ချိတ်ဆွဲရန်စာတန်း: News-Signal-Messaging-App-JobsInYangon
ချောင်းကြည့်မခံလိုသူများအတွက် Messaging app အသစ် - Signal
မကြာသေးမှီက Facebook က ပိုင်ဆိုင်ထားပြီး end-to-end encryption ကိုအသုံးပြုထားတဲ့ WhatsApp မှ သူတို့ဟာ User များရဲ့အချက်အလက်များကို Facebook ထံသို့မျှဝေပေးနေကြောင်းကြေငြာချက်တစ်ရပ်ကို ထုတ်ပြန်ပေးခဲ့ပါတယ်။ WhatsApp က ဒါကိုသူတို့ထွက်ရှိခဲ့တဲ့သက်တမ်းတစ်လျှောက်တွင် ပြုလုပ်နေခဲ့တာဖြစ်သော်လည်း ဒီလိုကြေငြာလိုက်တဲ့အတွက် လူအများဟာ ပိုမို၍လုံခြုံမှုရှိမယ့် communication app အသစ်တစ်ခုကို ရှာဖွေလာကြပါတော့တယ်။
မကြာသေးမှီက SpaceX ကုမ္ပဏီရဲ့ CEO ဖြစ်သူ Elon Musk မှ Tweet တစ်ခုတွင် Signal ကိုပြောင်းသုံးလိုက်ပါဟု ရေးသားထားခဲ့ပြီးနောက်တွင် Signal ကိုအသုံးပြုသူများ တဖြည်းဖြည်းများပြားလာခဲ့ပါတယ်။ အဆိုပါ app ဟာ non-profit organization တစ်ခုမှ ထုတ်လွှင့်ပေးထားတာဖြစ်ပြီး လက်ရှိနာမည်ရပြီးသား app များကဲ့သို့ပင် end-to-end encryption ကို အသုံးပြုထားပြီး အဆိုပါ app ရဲ့ပိုင်ဆိုင်သူအဖွဲ့အစည်းဟာ သီးခြားရပ်တည်နေတဲ့ အဖွဲ့အစည်းတစ်ခုလည်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ သင့်ရဲ့အချက်အလက်များကို အခြား third-party ကုမ္ပဏီများထံသို့ပေးပို့နေမှာကို ကြောက်နေစရာမလိုတော့ပါဘူး။
Signal ဟာ ယခင်ကတည်းက လူထုအခွင့်အရေးလှုပ်ရှားသူများ၊ Hacker အသိုင်းအဝိုင်းမှလူများနဲ့ သူတို့ရဲ့ ကိုယ်ရေးအချက်အလက်များ ပေါက်ကြားမှုမရှိလိုတဲ့ သူများမှ အသုံးပြုနေကြတဲ့ messaging app တစ်ခုဖြစ်ပါတယ်။ Signal တွင် wallpaper များကိုပြောင်းလဲနိုင်ခြင်းနှင့်အခြားသော customizable feature များ ပါဝင်ခြင်းမရှိသော်လည်း ကိုယ်ရေးအချက်အလက်လုံခြုံမှုအပိုင်းအရကြည့်မယ်ဆိုရင်တော့ အဆိုပါ app ဟာ အကောင်းဆုံးပဲဖြစ်ပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် ဗဟုသုတတိုးစေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။