Jobs In Myanmar
Load...

မြောက်ကိုရီးယားနှင့် ရုရှားမှ စပွန်စာပေးထားသော ဟက်ကာများ COVID-19 သုသေသီပညာရှင်များကို ပစ်မှတ်ထားနေ

by www.jobsinyangon.com


ချိတ်ဆွဲရန်စာတန်း: News-Russia-NorthKorea-Hackers-JobsInYangon



မြောက်ကိုရီးယားနှင့် ရုရှားမှ စပွန်စာပေးထားသော ဟက်ကာများ COVID-19 သုသေသီပညာရှင်များကို ပစ်မှတ်ထားနေ

 

ပြီးခဲ့တဲ့အပတ်အတွင်း Micorosft မှ ထုတ်ပြန်ခဲ့သော ကြေငြာချက်တစ်ရပ်အရ ရုရှားနှင့် မြောက်ကိုရီးယားအစိုးရများမှ အထောက်အပံ့ပေးထားလျှက် ရှိသော ဟက်ကာများဟာ COVID-19 ရောဂါကာကွယ်ဆေးနှင့် ကုထုံးများကို သုသေသနပြုလုပ်ခြင်းတွင် တိုက်ရိုက်ပါဝင်ပတ်သက်လျှက်ရှိနေသည့် ကုမ္ပဏီများကို ပစ်မှတ်ထားတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြပြီး အချို့သောအခြေအနေများတွင် အဆိုပါတိုက်ခိုက်မှုများ အောင်မြင်ခဲ့ကြောင်း သိရှိခဲ့ရပါတယ်။ 

Microsoft ရဲ့ သုံးစွဲသူလုံခြုံရေးနှင့် ယုံကြည်မှုဆိုင်ရာ Corporate Vice President ဖြစ်သူ Tom Burt မှ ပြောကြားခဲ့ရာတွင်တော့ များစွာသော clinical trial အဆင့်အသီးသီးကိုဖြတ်သန်းပြီးသော COVID-19 ကာကွယ်ဆေးထုတ်လုပ်နေသူကုမ္ပဏီများ၊  စမ်းသပ်မှုများပြုလုပ်ရာတွင် ပါဝင်ပတ်သက်နေသော clinical research အဖွဲ့အစည်းများ၊ COVID-19 စစ်ဆေးမှုများကို ဖန်တီးတည်ထောင်သူကုမ္ပဏီများအပြင် ကမ္ဘာတစ်လွှားရှိ COVID-19 နှင့်သက်ဆိုင်သော ကိစ္စရပ်များကို လုပ်ကိုင်နေသည့် အစိုးရအေဂျင်စီများနှင့် ဆက်စပ်နေသောအဖွဲ့အစည်းများထဲမှ ကုမ္ပဏီ ၇ခုခန့်ဟာ ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရသည်ဟု သိရှိခဲ့ရပါတယ်။ အဆိုပါပစ်မှတ်ထားခံခဲ့ရသော ကုမ္ပဏီများဟာ သတင်းများအရ အမေရိကန်၊ ကနေဒါ၊ ပြင်သစ်နှင့် တောင်ကိုရီးယားနိုင်ငံများတွင် အသီးသီးတည်ရှိနေသောကုမ္ပဏီများဖြစ်ကြပါတယ်။ 

Microsoft မှ ထုတ်ပြန်ခဲ့သော ကြေငြာချက်တွင်တော့ တိုက်ခိုက်မှုပြုလုပ်ခဲ့သော အဖွဲ့အစည်းများမှ အဓိကတစ်ဖွဲ့မှာ Strontium ဟူသည့်အဖွဲ့ဖြစ် ကြောင်းကို ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။ Strontium ဆိုသည်မှာ ရုရှားအစိုးရအဖွဲ့မှ ထောက်ပံ့ကူညီပေးထားသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး သူတို့ဟာ password spraying နဲ့ brute force login attack များကိုအသုံးပြု၍ server များကို များပြားလှသော credential များနဲ့ စမ်းသပ်ဝင်ရောက်ကာ မှန်ကန်သော credential များကို ခန့်မှန်းနိုင်ရန်အတွက် လုပ်ဆောင်ခဲ့ပါတယ်။ နောက်ထပ်အပေါင်းပါ ၂ ဖွဲ့ဟာတော့ Zinc နဲ့ Cerium တို့ဖြစ်ပြီး အဆိုပါအဖွဲ့များမှာ မြောက်ကိုရီးယားအစိုးရ၏ ထောက်ပံ့မှုကိုရရှိထားသောအဖွဲ့များဖြစ်ကြပါတယ်။ ၂ ဖွဲ့စလုံးဟာ spear phishing email များကို အသုံးပြုတိုက်ခိုက်လျှက်ရှိနေပြီး Zinc အဖွဲ့ရှိလူများဟာ အလုပ်အကိုင်ရှာဖွေပေးသူများအနေနဲ့ ဟန်ဆောင်ထားကြပြီး Cerium မှ သူများကတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ကိုယ်စားလှယ်များအနေနဲ့ ဟန်ဆောင်ထားပြီး တိုက်ခိုက်မှုများကို ပြုလုပ်လျှက်ရှိနေပါတယ်။ 

Burt မှ အဆိုပါ အဖွဲ့ ၃ ခုလုံးရဲ့လုပ်ဆောင်ချက်များအပေါ် မှတ်ချက်ပေးခဲ့ရာတွင်တော့ “ကျွန်ုပ်တို့ရဲ့ ထုတ်ကုန်များတွင် ပါဝင်ထည့်သွင်းထားသော security protection များဖြင့် အဆိုပါ တိုက်ခိုက်မှုများရဲ့အများစုကို ကာကွယ်နိုင်ခဲ့ပါတယ်။ ပစ်မှတ်ထားတိုက်ခိုက်ခံခဲ့ရသော အဖွဲ့အစည်းများ အားလုံးကိုလည်း အသိပေးမှုများပြုလုပ်ခဲ့ပြီး လုံခြုံမှုကျိုးပေါက်ခဲ့သောနေရာများတွင်လည်း အကူအညီများပေးအပ်လျှက်ရှိနေပါတယ်။” ဟူ၍ ပြောကြားသွားခဲ့ပါတယ်။ 

 

ဒီဆောင်းပါးလေးဟာ စာဖတ်သူပရိသတ်တို့အတွက် ဗဟုသုတတိုးစေလိမ့်မယ်လို့မျှော်လင့်ပါတယ်။ 
ကျေးဇူးတင်လျှက်
www.jobsinyangon.com


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


La Pyae Wun Co.,Ltd

La Pyae Wun Co.,Ltd

Our company vision is to develop our work efforts in real estate managements and construction. In which we solely believe that the key to success is having a goal and effectively working everyday to r...
Show the postings (11)
Diebold Nixdorf Myanmar Ltd

Diebold Nixdorf Myanmar Ltd

With a population of nearly 54 million people, Myanmar has huge growth potential in the banking sector as it expands its services outside of Yangon to more rural areas where it is estimated that more ...
Show the postings (4)
KT Group

KT Group

Our Group Vision “To be a world class organisation nurturing and encouraging the talents of our people who enable us to grow a thriving business committed to building a modern and transparent Mya...
Show the postings (1)
AA Medical Products

AA Medical Products

Our headquarters office is in Yangon and we have the branch offices in Mandalay, Myintkyina, Mawlamyine, Taunggyi, Lashio, Magwe, Sittwe, Kalay, Meik, Dawei, Pathein and Nay Pyi Taw.We have over 700 e...
Show the postings (68)
Power Light Co.,Ltd

Power Light Co.,Ltd

...Power Light was incorporated with the vision of providing customers with highest quality lighting products and consultation services at best cost efficient solution in Myanmar. In order to be the l...
Show the postings (15)

Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS