Jobs In Myanmar
Load...

အလုပ်လျှောက်ထားလာသူ (Candidate) များအနက်မှ Shortlisting ပြုလုပ်၍ ရွေးချယ်ခြင်း

by www.jobsinyangon.com


ချိတ်ဆွဲရန်စာတန်း: Knowledge-Recruitment-Shortlisting-Candidates-JobsInYangon



အလုပ်လျှောက်ထားလာသူ (Candidate) များအနက်မှ Shortlisting ပြုလုပ်၍ ရွေးချယ်ခြင်း 

 

ဘာကြောင့် ဒီအရာကို ပြုလုပ်ရတာလဲ? 

Shortlisting ဆိုသည်မှာ Recruitment လုပ်ငန်းစဉ်တစ်ရပ်အတွင်းတွင် လွန်စွာတန်ဖိုးရှိသော၊ အရေးကြီးသော အဆင့်တစ်ခုဖြစ်ပါတယ်။ ဒီ Process ကို internally လုပ်ဆောင်ခြင်း (သို့) externally အားဖြင့် 3rd party HR partner များကို အသုံးပြု၍ လုပ်ဆောင်ပေးခြင်းအားဖြင့် ပြီးပြည့်စုံတဲ့ candidate တစ်ဦးကို ပိုမို၍ ရယူခန့်အပ်နိုင်လာစေမှာဖြစ်ပါတယ်။ ဒါမှမဟုတ် သင့်လိုအပ်ချက်များနဲ့ ကိုက်ညီမှုမရှိတဲ့သူတစ်ဦးအပေါ် သင့်ရဲ့အချိန်တွေကုန်ဆုံးသွားရတာမျိုးကိုလည်း ဖြစ်ပေါ်လာခြင်း မရှိစေရန်အတွက် တားဆီးပေးနိုင်ပါတယ်။ 
3rd party HR partner တစ်ဦးကို အသုံးပြုဖို့အတွက် စဉ်းစားနေတယ်ဆိုရင်တော့ www.jobsinyangon.com ကဲ့သို့သော ဒီ Recruitment Process များနဲ့ ရင်းနှီးကျွမ်းဝင်မှုရှိထားသောကုမ္ပဏီများကို အသုံးပြုနိုင်ပါတယ်။ 

 

Shortlisting ပြုလုပ်ရမည့်အဆင့်များ 

Job Description နဲ့ ဝန်ထမ်းတစ်ဦးတွင် ရှိနေသင့်သော အရည်အချင်းများအကြောင်း ရှင်းလင်းဖော်ပြချက်ကို အသုံးပြု၍ Job တစ်ခုအတွက် လိုအပ်ချက်များအားလုံးကို shortlisting ဇယားပေါ်တွင် list ပြုလုပ်လိုက်ပါ။ စာလုံးကြီးများကို အသုံးပြုနိုင်ပါက ပိုမို၍အဆင်ပြေစေနိုင်ပါတယ်။ Section ၂ ခု ရှိနေဖို့ လိုအပ်ပါမယ် - တစ်ခုကတော့ “မရှိမဖြစ်လိုအပ်သော အချက်များ” ဖြစ်ပြီး နောက်တစ်ခုကတော့ “ရှိထားရင်ကောင်းမွန်မယ်ဟု ယူဆထားသော အချက်များ” ဖြစ်ပါတယ်။ 
 
 

ပြင်ဆင်ခြင်း 

Shortlisting တစ်ခုကို ဖန်တီးမှုမပြုလုပ်မှီတွင် အမှတ်ပေးစနစ်ကို ရှင်းလင်းစွာသတ်မှတ်ပေးဖို့နဲ့ short list ဇယားကွက်တစ်ခုကို ရှင်းလင်းစွာတည်ဆောက်ပေးထားဖို့ဟာ အရေးကြီးပါတယ်။ ဒါမှသာ Candidate များကို Job Description, လုပ်ငန်းအဖွဲ့အစည်းရဲ့ တည်ဆောက်ပုံ, ကျွမ်းကျင်မှုများနဲ့ ခေါ်ယူမှုပြုလုပ်လိုက်သည့် လုပ်ငန်းရာထူးကို ထိရောက်မှုရှိစွာ ဆောင်ရွက်နိုင်စေရန်အတွက် လိုအပ်သော ကိုယ်ကျင့်တရားများအပေါ် မူတည်၍ သင့်လျှော်သော အကဲဖြတ်စစ်ဆေးမှုကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ 

 

အမှတ်ပေးခြင်းအတွက် အကူကိရိယာ 

အမှတ်ပေးခြင်း (သို့) rating system တစ်ခုကို သတ်မှတ်ပြီး candidate များကို သတ်မှတ်ထားတဲ့ အချက်များနှင့် တိုက်ဆိုင်၍ အမှတ်ပေးပါ။ ဥပမာ - မဖြေကြားနိုင်ခြင်း/ ကောင်းမွန်သောအဖြေမဟုတ်ခြင်းတို့အတွက် = ၀၊ တစ်စိတ်တစ်ပိုင်းသာ မှန်ကန်သောအဖြေများအတွက် = ၁၊ မလုံလောက်သောအဖြေအတွက် = ၂၊ သင့်တော်မှုရှိသော အဖြေအတွက် = ၃၊ ကောင်းမွန်သောအဖြေများအတွက် = ၄၊ ပြီးပြည့်စုံသော အဖြေအတွက် = ၅ အစရှိသည်ဖြင့် သတ်မှတ်ထားနိုင်ပါတယ်။ အခြားသော rating များကိုလည်း စာဖတ်သူတို့အနေနဲ့ ထည့်သွင်းလိုပါက ထည့်သွင်းပေးနိုင်ပါတယ်။ 

 

လက်တွေ့ဆောင်ရွက်ခြင်း 

Grid တစ်ခုတည်းကို candidate များအားလုံးအတွက် အသုံးပြုနိုင်ပါတယ်။ Candidate တစ်ဦးစီတိုင်းကို ကြည့်ရှုပြီး Column တစ်ခုပေါ်တွင် တစ်ဦးချင်းစီကို မှတ်သားမှုများပြုလုပ်ထားလိုက်ပါ။ ဒါမှသာ သင့်အနေနဲ့ လွယ်ကူစွာ နှိုင်းယှဉ်မှုများပြုလုပ်၍ shortlisting လုပ်ငန်းစဉ်အပြီးတွင် အကဲဖြတ်မှုများကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ ဖြစ်နိုင်ပါက candidate များအားလုံးအတွက်တွင် position တစ်ခုစီအတွက် recruiter တစ်ဦးစီထားပေးဖို့ကို အမှန်တကယ်တိုက်တွန်းလိုပါတယ်။ ဒါမှသာ ပုဂ္ဂိုလ်ရေးအရ ခွဲခြားဆက်ဆံမှုများကို ရှောင်လွှဲနိုင်စေမှာဖြစ်ပါတယ်။ ပိုမို၍ သင့်လျှော်မှုရှိသော procedure တစ်ခုကတော့ Candidate တစ်ဦးစီကို တစ်ဦးထက်ပိုသော recruiter များဖြင့် အင်တာဗျူးခြင်းပဲဖြစ်ပါတယ်။ ဒါမှသာ Interviewer တစ်ဦးစီတိုင်းက Candidate တိုင်းအတွက် ဇယားကွက်ကို ဖြည့်သွင်းပေးသွားရမှာဖြစ်ပြီး ထို့နောက်တွင် အဖြေများအားလုံးကို ပေါင်းစည်းကာ အဆုံးသတ်အဆင့်တွင် ရလာဒ်များကို နှိုင်းယှဉ်နိုင်မှာဖြစ်ပါတယ်။ 

 

အကဲဖြတ်ခြင်း 

အနိမ့်ဆုံးရရှိသင့်သော စုစုပေါင်း ရမှတ် limit ကို ကြိုတင်၍သတ်မှတ်ထားနိုင်ပြီး ထိုရမှတ်အောက်ရောက်သော candidate များကို ချက်ခြင်းစာရင်းမှ ပယ်ထုတ်ပစ်နိုင်ပါတယ်။ လုပ်ငန်းကျွမ်းကျင်မှုရှိရာတွင်လိုအပ်သော၊ အလုပ်ပြီးမြောက်မှုရှိစေဖို့အတွက် အရေးပါသော competence sets များကိုလည်း အနိမ့်ဆုံးရရှိသင့်သော ရမှတ်တွင် ထည့်သွင်းထားရမှာဖြစ်ပါတယ်။ 
ပြီးနောက်တွင်တော့ ကျန်ရှိနေသေးသော candidate များကို ဦးစားပေးအနေအထားအရ အစဉ်အတိုင်း စီစဉ်၍  အမြင့်ဆုံးရမှတ်ရရှိခဲ့သူများကို ထိပ်ဆုံးတွင်ထားရှိလိုက်ပါ။ သင့်ထံတွင် candidate များ များစွာကျန်ရှိနေသေးပါက “ရှိထားရင်ကောင်းမွန်မယ်ဟု ယူဆထားသော အချက်များ” ကိုအသုံးပြု၍ စဉ်းစားဆုံးဖြတ်နိုင်ပါသေးတယ်။ 
 
အင်တာဗျူးတွင် ရွေးချယ်ခြင်း မခံရသော applicant များကို ကိုင်တွယ်ဖြေရှင်းခြင်း 

အင်တာဗျူးဖို့ ရွေးချယ်မခံရသော candidate များကို သူတို့ဟာ interview သို့ ပါဝင်တော့မှာမဟုတ်တဲ့အကြောင်းကို အကြောင်းကြားပေးသင့်ပါတယ်။ 

 

အင်တာဗျူးတွင် ရွေးချယ်ခြင်း ခံရသော applicant များကို ကိုင်တွယ်ခြင်း 

Final short list တစ်ခုကို ရရှိပြီဆိုတာနဲ့ Candidate များကို interview သို့ ခေါ်ဆိုပေးရတော့မှာဖြစ်ပါတယ်။ ဒီအတွက် သင့်အနေနဲ့ candidate များကို ဆက်သွယ်ပြီး ချိန်းဆိုရတော့မှာဖြစ်ပါတယ် - 
အင်တာဗျူးမည့် နေ့ရက်နှင့် အချိန်တို့ကို အတည်ပြုပေးထားသည့်စာတစ်စောင်နှင့်အတူ 
ယူဆောင်လာသင့်သော စာရွက်စာတမ်းများဖြစ်တဲ့ - ID ကဒ်၊ အောင်လက်မှတ် Certificate မူရင်းများ၊ အစရှိသည်တို့ကိုလည်း ဖော်ပြပေးလိုက်ပါ။ 

 

ညွှန်းစာ (reference) များကို တောင်းဆိုခြင်း 

Refrence များကို တောင်းဆိုရခြင်းရဲ့ အဓိကရည်ရွယ်ချက်ကတော့ Candidate အကြောင်း ယုတ္တိရှိသော အချက်အလက်များကို ရယူလိုတဲ့အတွက်ပဲဖြစ်ပါတယ်။ 
အကောင်းဆုံးကတော့ reference များကို အင်တာဗျူးမတိုင်မှီကတည်းက shortlisting ပြုလုပ်ရာတွင်ပါဝင်သော candidate များထံမှ တောင်းဆိုထားရမှာဖြစ်ပြီး ဒါမှ ပြဿနာရှိနေသောအရာများကို တွေ့ရှိရပါက candidate နဲ့ အင်တာဗျူးပြုလုပ်စဉ်တွင် မေးမြန်းနိုင်မှာဖြစ်ပါတယ်။ ညွှန်းစာများကို ညွှန်းဆိုပေးသူထံမှသာ တိုက်ရိုက်ရရှိလာသင့်ပါတယ်။ အနည်းဆုံး ညွှန်းစာ  ၂ ခုခန့်တောင်းဆိုသင့်ပြီး တစ်ခုကတော့ applicant နောက်ဆုံး အလုပ်လုပ်ခဲ့တဲ့ အလုပ်ရှင်ထံမှ ဖြစ်နေသင့်ပါတယ်။ 

စာဖတ်သူပရိသတ်တို့အနေနဲ့ ဒီ article လေးကို ဖတ်ရှုပြီးနောက် Candidate များကို shortlisting ပြုလုပ်ရာတွင် လုပ်ဆောင်သင့်သော အဆင့်များကို သိရှိနားလည်သွားလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒီ article လေးဟာ စာဖတ်သူတို့အတွက် အသုံးဝင်မှုရှိလာပါလိမ့်မယ်ဆိုတာကို ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။ 

 

ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။ 
ကျေးဇူးတင်လျှက်
www.jobsinyangon.com 


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Magnate Group Logistics Co., Ltd.

Magnate Group Logistics Co., Ltd.

Our youthful and vigorous staffs have the passion and team spirit which has driven us into being able to expand to now 16 cities and further expanding to more with many outlets station and service poi...
Show the postings (14)
Koe Koe Tech IT Social Enterprise

Koe Koe Tech IT Social Enterprise

Myanmar is exceptional among developing countries in that it appears poised to completely leapfrog feature phones and go straight to smartphones. Android smartphones in distribution in Myanmar already...
Show the postings (20)
ACECOOK MYANMAR CO.,LTD.

ACECOOK MYANMAR CO.,LTD.

HANA အသင့်စားရှမ်းခေါက်ဆွဲဟာ ဆီဖြင့်ကြော်ထားခြင်းမဟုတ်သော Non-Fried ဆန်ခေါက်ဆ...
Show the postings (13)
Shwe Set Kyar Ko Tint Wai Group Of Co.,Ltd

Shwe Set Kyar Ko Tint Wai Group Of Co.,Ltd

Digital Dots

Digital Dots

.DigitalDots specialises in building quality business websites that people are proud of by using our expertise in all areas of website design, development and Internet marketing. Our passion for se...
Show the postings (7)

Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS