Jobs In Myanmar
Load...

အင်တာနက်မျှဝေအသုံးပြုမှု (SIA)

by www.jobsinyangon.com


ချိတ်ဆွဲရန်စာတန်း: Knowledge-IT-Internet-General-JobsinYangon



အင်တာနက်မျှဝေအသုံးပြုမှု (SIA)

 

အင်တာနက်မျှဝေအသုံးပြုမှု (SIA) ရဲ့ နောက်ကွယ်က အယူအဆကတော့ သုံးစွဲသူ တွေဟာ ငွေကြေးကုန်ကျမှု သက်သာစေဖို့အတွက် ဝန်ဆောင်မှုတစ်ခုကို ဝေမျှအသုံးပြုခြင်းဘဲ ဖြစ်ပါတယ်။ ဆိုလိုသည်မှာ Internet Connection တစ်ခုကို အသုံးပြုသူတွေက ချိတ်ဆက်အသုံးပြုပြီး အဲ့ဒီလိုအသုံးပြုဖို့အတွက် ကျသင့်ငွေကို သူတို့အကြား ခွဲဝေအကုန်အကျခံတာဘဲ ဖြစ်ပါတယ်။

သူတို့ရဲ့ ဈေးကွက်ဖော်ဆောင်ရေး လုပ်ဆောင်ချက်တွေမှာ SIA Provider တွေဟာ Bandwidth အမြန်နှုန်းကို အသုံးပြုပြီး သုံးစွဲသူတွေကို ဆွဲဆောင်ကြပါတယ်။ ဒါပေမယ့် အဲ့ဒီကြော်ငြာထားတဲ့ မြန်နှုန်းတွေဟာ အမြင့်ဆုံးရနိုင်ချေတွေဘဲဖြစ်ပါတယ် (“10 Mbps အထိ ရရှိနိုင်တယ်” ဆိုတဲ့ စကားစုမျိုးကို ကြည့်ပါ။) ဝင်ရောက်သုံးစွဲမှုက မျှဝေထားတာဖြစ်တဲ့ အတွက် ရရှိနိုင်တဲ့ အမြန်နှုန်းဟာ တစ်ပြိုင်တည်းအသုံးပြုသူ အားလုံးအကြားမှာ ခွဲခြမ်းမျှဝေထားတာဖြစ်ပါတယ်။ Provider တွေကတော့ အားလုံးက ဖိုင်အကြီးစားတွေကို Upload သို့ Download လုပ်နေမှာ မဟုတ်ပါ၊ Video Streaming တွေ Web Conferencing တွေကို တစ်ချိန်တည်းမှာ လုပ်နေမှာမဟုတ်ပါဆိုတဲ့ အချက်အပေါ်မှာ အခြေခံကြော်ငြာကြပါတယ်။  ဒါပေမယ့် တကယ့်လက်တွေ့မှာတော့ bandwidth အမြန်နှုန်းဟာ အသုံးပြုသူအားလုံးဘာလုပ်နေလဲ ဆိုတဲ့အပေါ်မှာမူတည် ပါတယ်။ အကယ်၍ အခြားသုံးစွဲသူအများစုက သင်နဲ့ တစ်ပြိုက်နက်တည်း အသုံးပြုနေတယ်ဆိုရင်တော့ သင့်ရဲ့ Speed ကလည်း နှေးနေမှာဖြစ်ပါတယ်။

ဒီပုံစံက Residentail Broadband တွေအတွက် အလုပ်ဖြစ်ရတဲ့ အကြောင်းအရင်းက တော့ သုံးစွဲသူတွေဟာ အရေးကြီးတဲ့ အွန်လိုင်းလုပ်ဆောင်ချက်တွေကို နည်းနည်းပါးပါး ဘဲ လုပ်ဆောင်ကြလို့ဖြစ်ပါတယ်။  သူတို့အနေနဲ့ ထစ်နေတဲ့ VoIP calls တွေ၊ ဗီဒီယို Content တွေကြည့်နေရင်း ရပ်သွားတာတွေ ၊ သူတို့နှစ်သက်တဲ့ Websites တွေကိုဝင်ရောက်ကြည့်ရှု့ဖို့ အတွက် ခက်ခဲနှေးကွေးတာတွေကြုံရနိုင်ပေမယ့် ဈေးနည်းတဲ့ အင်တာနက်ကို အသုံးပြုနေတာဖြစ်တဲ့အတွက် အများစုအတွက်တော့ ဒီအရာတွေကိုသည်းခံရတာက တန်ပါတယ်။

ဈေးပေါပေမယ့် ဒီလို Connection တွေက လုပ်ငန်း(စီးပွါးရေး)နဲ့ ပတ်သက်ပြီး အသုံးပြုသူတွေအတွက် မှားယွင်းတဲ့ စီးပွါးရေး ဆုံးဖြတ်ချက် တစ်ခုဖြစ်နေတတ်ပါတယ်။ သင့်အနေနဲ့ သင့်ရဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေဟာ မိနစ်အလိုက်ပြောင်းလဲနေတဲ့ သို့မဟုတ် တစ်ပြိုင်နက်တည်း အသုံးပြုသူတွေ များလာတဲ့အခါမှာ ကွန်ရက်ဆိုင်ရာ ပြဿနာတွေရှိလာနိုင်တဲ့ ဝန်ဆောင်မှုမျိုးနဲ့ အဆင်ပြေနိုင်ပါ့မလားဆိုတာကို ဆန်းစစ်ရမှာ ဖြစ်ပါတယ်။ အချို့ကုမ္ပဏီတွေကတော့ အဲ့ဒီလိုဖြစ်တာတွေကို ရှောင်ရှားနိုင်ဖို့အတွက် မြန်နှုန်းတွေ ပိုမိုဝယ်ယူခြင်း (သူတို့လိုအပ်တာထက်ပိုပြီး ဝယ်ယူခြင်း)အားဖြင့် အသုံးပြုသူတွေများတဲ့ အချိန်တွေမှာ လိုင်းနှေးကွေးမှုတွေမဖြစ် အောင်ပြုလုပ်ကြပါတယ်။ ဒါပေမယ့် SIA မှာဖြစ်နေကျ ခန့်မှန်းလို့မရနိုင်တဲ့ စွမ်းဆောင်မှုတွေက သင့်ရဲ့ဝန်ထမ်းတွေကို စိတ်တို၊စိတ်ပျက်စေနိုင်ပြီး အလုပ်ပြီး မြောက်နိုင်စွမ်းအပေါ်မှာ သက်ရောက်မှုရှိနိုင်ပါတယ်။

အင်တာနက်မျှဝေအသုံးပြုမှု (SIA) တွေမှာ ရရှိတတ်တဲ့ နည်းပညာပိုင်းဆိုင်ရာ အထောက်အပံ့တွေဟာလည်း လုပ်ငန်း(စီးပွါးရေး)အတွက် အသုံးပြုသူတွေအတွက် မလုံလောက်တာမျိုးဖြစ်နိုင်ပါတယ်။ စာချုပ်တွေဟာ များသောအားဖြင့် “အကောင်းဆုံး ကြိုးစားမှု” အပေါ်မှာ အခြေခံပြီး စီမံချုပ်ဆိုကြတာဖြစ်ပါတယ်။ ဆိုလိုတာကတော့ သင့်ရဲ့ အင်တာနက်ဝန်ဆောင်မှု ထောက်ပံ့ပေးသူ(ISP) ဟာ ကောင်းမွန်ချောမွေ့တဲ့ ဝန်ဆောင်မှုပေးနိုင်ဖို့အတွက် အကောင်းဆုံးကြိုးစားမှာဖြစ်ပေမယ့် စွမ်းဆောင်ရည် သို့မဟုတ် လျှပ်စစ်ဓါတ်အားပြတ်တောက်တဲ့ အချိန်မျိုးမှာ တုံ့ပြန်ဆောင်ရွက်ဖို့အတွက် ကြာချိန်တွေနဲ့ ပတ်သက်ပြီး အာမခံပေးမှာမဟုတ်ပါဘူး။ သင့်ရဲ့ အဖွဲ့အစည်းအနေနဲ့ စီးပွါးရေးအရ အရေးပါတဲ့ လုပ်ဆောင်ချက်တွေ ဆောင်ရွက်ဖို့အတွက် မှန်ကန်တိကျပြီး စိတ်ချရတဲ့ Internet Connectionမျိုးကို အလိုရှိတယ်ဆိုရင်တော့ ယုံကြည်စိတ်ချရတဲ့ အကောင်းဆုံး အင်တာနက်သုံးစွဲမှု (Dedicated Internet Access) ကို ရွေးချယ်ခြင်းက ပိုကောင်းပါတယ်။

 

ဒီ Article လေးဟာ စာဖတ်သူပရိတ်သတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Sweety Home

Sweety Home

...Sweety Home Industry Co.Ltd established in Mandalay since 1995 is the professional manufacturing and distributing company of spring mattress, polyurethane foam, bedding accessories and modern pr...
Show the postings (31)
Myanmar Promotional Services ( Event Management )

Myanmar Promotional Services ( Event Management )

To Promote business and enhance trades in academic ways ( Exhibitions and Trade Show ) for the country to develop and grow rapidly in many respective fields We are promoting the business and enha...
Show the postings (4)
Asahi Loi Hein Co., Ltd.

Asahi Loi Hein Co., Ltd.

.Asahi Loi Hein Co., Ltd. is a Joint Venture company one of the leading soft drinks manufacturer which head office in Yangon and factories in Mandalay and Yangon. Asahi Loi Hein Company Ltd., is a gr...
Show the postings (1)

Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS