Jobs In Myanmar
Load...

ရည်မှန်းချက်များအတိုင်း ရရှိအောင်မြင်အောင်ဆောင်ရွက်နိုင်စေဖို့ ရိုးရှင်းတဲ့ အဆင့် (၇) ဆင့်

by www.jobsinyangon.com


ချိတ်ဆွဲရန်စာတန်း: Knowledge-Goals-Achieving-Steps-JobsInYangon



ရည်မှန်းချက်များအတိုင်း ရရှိအောင်မြင်အောင်ဆောင်ရွက်နိုင်စေဖို့ ရိုးရှင်းတဲ့ အဆင့် (၇) ဆင့် 

 

မိမိတို့ရဲ့ ရည်မှန်းချက်ပန်းတိုင်များကို သတ်မှတ်ထားဖို့ဟာ အလွန်အရေးကြီးတဲ့အချက်တစ်ခုဖြစ်ကြောင်းကို ကျွန်ုပ်တို့အားလုံး သိရှိထားပြီးသားဖြစ်ကြမှာပါ . . . ဒါပေမယ့် အဆိုပါရည်မှန်းချက်ပန်းတိုင်များသို့ အမှန်တကယ် ရောက်ရှိနိုင်ရန်အတွက် ဒီကဲ့သို့ရည်မှန်းချက်ပန်းတိုင်များသတ်မှတ်ခြင်းဟာ ပထမဆုံးအဆင့်ပဲရှိပါသေးတယ်။ 

ရည်မှန်းချက်ပန်းတိုင်များကို သတ်မှတ်နိုင်ရန်အတွက် သင့်အနေနဲ့ ဘယ်လိုနေရာမျိုးတွင် အောင်မြင်မှုများကို ရရှိလိုသလဲဆိုတာကို အရင်ဦးစွာဆုံးဖြတ်ရမှာဖြစ်ပြီး ၎င်းတို့ကိုချရေးထားဖို့လိုအပ်မှာဖြစ်ပါတယ်။ မိမိတို့ရဲ့ ရည်မှန်းချက်ပန်းတိုင်များကို သတ်မှတ်နိုင်ရန်အတွက်မှာ ချရေးလိုက်ရုံသာဖြစ်တဲ့အတွက် လွယ်ကူလှပါတယ်။ 

ဒါပေမယ့် ဒီရည်မှန်းချက်များအတိုင်း ရရှိအောင်မြင်အောင် သင့်အနေနဲ့ ဆောင်ရွက်လိုတယ်ဆိုရင်တော့ . . . ကြိုးစားအားထုတ်မှုများကို ပြုလုပ်ပေးဖို့လိုအပ်လာပြီပဲဖြစ်ပါတယ်။ ဒီအဆင့်မှာတော့ လက်တွေ့အသုံးချခြင်းနှင့် လက်တွေ့ဆောင်ရွက်ခြင်းတို့ကို ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။ 

ရည်မှန်းချက်ပန်းတိုင်များရဲ့ အရေးပါပုံနဲ့ ဘဝတွင်အောင်မြင်မှုနှင့် ပျော်ရွှင်မှုရရှိရေးတို့ရဲ့ ဆက်စပ်နေပုံများ အကြောင်းကိုရေးသားထားတဲ့ဆောင်းပါးများစွာလည်း များစွာထွက်ရှိခဲ့ပြီးဖြစ်ကာ လုပ်ငန်းရှင်များဖြစ်တဲ့ စာဖတ်သူတို့ဟာ မိမိတို့ရဲ့ရည်မှန်းချက်များကို ရရှိအောင်မြင်အောင် လက်တွေ့ဆောင်ရွက်နိုင်ဖို့က ဘယ်လောက်အထိအရေးကြီးသလဲဆိုတာကို သိရှိကြပြီးဖြစ်လောက်မှာပါ။ 


ဒါပေမယ့် ဒီအချက်များကို ကျွန်ုပ်တို့ရဲ့နေ့စဉ်ဘဝများတွင် လိုက်နာကျင့်သုံးမှုပြုလုပ်ကြပါရဲ့လား? 

ကျွန်ုပ်တို့အနေနဲ့ကတော့ ကျွန်ုပ်တို့ရဲ့ရည်မှန်းချက်များကို အောင်မြင်စွာရယူနိုင်ဖို့အတွက် အောက်ပါအဆင့် (၇) ဆင့်ကို ပြုလုပ်လေ့ရှိပါတယ်။ ဒီအဆင့်များအတိုင်းလေ့ကျင့်သွားနိုင်ပါက စာဖတ်သူတို့အနေနဲ့လည်း မိမိတို့ရည်မှန်းထားတဲ့အတိုင်း အောင်မြင်မှုများကို ရရှိအောင်ဆောင်ရွက်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ် - 


၁။ မိမိတို့ရဲ့ ရည်မှန်းချက်များကို ချရေးထားပါ။ 

မိမိတို့စိတ်ကူးထားတဲ့ ရည်မှန်းချက်များကို စာရွက်တစ်ရွက်ပေါ်တွင် ချရေးထားလိုက်ပါ။ ဒီအရာက သင့်ရဲ့ရည်ရွယ်ချက်များကို အတည်ပြုလိုက်တာဖြစ်ပြီး။ ဒီလိုမျိုး မိမိတို့ရဲ့ရည်ရွယ်ချက်များကို ချရေးထားလိုက်ခြင်းဟာ မိမိရဲ့ ရည်မှန်းချက်ဆီသို့ ရောက်ရှိနိုင်ရန်အတွက် သင်ပြုလုပ်ရမယ့်အလုပ်များနဲ့ ကတိကဝတ်များကို မသိစိတ်မှလက်ခံလာစေဖို့အတွက် တွန်းအားပေးလိုက်ခြင်းပဲဖြစ်ပါတယ်။ 

မိမိတို့ရဲ့ ရည်မှန်းချက်များကို တစ်ကြိမ်ထက်ပို၍ ချရေးဖို့အတွက်လည်း တိုက်တွန်းလိုပါတယ်။ သင့်ရဲ့ တစ်နေ့တာအတွင်း အာရုံစူးစိုက်မှုရှိစေရန်အတွက် အနည်းဆုံး မနက်ခင်းနိုးထချိန်တွင် နေ့စဉ် မိမိတို့ရဲ့ရည်မှန်းချက်များကို ချရေးသွားလိုက်ပါ။ 


၂။ နောက်ဆုံးထား၍ လုပ်ဆောင်ရမည့်အချိန် (Deadline) ကို သတ်မှတ်ပါ။ 

သင့်ရဲ့ ရည်မှန်းချက်ထံသို့ အပြီးသတ်ရောက်ရှိနိုင်မယ့် နေ့တစ်နေ့ကို သတ်မှတ်ထားလိုက်ပါ။ 

သင့်ရဲ့ရည်မှန်းချက်ဟာ ကြီးမားပြီး ရှုပ်ထွေးတဲ့ စိန်ခေါ်မှုတစ်ခုဖြစ်ပါက ၎င်းတို့ကို သေးငယ်သောအဆင့်များအဖြစ် ခွဲထုတ်ပြီး အဆင့်တစ်ဆင့်စီတိုင်းအတွက် Deadline များကို သတ်မှတ်ထားလိုက်ပါ။ ပြီးနောက် ဒီအရေးကြီးတဲ့ နေ့ရက်များကို သင့်ရဲ့ ဒိုင်ယာရီ (သို့) ကွန်ပျူတာထဲက Planner တစ်ခုခုအတွင်းသို့ ထည့်သွင်းထားလိုက်ပါ။ 


၃။ မိမိတို့ရဲ့ စိတ်နေစိတ်ထား (Mindset) ကို ပြုပြင်ပါ။ 

မိမိရဲ့ ပထမဆုံးရည်မှန်းချက်ကို စတင်အကောင်အထည်ဖော်ခြင်းမပြုမှီတွင် သင့်အနေနဲ့ မိမိရဲ့ mindset ကို စတင်ပြင်ဆင်မှုပြုလုပ်နိုင်ပါတယ်။ သင့်ရဲ့ရည်မှန်းချက်များကို ဘယ်လိုအောင်မြင်အောင်ဆောင်ရွက်နိုင်မလဲ ဆိုတာနဲ့ပတ်သက်တဲ့ သင့်ရဲ့ထင်မြင်ယူဆချက်များအပါအဝင် သင့်ဘဝထဲရှိ အရာရာတိုင်းအတွက် အကောင်းမြင်စိတ်ကိုမွေးမြူပေးထားရပါမယ်။ 

စိတ်ကူးဉာဏ်ရင့်သန်လာစေမည့် စာအုပ်များကိုဖတ်ရှုပါ၊ အခြားသော တက်ကြွမှုရှိတဲ့သူများနဲ့ မိတ်ဆွေဖွဲ့ပါ၊ နောက်ပြီး မိမိရဲ့ စွမ်းဆောင်ရည်များအပေါ်တွင် အပြည့်အဝယုံကြည်ထားလိုက်ပါ။ အခွင့်အရေးကြုံလာတိုင်း မိမိရဲ့ စိတ်နေစိတ်ထားကိုပြင်ဆင်နိုင်ဖို့လုပ်ဆောင်ပေးပါ။ ဒီအရာများကို သင့်ရဲ့ တစ်ဘဝတာလုံးတွင် ဆက်လက်လုပ်ဆောင်သွားရမှာဖြစ်ပါတယ်။ 


၎။ မိမိရဲ့ ကျွမ်းကျင်မှု (Skillset) ကို မြှင့်တင်ပါ။ 

ဖြစ်နိုင်တာကတော့ သတ်မှတ်လိုက်တဲ့ ရည်မှန်းချက်အသစ်တစ်ခုဟာ ကျွမ်းကျင်မှုအသစ်တစ်ခုခု (သို့) မိမိတို့ရဲ့ တစ်ကိုယ်ရည်တိုးတက်မှုပုံစံတစ်မျိုးမျိုးကို လိုအပ်နေနိုင်ပါတယ်။ သင့်အနေနဲ့ ဘယ်လိုအသိပညာအသစ်များကို လိုအပ်သလဲ (သို့) ဘယ်လိုကျွမ်းကျင်မှုအသစ်များကို သင်ယူဖို့ လိုအပ်သလဲဆိုတာကို ရှာဖွေဖော်ထုတ်ပြီး အဆိုပါ အသိပညာအသစ်ကိုရရှိနိုင်မယ့် အကောင်းဆုံးသောနေရာများကိုရှာဖွေဖော်ထုတ်ကာ သင်လိုအပ်မယ့် အရင်းအမြစ်များကို ရရှိနိုင်ရန်အတွက် အမျှော်အမြင်ရှိစွာ ရင်းနှီးမြှုပ်နှံမှုများကို ပြုလုပ်သွားလိုက်ပါ။ 


၅။ ပထမဆုံးခြေလှမ်းကို စလှမ်းလိုက်ပါ။ 

တုန့်နှေးတွန့်ဆုတ်နေခြင်း မရှိဖို့ဟာ အရေးကြီးလှပါတယ်။ အမှန်တကယ်စတင်လုပ်ဆောင်ဖို့ လိုအပ်လာတဲ့အခါမှာ ရည်မှန်းချက်အများစုဟာ ဘေးချော်သွားတတ်ပါတတယ်။ သင့်အနေနဲ့ အရာအားလုံး ပြီးပြည့်စုံမယ့်အချိန်အထိ စောင့်နေဖို့မလိုအပ်ပါဘူး။ စတင်လုပ်ဆောင်သင့်တဲ့အချိန်မှာ ချက်ခြင်းလုပ်ဆောင်ပြီးနောက် လမ်းကြောင်းတစ်လျှောက်တွင်လိုအပ်တဲ့ ချိန်ညှိမှုများကို ပြုလုပ်သွားလိုက်ပါ။ ဒါကြောင့် . . . ပထမဆုံးခြေလှမ်းကို ယခုပဲစလှမ်းလိုက်ပါ။ 


၆။ ပြီးမြောက်တဲ့အထိ ဆက်လက်ဆောင်ရွက်ပါ။ 

သင့်ရဲ့ရည်မှန်းချက်များအတိုင်း ပြီးပြည့်စုံ၍ ပြီးမြောက်အောင်မြင်စွာဆောင်ရွက်နိုင်ဖို့ဟာ ချောမွေ့ပြီးရိုးရှင်းနေမှာတော့မဟုတ်ပါဘူး။ ဒါကြောင့် သင့်အနေနဲ့ ပထမဆုံးအကြိမ် (သို့မဟုတ်) ဆက်တိုက် အခက်အခဲများနဲ့တွေ့ကြုံလာရတဲ့အခါ လက်မြှောက်ပြီး အရှုံးမပေးလိုက်ပါနဲ့။ 

အမြဲတမ်း အဆုံးသတ်တွင်ရရှိလာနိုင်တဲ့ရလာဒ်များကို အာရုံစိုက်ထားပြီး မိမိတို့ရဲ့ စိတ်အားတက်ကြွမှုကို မြှင့်တင်ကာ ရှေ့သို့ဆက်တိုးလိုက်ပါ။ သင်ကြုံတွေ့ရတဲ့အခက်အခဲတိုင်းကို သင်ယူလေ့လာမှုပြုလုပ်ရန်နှင့် ပိုမို၍ တိုးတက်မှုရှိလာစေရန် အခွင့်အလမ်းများအဖြစ် မှတ်ယူထားလိုက်ပါ။ 

နေ့တစ်နေ့အတွင်းတွင် သင့်ရဲ့ရည်မှန်းချက်သို့ ရောက်ရှိနိုင်ရန် ကူညီပေးနိုင်မယ့်အရာတစ်ခုလောက်တော့ အနည်းဆုံးပြုလုပ်ပေးသင့်ပါတယ်။ ဒီလိုအမြဲတမ်းရှေ့သို့တိုးတက်မှုရှိစေရန် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များကို မိမိရဲ့ရည်မှန်းချက်များ မပြီးမြောက်မှီအထိ ဆက်လက်ဆောင်ရွက်သွားလိုက်ပါ။ 

 

၇။ မိမိကိုယ်ကို ဆုချပါ။ 

သင့်ရဲ့ရည်မှန်းချက်များကို ပြီးမြောက်အောင်ဆောင်ရွက်နိုင်တဲ့အခါမှာ ဒီအောင်မြင်မှုအတွက် မိမိကိုယ်ကို ဆုချပေးဖို့လည်းလိုအပ်ပါသေးတယ်။ မိမိရဲ့အောင်မြင်မှုများကိုပြန်လည်ကြည့်ရှုပြီး ဒီအောင်မြင်မှုမှ ဆောင်ကြဉ်းပေးလာတဲ့ စိတ်ကျေနပ်မှုကို ခံစားလိုက်ပါ။ ဒီလိုပြုလုပ်ပေးခြင်းဟာ သင့်ရဲ့မသိစိတ်ကို အောင်မြင်မှုရှိတဲ့ရလာဒ်များရရှိစေနိုင်မယ့် လုပ်ဆောင်ချက်များအပေါ် ပိုမို၍အာရုံစိုက်လာစေဖို့အတွက် လေ့ကျင့်ပေးလိုက်တာဖြစ်ပါတယ်။ 


မိမိကိုယ်ကို ဆုချပြီးပြီဆိုရင်တော့ နောက်ထပ်ပိုမိုကြီးမားတဲ့ရည်မှန်းချက်တစ်ခုကို ချမှတ်ပြီး တစ်ခုပြီးတစ်ခု ဆက်လက်ဆောင်ရွက်သွားလိုက်ပါ။ 

ကျွန်ုပ်ထံတွင် မည်သို့သောရည်မှန်းချက်များရှိနေပါစေ ဒီအရာများကိုအောင်မြင်အောင် ဆောင်ရွက်နိုင်ဖို့အတွက် သင့်အနေနဲ့ အာရုံစူးစိုက်မှုရှိနေရမှာဖြစ်ပါတယ်။ သင့်ရဲ့ရည်မှန်းချက်များကို သတ်မှတ်ပြီး အမြဲတမ်းရရှိအောင်မြင်အောင် ဆောင်ရွက်နိုင်စေရန်အတွက် အထက်ဖော်ပြပါ အခြေခံအချက်များကို သိရှိနားလည်သဘောပေါက်ပြီး လိုက်ပါလုပ်ဆောင်သွားနိုင်ဖို့လိုအပ်ပါတယ်။ စာဖတ်သူတို့ချမှတ်လိုက်တဲ့ ရည်မှန်းချက်များကို အကောင်းဆုံးနဲ့ အမြန်ဆုံး အောင်မြင်စွာဆောင်ရွက်နိုင်ကြပါစေလို့ www.jobsinyangon.com ကနေ တောင်းဆုပြုရင်း ဒီဆောင်းပါးလေးကို နိဂုံးချုပ်လိုက်ပါရစေ . . .။ 


ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ် 
ကျေးဇူးတင်လျှက်
www.jobsinyangon.com


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


MalarMyaing Public Company Limited

MalarMyaing Public Company Limited

To become a total solution provider in Myanmar Agribusiness and ultimately uplifting the well-being of every stakeholder in the whole industry. တောင်သူလယ်သမားများ...
Show the postings (18)
V Net - Mandalay Internet Service Provider

V Net - Mandalay Internet Service Provider

Vision and Mission Call us rebels, but we strongly believe every home and business in Myanmar should have fast, affordable and reliable access to the internet. No compromise, no barriers, no fuss.So ...
Show the postings (33)
Supreme Group Of Companies

Supreme Group Of Companies

Our Mission To deliver Professional Services that meet and exceed Clients expectations. To maintain a high level of professional Standing and Integrity that is above reproach. To establish a mutual...
Show the postings (26)
SUPER SEVEN STARS CO., LTD

SUPER SEVEN STARS CO., LTD

We aspire to be the most successful retailer of automobiles by providing the best customer experience in every market we operate.By 2015, Super Seven Stars Co., Ltd is representing Kia, Peugeot, Ssang...
Show the postings (71)
Titan Pest Management Co. Ltd.

Titan Pest Management Co. Ltd.

...Titan Pest is a full-services pest management company operating in Yangon since 2016 and specializing in urban pest management solutions. It is a subsidiary of the highly successful Killem Pest Pte...
Show the postings (1)

Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS