Jobs In Myanmar
Load...

Samsung မှ သူတို့ရဲ့ default app များတွင် ကြော်ငြာများထည့်သွင်းထားခြင်းကို ဖယ်ရှားပေးခဲ့

by www.jobsinyangon.com


ချိတ်ဆွဲရန်စာတန်း: News-Samsung-Stopped-Ads-JobsInYangon



Samsung မှ သူတို့ရဲ့ default app များတွင် ကြော်ငြာများထည့်သွင်းထားခြင်းကို ဖယ်ရှားပေးခဲ့

 

Samsung မှ သူတို့ရဲ့ default app များဖြစ်တဲ့ Samsung Weather, Samsung Pay နှင့် Samsung Theme တို့တွင်ကြော်ငြာများကိုပြဿနေခြင်းအား ရပ်ဆိုင်းသွားတော့မှာဖြစ်တယ်လို့အတည်ပြုပြောကြားသွားခဲ့ပါတယ်။

၎င်းရဲ့ Mobile Chief ဖြစ်သူ TM Roh မှလည်း Samsung ရဲ့ internal town hall meeting တွင် - “Samsung Weather, Samsung Pay နှင့် Samsung Theme တို့အပါအဝင် Samsung ရဲ့ proprietary app များတွင် ကြော်ငြာများကိုပြသခြင်းကို ရပ်ဆိုင်းလိုက်ဖို့အတွက် Samsung မှ ဆုံးဖြတ်ချက်ချမှတ်လိုက်ပြီဖြစ်ပါတယ်။” ဟူ၍ ပြောကြားခဲ့ပြီး The Verge သို့ ပြောကြားခဲ့တဲ့ အတည်ပြုချက်အရ “အဆိုပါ update ဟာ ယခုနှစ် နှစ်ကုန်ပိုင်းခန့်တွင် ထွက်ရှိလာမှာဖြစ်တယ်” လို့ သိရှိရပါတယ်။

“ဆန်းသစ်မှုရှိတဲ့ Mobile Experience များကို ကျွန်ုပ်တို့အသုံးပြုသူများရဲ့ လိုအပ်ချက်နဲ့ လိုချင်မှုများအပေါ်မူတည်၍ ပေးစွမ်းနိုင်ရန်ဟာ ကျွန်ုပ်တို့ရဲ့ ဦးစားပေးရည်ရွယ်ချက်ပဲဖြစ်ပါတယ်။” “အသုံးပြုသူများထံမှ ဝေဖန်အကြံပြုချက်များကိုလည်း တန်ဖိုးထားပြီး ကျွန်ုပ်တို့ရဲ့ Galaxy ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကိုအသုံးပြုရာတွင် အကောင်းဆုံးအတွေ့အကြုံများကို ရရှိနိုင်ကြရန်အတွက် ဆက်လက်၍ ကြိုးစားသွားပါမယ်။” ဟူ၍လည်း ကုမ္ပဏီမှပြောဆိုခဲ့ပါတယ်။ Samsung မှ အဆိုပါ software များပေါ်ရှိ ကြော်ငြာများထည့်သွင်းနေမှုကို ဖယ်ရှားရန် update ပြုလုပ်ပေးမည့်ရက်အတိအကျကို ထုတ်ဖော်ပြောကြားသွားခြင်းမရှိသေးသော်လည်း Korea သတင်းဌာနတစ်ခုဖြစ်တဲ့ Yonhap ရဲ့ သတင်းတစ်ပုဒ်အရ အဆိုပါအပြောင်းအလဲကို မကြာမှီထွက်ရှိလာမည့် One UI software update နှင့်အတူ ထုတ်လွှင့်ပေးသွားဖို့ရှိနေပါတယ်။

 

ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။ 
ကျေးဇူးတင်လျှက် 
www.jobsinyangon.com 


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Min Zar Ni Group of Companies

Min Zar Ni Group of Companies

The group engaed in Sourcing, Processing and Marketing all varieties of fresh Frozen Seafood to the international markets. The first pioneer plant was established in 1995 in Yangon and at the present ...
Show the postings (2)
Pocari Sweat

Pocari Sweat

.POCARI SWEAT is similar with the composition of body fluids that containing electrolytes. Therefore, it can be absorbed by the body faster and better than ordinary drinking water. It can help to prev...
Show the postings (1)
DHL Global Forwarding Myanmar

DHL Global Forwarding Myanmar

Vision: Our Purpose Our Guiding Principle Our Customer PromiseDHL Global Forwarding Myanmar was opened in August 2013 and is providing freight forwarding services, international supply chain servic...
Show the postings (2)
Anawmar Art Group Co., Ltd.

Anawmar Art Group Co., Ltd.

LOTTE MGS Beverage Co.,Ltd

LOTTE MGS Beverage Co.,Ltd

Lotte Group’s mission : “ We enrich people’s lives by providing superior products and services that our customers love and trust.”LOTTE MGS Beverage (Myanmar) Co., Ltd was incorporated in the ...
Show the postings (5)

Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS