Jobs In Myanmar
Load...

လုပ်ငန်းခွင်အတွင်းသို့ စတင်ဝင်ရောက်မည့်သူများအနေနဲ့ လိုက်နာကျင့်သုံးသင့်သည့် စည်းကမ်းများ

by www.jobsinyangon.com


ချိတ်ဆွဲရန်စာတန်း: Knowledge-Office-Etiquette-Fresh-Graduates-JobsInYangon



လုပ်ငန်းခွင်အတွင်းသို့ စတင်ဝင်ရောက်မည့်သူများအနေနဲ့ လိုက်နာကျင့်သုံးသင့်သည့် စည်းကမ်းများ 

 

ဘွဲ့တစ်ခုကိုရရှိပြီးနောက် ယခုမှစတင်၍အလုပ်ခွင်ဝင်ရောက်မည့်သူများအနေနဲ့ ဒါဟာ ဘဝရဲ့စာမျက်နှာနောက်တစ်ခုသို့ ကူးပြောင်းခြင်းဖြစ်တဲ့အတွက် first-impression ဟာ လွန်စွာအရေးကြီးလှပါတယ်။ လုပ်ငန်းလောကအတွင်းသို့ ပထမဆုံးစတင်ဝင်ရောက်ရတာ ဖြစ်တဲ့အတွက် သိချင်တဲ့၊ မေးလိုတဲ့မေးခွန်းတွေလည်း ရှိနေကြမှာဖြစ်သလို စိတ်ထဲမှာ အနည်းငယ်ကြောက်ရွံ့နေမှုလည်း ရှိနေနိုင်ပါတယ်။ ယခင်ကကျောင်းသားတစ်ယောက်အနေနဲ့ (ဒါမှမဟုတ်) အလုပ်သင်တစ်ဦးအနေနဲ့ လုပ်ခဲ့ဖူးတဲ့အမူအကျင့်အချို့ဟာ Professional လုပ်ငန်းလောကအတွင်းသို့ ရောက်ရှိလာပြီဆိုရင်တော့ ခွင့်လွှတ်ပေးနိုင်တဲ့အရာများမဟုတ်တော့ပါဘူး။ 

ဒါကြောင့် ယခုတစ်ပတ်မှာတော့ ဘွဲ့ရပြီး ယခုမှလုပ်ငန်းခွင်အတွင်းသို့ စတင်ဝင်ရောက်မည့် ဝန်ထမ်းအသစ်များတွင် အတွေ့များတတ်ပြီး ထိန်းချုပ်ရှောင်ရှားသင့်တဲ့ အမူအကျင့်အချို့ကို www.jobsinyangon.com ကနေ ဖော်ပြပေးလိုပါတယ် . . . 

 

၁။ လုပ်ငန်းခွင်အတွင်း သီချင်းများနားထောင်လိုပါက အခြားသူများကို အနှောက်အယှက်မဖြစ်စေရန် ဆင်ခြင်ပါ 

လူအတော်များများက အလုပ်လုပ်နေရင်း သီချင်းနားထောင်ရတာကိုနှစ်သက်မှုရှိကြပြီး သူတို့ရဲ့ တီထွင်ဆန်းသစ်မှုစွမ်းရည်များကိုပွင့်လင်းလာစေခြင်း (ဒါမှမဟုတ်) ပိုမို၍ အာရုံစူးစိုက်မှုရှိလာစေဖို့အတွက် အထောက်အကူဖြစ်စေတယ်လို့ ယူဆထားကြပါတယ်။ ဒါပေမယ့် အချို့သောသူများအတွက်တော့ သီချင်းသံဟာ အာရုံစူးစိုက်မှုကိုပျက်ပြားစေပြီး လုပ်ငန်းစွမ်းဆောင်ရည်များကျဆင်းလာစေနိုင်ပါတယ်။ 

“အကယ်၍ သင်ကအများနဲ့မျှဝေသုံးစွဲရတဲ့ workspace တစ်ခုအတွင်း အလုပ်လုပ်နေရသူဖြစ်ပါက သီချင်းများနားဆင်ခြင်းကို မပြုလုပ်သင့်ပဲ၊ မိမိကိုယ်ပိုင်ရုံးခန်းတစ်ခုအတွင်းမှာ အလုပ်လုပ်ရသူတစ်ဦးဆိုရင်တော့ သီချင်းများနားဆင်နိုင်ပါတယ်။” “အကယ်၍ အများနဲ့မျှဝေသုံးစွဲရတဲ့ workspace တစ်ခုအတွင်း သီချင်းများနားဆင်လိုပါကနှင့် မိမိရဲ့လုပ်ငန်းစွမ်းဆောင်ရည်အပေါ် ထိခိုက်မှု ရှိမလာနိုင်ဘူးဆိုရင်တော့ headphone များတပ်၍ နားဆင်နိုင်ပါတယ်။” ဒါကလည်း သင်လုပ်ကိုင်ရတဲ့ လုပ်ငန်းရဲ့သဘောသဘာဝအပေါ် မူတည်၍အပြောင်းအလဲရှိနိုင်ပါတယ်။ သင်လုပ်ကိုင်ရတဲ့ လုပ်ငန်းသဘောသဘာဝအရ ပတ်ဝန်းကျင်တွင် ဘာတွေဖြစ်နေသလဲဆိုတာကို အချိန်နဲ့အမျှ သိရှိနိုင်ဖို့ လိုအပ်တယ်ဆိုရင်တော့ လုပ်ငန်းခွင်အတွင်း သီချင်းများနားထောင်ခြင်းကို (လုံးဝ) မပြုလုပ်သင့်ပါဘူး။  

 

၂။ ကိုယ်ရေးကိုယ်တာ၊ နိုင်ငံရေး၊ ဘာသာရေးတို့နဲ့ ငြိစွန်းနိုင်တဲ့ စကားများပြောဆိုခြင်းကို ရှောင်ကြဉ်ပါ

ယခုမှလုပ်ငန်းခွင်အတွင်းသို့ စတင်ဝင်ရောက်လာသူတစ်ဦးအနေနဲ့ လုပ်ငန်းခွင်အတွင်းရှိ မိမိတို့ရဲ့လုပ်ဖော်ကိုင်ဖက်များနဲ့ တစ်နည်းမဟုတ်တစ်နည်း စကားပြောဆိုမှုပြုလုပ်ရတာလေးတွေရှိလာနိုင်ပါတယ်။ ဒီအခါမှာ သူတို့ရဲ့ လိင်စိတ်တိမ်းညွှတ်မှုအခြေအနေ (Gay, Tom, etc.)၊ အခြားကိုယ်ရေးကိုယ်တာကိစ္စများ၊ နိုင်ငံရေး၊ ငွေရေးကြေးရေးနဲ့ အခြားသောလုပ်ဖော်ကိုင်ဖက်များအကြောင်း အတင်းအဖျင်း ပြောဆိုမှုများကို (လုံးဝ) ရှောင်ကြဉ်သင့်ပါတယ်။ 

 

၃။ အကယ်၍ မုန့်စားလိုပါက တိတ်တိတ်ဆိတ်ဆိတ်စားပါ

လုပ်ငန်းခွင်အတွင်း ပီကေစားခြင်းဟာ မသင့်တော်တဲ့အရာတစ်ခုမဟုတ်ပါဘူး။ ဒါပေမယ့် သင်က အသံကျယ်ကျယ်နဲ့ ပူဖောင်းတွေမှုနေခဲ့မယ်ဆိုရင်တော့ ဒါဟာမသင့်တော်တဲ့လုပ်ရပ်တစ်ခုဖြစ်သွားပါပြီ။ နေ့လည်စာစားပြီးနောက် အချိုတည်းလိုတဲ့အတွက် တိတ်တိတ်ဆိတ်ဆိတ်ပီကေဝါးနေခြင်းက ဘယ်သူ့ကိုမှ အနှောက်အယှက်မဖြစ်စေပေမယ့် ကျယ်လောင်စွာပီကေဝါးခြင်း (သို့မဟုတ်) ပီကေကို တွေ့ကရာခုံမှာကပ်ခြင်းတို့ဟာ လုပ်ငန်းခွင်အတွင်းတွင် လက်ခံ၍မရနိုင်တဲ့အပြုအမူတစ်ခုဖြစ်ပြီး အခြားသူများကိုလည်း စိတ်အနှောက်အယှက်ဖြစ်စေနိုင်တဲ့အတွက် ဒီလိုပြုလုပ်ခြင်းကို (လုံးဝ) ရှောင်ကြဉ်သင့်ပါတယ်။ 

“ဒါ့အပြင် အစားအစာတစ်ခုခုကို စားသုံးတော့မယ်ဆိုပါက ထမင်းစားခန်းထဲတွင်သာစားသုံးပါ။ မိမိရဲ့ အလုပ်စားပွဲပေါ်တွင် မုန့်များစားခြင်း၊ အနံ့ပြင်းတဲ့ အစားအစာနှင့် ဆေးလိပ်၊ ကွမ်းယာအစရှိသည်သို့ စားသုံးနေခြင်းဟာ မသင့်တော်တဲ့အပြုအမူများဖြစ်ပါတယ်။ အထူးသဖြင့် ဆေးလိပ်၊ ကွမ်းယာကြိုက်သူများအနေနဲ့ ရုံးခန်းပြင်ပတွင် ထိုအရာများကိုပြုလုပ်သင့်ပြီး မိမိတို့ရဲ့အမှိုက်ကို စနစ်တကျစွန့်ပစ်တတ်ဖို့ လိုအပ်ပါတယ်။ ရုံးခန်းပြင်ပရှိနေရာတွင် ဆေးလိပ်တိုများပြန့်ကျဲနေခြင်း၊ ကွမ်းတံတွေးများပြည့်နှက်နေခြင်းဟာ လွန်စွာအရုပ်ဆိုးအကျည်းတန်လှပါတယ်။ 

 

၎။ အလုပ်နဲ့ဆိုင်တဲ့ social event များတွင် ၂ ခွက်ထက်ပိုမသောက်ပါနဲ့ 

တစ်ချိန်မဟုတ်တစ်ချိန်တော့ သင့်ရဲ့ရုံးမှ ကြီးမှူးကျင်းပတဲ့ပျော်ပွဲရွှင်ပွဲများနဲ့ dinner များကို တတ်ရောက်ကြရနိုင်ပါတယ်။ ဒီလိုအချိန်ဟာ စိတ်ကို relax လုပ်၍ သင့်ရဲ့လုပ်ဖော်ကိုင်ဖက်များနဲ့အတူ ဘီယာ (သို့မဟုတ်) အရက်သောက်ရင်း ဆွေးနွေးမှုများ၊ စကားစမြည်ပြောဆိုမှုများပြုလုပ်နိုင်တဲ့အချိန်ဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက် ပိုမို၍ရင်းနှီးမှု ပိုမိုရရှိလာစေရန် အထောက်အကူဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် မိမိဟာ ဝန်ထမ်းအသစ်လည်းဖြစ်တဲ့အတွက် အလွန်အကျွံသောက်သုံးမှုပြုလုပ်ခြင်းကိုရှောင်ကြဉ်သင့်ပါတယ်။ ဒါဟာ မိမိရဲ့ alcohol ကို ခံနိုင်ရည်စွမ်း (alcohol tolerance) အပေါ်မူတည်နိုင်သော်လည်း အလုပ်နဲ့ပတ်သက်တဲ့ပွဲများတွင် အကောင်းဆုံးကတော့ ၂ ခွက်ထက်ပိုမိုသောက်သုံးခြင်းမပြုတာပါပဲ။ ဒါမှသာ ယစ်မူးမှုမရှိပဲ ပုံမှန်အတိုင်းစဉ်းစားတွေးခေါ်၍ စကားပြောဆိုမှုများကိုပြုလုပ်နိုင်မှာဖြစ်ပါတယ်။ 

 

၅။ တစ်ဦးကိုတစ်ဦးလေးစားပါ၊ ကောင်းမွန်စွာဆက်ဆံပါ။ 

လုပ်ငန်းခွင်အတွင်းရှိလုပ်ဖော်ကိုင်ဖက်များနဲ့ ဆက်ဆံရာတွင် “မိမိကို အခြားသူများမှ ဆက်ဆံစေလိုတဲ့ပုံစံအတိုင်းသာ အခြားသူများကို ပြုမူဆက်ဆံဖို့” လိုအပ်ပါတယ်။ ဆိုလိုသည်မှာ - သင့်ကိုရိုင်းစိုင်းစွာ အော်ဟစ်ပြောဆိုခြင်း၊ နောက်ပြောင်ခြင်း၊ အလေးမထားခြင်း၊ အစရှိတဲ့ အမူအကျင့်များဖြင့် ဆက်ဆံလာသည်ကို သင်လိုလားမှာမဟုတ်တဲ့အတွက် အခြားသူများအပေါ်လည်း ထိုသို့မပြုလုပ်မိပါစေနဲ့။ 

ထိုအစား ယဉ်ကျေးချိုသာစွာပြောဆိုခြင်း၊ စကားကိုတည်တည်တံ့တံ့ပြောဆိုခြင်း၊ အခြားသူများကို ဂရုစိုက်ခြင်း/ အလေးထားခြင်း အစရှိတဲ့အမူအကျင့်များကို မွေးမြူရမှာဖြစ်ပါတယ်။ ဒါဟာ လုပ်ငန်းခွင်တစ်ခုအတွင်းရှိ ဆက်ဆံမှုများတွင် အမြဲတမ်းလက်ကိုင်ထားရမယ့် စည်းမျဉ်းတစ်ခုဖြစ်ပြီး သာမန် Office ဝန်ထမ်းတစ်ဦးမှ CEO များအထိ ဒီအချက်ကိုအမြဲတမ်းလိုက်ကိုင်ထား၍ ကျင့်သုံးသွားရမှာဖြစ်ပါတယ်။ 

လုပ်ငန်းခွင်လောကအတွင်းတွင် လက်ရှိအလုပ်မှ မိမိရဲ့လုပ်ဖော်ကိုင်ဖက်ဖြစ်ခဲ့ဖူးသူများနဲ့ တစ်ချိန်မဟုတ်တစ်ချိန် ပြန်လည်၍တွေ့ဆုံလာရမှာဖြစ်တဲ့အတွက် တစ်ယောက်နဲ့တစ်ယောက် ရန်လိုငြိုးထားမှုများမရှိပဲ သင့်မြတ်စွာဆက်ဆံနိုင်ကြဖို့ဟာ အရေးကြီးလှပါတယ်လို့ပြောကြားရင်း ယခုတစ်ပတ်ဆောင်းပါးလေးကို နိဂုံးချုပ်လိုက်ပါတယ်။ 

 

ဒီ article လေးဟာ စာဖတ်သူတို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင်ပါတယ်
ကျေးဇူးတင်လျှက်
www.jobsinyangon.com 


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Sumitomo Mitsui Construction Co,.Ltd.

Sumitomo Mitsui Construction Co,.Ltd.

..To respond to widespread expectations toward the collective abilities of its merging partners to enhance social and living infrastructures, Sumitomo Mitsui Construction Co.,Ltd. (SMC) was born on Ap...
Show the postings (6)
Global Technology Co., Ltd (Global Net)

Global Technology Co., Ltd (Global Net)

Our speciality is providing complete solution and systems that work through the use of our outstanding design, unique client engagement model, procurement, project management, implementation and suppo...
Show the postings (75)
Fair Deal Co., Ltd

Fair Deal Co., Ltd

..Fair Deal Co., Ltd ....
Show the postings (1)
Titan Pest Management Co. Ltd.

Titan Pest Management Co. Ltd.

...Titan Pest is a full-services pest management company operating in Yangon since 2016 and specializing in urban pest management solutions. It is a subsidiary of the highly successful Killem Pest Pte...
Show the postings (1)
International Travel Asia Co., Ltd.

International Travel Asia Co., Ltd.

.International Travel Asia Co.,Ltd....
Show the postings (3)

Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS