Jobs In Myanmar
Load...

PC ပေါ်သို့ ဂိမ်းများကို ပြောင်းရွှေ့ပေးခြင်းဖြင့် နာမည်ကျော်ကြားသော Studio တစ်ခုကို Sony မှ ဝယ်ယူခဲ့

by www.jobsinyangon.com


ချိတ်ဆွဲရန်စာတန်း: News-Sony-PlayStation-PC-JobsInYangon



PC ပေါ်သို့ ဂိမ်းများကို ပြောင်းရွှေ့ပေးခြင်းဖြင့် နာမည်ကျော်ကြားသော Studio တစ်ခုကို Sony မှ ဝယ်ယူခဲ့ 

 

Sony မှ နောက်ထပ် game studio တစ်ခုကို ထပ်မံ၍ဝယ်ယူလိုက်ပြီပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ကြာသပတေးနေ့က Sony မှ Nixxes Software ကိုဝယ်ယူခဲ့ကြောင်း ကြေငြာချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့ပါတယ်။ ၎င်းဟာ Dutch အခြေစိုက် developer ကုမ္ပဏီတစ်ခုဖြစ်ပြီး Crystal Dynamics, IO Interactive နှင့် Eidos Montreal တို့ရဲ့ ဂိမ်းအချို့အား PC ပေါ်သို့ ပြောင်းရွှေ့ပေးခဲ့ခြင်းကြောင့် နာမည်ကျော်ကြားသော ကုမ္ပဏီတစ်ခုလည်းဖြစ်ပါတယ်။ 

“ဒီဂျစ်တယ်မီဒီယာကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ PlayStation Studios နဲ့အတူ လက်တွဲလုပ်ကိုင်၍ ကျွန်ုပ်တို့ရဲ့ နည်းပညာနဲ့ development ပိုင်းဆိုင်ရာကျွမ်းကျင်မှုများကို ဝန်ဆောင်မှုပေးရတော့မယ့်အတွက် အလွန်ပဲ ပျော်ရွှင်စိတ်လှုပ်ရှားမိပါတယ်” ဟူ၍ Nixxes ရဲ့ တည်ထောင်သူနဲ့ development အတွက် အကြီးတန်းဒါရိုက်တာတစ်ဦးဖြစ်သူ Jurjen Katsman မှ ပြောကြားခဲ့ပါတယ်။ 

အဆိုပါဝယ်ယူမှုကြောင့် Sony ဟာ သူတို့ရဲ့ မူပိုင်ဂိမ်းများကို Windows ပေါ်သို့ ဆောင်ကြဉ်းနိုင်ရန်အတွက် အားထုတ်လျှက်ရှိနေတာကို တွေ့မြင်နိုင်ပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်းကလည်း Sony ဟာ Horizon Zero Dawn နဲ့ Days Gone တို့ကို Steam နဲ့ Epic Game Store တို့တွင် ရောင်းချခဲ့ပါသေးတယ်။ Sony ရဲ့ President နဲ့ CEO ဖြစ်သူ Jim Ryan ကလည်း ကုမ္ပဏီအနေနဲ့ သူတို့ရဲ့ မူပိုင်ဂိမ်းများကို အနာဂါတ်တွင် PC ပေါ်၌ ဆော့ကစားနိုင်ရန်အတွက် ပြုလုပ်သွားဖို့ရှိနေကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။ 

 

ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။ 
ကျေးဇူးတင်လျှက် 
www.jobsinyangon.com 


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Fair Deal Co., Ltd

Fair Deal Co., Ltd

..Fair Deal Co., Ltd ....
Show the postings (1)
DHL Global Forwarding Myanmar

DHL Global Forwarding Myanmar

Vision: Our Purpose Our Guiding Principle Our Customer PromiseDHL Global Forwarding Myanmar was opened in August 2013 and is providing freight forwarding services, international supply chain servic...
Show the postings (2)
Smilax Global Company

Smilax Global Company

The goal on Information Technology and Services of Smilax Global is to deliver the best in IT service managementto ensure that our customers and, ultimately, the citizens of Myanmar realise the most f...
Show the postings (1)
Anawmar Art Group Co., Ltd.

Anawmar Art Group Co., Ltd.


Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS