Jobs In Myanmar
Load...

Facebook, Instagram နဲ့ Twitter တို့နှင့်ပက်သတ်သော အကြောင်းအရာအချို့

by www.jobsinyangon.com


ချိတ်ဆွဲရန်စာတန်း: Knowledge-IT-SocialMedia-General-JobsinYangon



Facebook, Instagram နဲ့ Twitter တို့နှင့်ပက်သတ်သော အကြောင်းအရာအချို့

Facebook Workplace ဟာ ယခုအခါတွင် ခေတ်စားနေသောအကြောင်းအရာများကို ပို့စ်ပေါ်တွင် ပါဝင်နေသောစာလုံးများအရ သင့်အနေနဲ့တွေ့မြင်မှုမရှိစေရန်လုပ်ဆောင်ပေးနိုင်တော့မှာဖြစ်ပါ တယ်။ ဒီအရာဟာကုမ္ပဏီများအတွက် အထူးသင့်လျှော်သောလုပ်ဆောင်ချက်တစ်ခုပဲဖြစ်ပါတယ်။ (ဥပမာအားဖြင့် - “union message“ များကိုတားဆီးလိုသည့်အခါများတွင်) ဒါမှမဟုတ် လုပ်ငန်း နယ်ပယ်ပတ်ဝန်းကျင်အတွင်းပြန့်ပွားမှုမရှိစေလိုတဲ့ဘယ်လိုအရာကိုမဆိုပဲဖြစ်ဖြစ်တားဆီးနိုင်တော့ မှာဖြစ်ပါတယ်။ ဒီလေ့လာတွေ့ရှိချက်ဟာ Facebook အတွင်းမှာတောင်မှ အံ့အားသင့်ဖွယ်အနေနဲ့ ဆန္ဒပြမှုအနည်းငယ်ဖြစ်ပွားခဲ့ပါတယ်။ များစွာသောသူများက Facebook ဟာ ဒီလိုမျိုးဆိုးရွားတဲ့ အရာကိုပြုလုပ်ပေးခဲ့တယ်ဆိုတာကိုမယုံနိုင်ခဲ့ကြပါဘူး။ လက်တွေ့တွင် Facebook ဟာ ထိုကဲ့သို့ အမှန်တကယ်ပဲပြုလုပ်ပေးခဲ့ပါတယ်။ ယခုအခါတွင်တော့ ဒီကိစ္စရပ်တစ်ခုလုံးကို PR ဌာနမှတဆင့် လျော့နည်းငြိမ်သက်သွားအောင်ပြုလုပ်လျှက်ရှိနေပါတယ်။ ဖတ်ရှုရန် - Facebook ဟာ လုပ်ငန်းရှင် များကို “Unionize“ ကဲ့သို့သော စာသားများကိုဖိနှိပ်နိုင်စေရန်အတွက် tool အသစ်တစ်ခုကို workplace chat တွင်ထုတ်လုပ်ပေးခဲ့ပါတယ်။

Instagram ရဲ့ algorithm များဟာ ခန္ဓာကိုယ်အလှတရားများပေါ်လွင်စေရန် ပါးလွှာစွာဖုံးအုပ်ထား တဲ့ဓါတ်ပုံများကိုသာ အသားပေးဖော်ပြလျှက်ရှိနေပါတယ်။ အစားအသောက် (သို့) တောတောင်ရေ မြေ သဘာဝအပေါ်ရိုက်ထားတဲ့ဓါတ်ပုံများကိုတော့ ဖိနှိပ်ထားကာ ပြသမှုပြုလုပ်ခြင်းနည်းပါးပါ တယ်။ လေ့လာသူများရဲ့အဆိုအရ ဒီအရာဟာ algorithm က Instagram ကို soft porn များကို အလကားရရှိနိုင်တဲ့နေရာတစ်ခုအနေနဲ့ အသုံးပြုနေတဲ့သူများအပေါ်မူတည်ပြီး ပြောင်းလဲလာခဲ့တာ ဖြစ်နိုင်ပြီး machine learning ဟာ ဒီလူတွေရှာဖွေတတ်တဲ့ဓါတ်ပုံများကို သူတို့ရဲ့နှစ်သက်မှု၊ ရွေး ချယ်မှုများအပေါ်မူတည်ပြီးပြသပေးနေတာဖြစ်နိုင်တယ်ဟုဆိုပါတယ်။ Facebook ကတော့ ဒီအရာ ဟာမှန်ကန်မှုမရှိကြောင်းပြောဆိုခဲ့ပြီး သူတို့ရဲ့ algorithm ဟာထိုသို့မပြုလုပ်တတ်ဘူးဟုဆိုပါ တယ်။ သို့သော်လည်း ဘာကြောင့် Facebook ဟာ ဒီဆုံးဖြတ်ချက်ကိုချမှတ်ခဲ့လဲဆိုတာနဲ့ပက်သက် ပြီးမေးခွန်းတွေတော့ရှိနေပါသေးတယ်။ အသေးစိတ်ကို - Undress or fail: Instagram’s algorithm strong-arms users into showing skin. တွင်ဖတ်ပါ။

Twitter ဟာ သင့်ကို အသံဖိုင်များကိုပါ tweet လုပ်ဖို့ခွင့်ပြုတော့မှာဖြစ်ပါတယ်။ ယခုအခါတွင် ဒီ အရာကို iOS တွင်သာရရှိနိုင်ဦးမှာဖြစ်ပြီး ကန့်သတ်ထားတဲ့ အသုံးပြုသူများနဲ့ စမ်းသပ်ဆဲကာလ တွင်သာရှိနေပါသေးတယ်။ Recording တိုင်းတွင် စက္ကန့် ၁၄၀ ရှိမှာဖြစ်ပြီး သင့်အနေနဲ့ ထို့ထက်ပို၍ ကြာကြာပြောဆိုလိုပါက Twitter က ထိုအသံဖိုင်များကို thread တစ်ခုအတွင်းတွင် link ပြုလုပ် ပေးထားသည့် tweet များအနေနဲ့ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ နောက်ထပ်ကန့်သတ်ချက်တစ်ခု ကတော့ သင့်အနေနဲ့ နောက်ထပ်တစ်ကြိမ်သာ ပြန်လည်ပြီး tweet ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ အသံဖိုင်များကို reply (သို့) quote များတွင်အသုံးပြု၍ရနိုင်မှာမဟုတ်ပါဘူး။ Upload ပြုလုပ်လိုက် တဲ့အခါမှာ audiotweet များဟာ သင့်ရဲ့ profile နဲ့ ချိတ်ဆက်သွားမှာဖြစ်ပါတယ်။ သို့သော်လည်း ယခုအချိန်အထိတော့ Twitter ပေါ်တွင် tweet လုပ်ထားတဲ့ စာသားများကို ပြင်ဆင်၍ရနိုင်မှာ မဟုတ်သေးပါဘူး။ ဖတ်ရှုရန် - Your Tweet, your voice.

 

ဒီ Article လေးဟာ စာဖတ်သူပရိတ်သတ်တို့အတွက် ဗဟုသုတတိုးစေလိမ့်မယ်လို့မျှော်လင့်ပါတယ်။ 
ကျေးဇူးတင်လျှက်
www.jobsinyangon.com

Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


EPCM Myanmar Co., Ltd.

EPCM Myanmar Co., Ltd.

.We seek to be the leading customer oriented Construction , Mechanical and Electrical Equipment & services for our Professionalism, Quality, Cost Efficiency and Timely Delivery. .To provide the highe...
Show the postings (11)
i engineering Myanmar Ltd

i engineering Myanmar Ltd

Become the leading provider of managed services to the telecom industry in Africa the Mideast and South East Asia, seamlessly integrating our core competencies with our customers’ businesses, and pr...
Show the postings (13)
Sumitomo Mitsui Construction Co,.Ltd.

Sumitomo Mitsui Construction Co,.Ltd.

..To respond to widespread expectations toward the collective abilities of its merging partners to enhance social and living infrastructures, Sumitomo Mitsui Construction Co.,Ltd. (SMC) was born on Ap...
Show the postings (6)

Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS