Jobs In Myanmar
Load...

ရုရှားနိုင်ငံမှ ပထမဆုံး ပင်လယ်အောက် Fiber Optic Cable ကို သွယ်တန်းမှုပြုလုပ်ခဲ့

by www.jobsinyangon.com


ချိတ်ဆွဲရန်စာတန်း: News-Russia-FiberOptics-Artic-JobsInYangon



ရုရှားနိုင်ငံမှ ပထမဆုံး ပင်လယ်အောက် Fiber Optic Cable ကို သွယ်တန်းမှုပြုလုပ်ခဲ့ 

 

ရုရှားနိုင်ငံတွင် ဩဂုတ်လ ၆ ရက်နေ့ကစတင်ကာ နိုင်ငံပိုင်ပရောဂျက်တစ်ခုအနေဖြင့် မြန်နှုန်းမြင့်အင်တာနက်ကို ရုရှားနိုင်ငံမြောက်ပိုင်း Hydrocarbon ကြွယ်ဝသောဒေသများတွင် ရရှိနိုင်ရန်အတွက် ရုရှားရဲ့ ပထမဆုံးသော ပင်လယ်အောက် Fiber Optic Communications Cable ကို အာတစ်ဒေသအားဖြတ်သန်း၍ စတင်တည်ဆောက်မှုများပြုလုပ်နေပြီဖြစ်ကြောင်း Reuters သတင်းဌာနမှ သတင်းတစ်ပုဒ်အရ သိရှိရပါတယ်။ 

Moscow ဟာ သူတို့ရဲ့စစ်တပ်များထားရှိထားတဲ့ မြောက်ဖျားပိုင်းဒေသများရှိ ဆက်သွယ်ရေးစနစ်များကောင်းမွန်မှုရှိစေရန်နှင့် မြောက်ပိုင်းပင်လယ်လမ်းကြောင်းကို အဓိက ကုန်စည်ကူးသန်းရာ လမ်းကြောင်းတစ်ခုဖြစ်လာစေရန် ရည်ရွယ်၍ လုပ်ဆောင်လျှက်ရှိနေပါတယ်။ 

၂၀၂၆ ခုနှစ်တွင် အပြီးသတ်နိုင်လိမ့်မည်ဟု ခန့်မှန်းရတဲ့ အဆိုပါ cable link ဟာ ၁၂,၆၅၀ ကီလိုမီတာ (မိုင်ပေါင်း ၇,၈၆၀) ကို ဖြတ်သန်း၍ ရရှားနိုင်ငံရဲ့ ရှည်လျှားတဲ့မြောက်ပိုင်းကမ်းခြေများကို Barents ပင်လယ်ပေါ်ရှိ Teriberka ရွာမှ အရှေ့ဖျားပိုင်းရှိ Valdivostok ဆိပ်ကမ်းအထိ သွယ်တန်းသွားမှာဖြစ်ပါတယ်။ 

“Polar Express” ဟု အမည်ပေးထားတဲ့ အဆိုပါပရောဂျက်ကို နိုင်ငံပိုင်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Morsviazsputnik မှ အာတစ်ဒေသရှိ ဆိပ်ကမ်းမြို့များ၊ Kamchatka ပင်လယ်အော်နှင့် Sakhalin ဒေသများတွင် တည်ငြိမ်သောအင်တာနက်ကိုရရှိအသုံးပြုနိုင်ရန်အတွက် operate ပြုလုပ်ပေးသွားမှာဖြစ်ပြီး ကေဘယ်လ်ကြိုးထုတ်လုပ်မှုနှင့် တပ်ဆင်မှုကုမ္ပဏီတစ်ခုရဲ့ အကြီးအကဲဖြစ်သူ Alexei Strelchenko ကတော့ အဆိုပါပရောဂျက်ဟာ ရုရှားငွေ ၆၅ ဘီလျံ (ကန်ဒေါ်လာ ၈၈၉ သန်း) ကျသင့်မှာဖြစ်ပြီး ကျသင့်ငွေအားလုံးကို ရရှားနိုင်ငံမှ အကုန်အကျခံပေးအပ်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ 

 

ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။ 
ကျေးဇူးတင်လျှက် 
www.jobsinyangon.com


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


PMJ Company Limited

PMJ Company Limited

Pocari Sweat

Pocari Sweat

.POCARI SWEAT is similar with the composition of body fluids that containing electrolytes. Therefore, it can be absorbed by the body faster and better than ordinary drinking water. It can help to prev...
Show the postings (1)
Mya Kyar Khine Co., Ltd

Mya Kyar Khine Co., Ltd

..Mya Kyar Khine Company Limited was established in 1997 and started distributing Paul Mitchell Professional Hair Care Products (U.S.A) to the Myanmar market. Then, Depilève Waxing and Paraffin Produ...
Show the postings (5)
IMYANMARHOUSE CO.,LTD.

IMYANMARHOUSE CO.,LTD.

.We publish monthly property magazines since May 2015 and 13 property related books so far.iMyanmarHouse.com is the market leader of Myanmar Real Estate online platform that connects buyers, real esta...
Show the postings (11)
Phee Int'l Shipping Myanmar Ltd

Phee Int'l Shipping Myanmar Ltd

MISSION: To provide all our customers an integrated one-stop platform to simplify their logistics management and carter to their total cargo and lifestyle logistics needs. VISION: To be the P...
Show the postings (8)

Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS