them. We ...
Show the postings (37)

Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS